Missing Omega Part 3

124 22 0
                                    

Vee POV

ကျွန်တော် Markကိုအရမ်းသတိရတာကြောင့် အအိပ်အစားမမှန်တာတော်တော်လေးကြာသွားခဲ့ပါတယ် အဲ့ဒါကြောင့်ပဲအခုလိုနေမကောင်းဖြစ်နေရတာ သူ့ကိုအရမ်းသတိရပြီးတွေ့ချင်ပေမယ့် သူကသူ့အဖေတွေနဲ့အတူရှိနေတာမို့တမျိုးစိတ်အေးရပါသေးတယ် အနည်းဆုံးတော့သူစိတ်ချမ်းသာရမယ်လေ အဲ့လိုအတွေးနဲ့ပဲဖြေသိမ့်ရင်း ကျွန်တော်အိမ်ကိုတောင်မပြန်ပဲအလုပ်မှာပဲနေဖြစ်ခဲ့တာများပါတယ် အိမ်ပြန်ရင် Ploy နဲ့မျက်နှာချင်းဆိုင်ရမှာစိုးလို့ပါ Mark နဲ့ကျွန်တော်ပြသနာဖြစ်ပြီးကတည်းကPloyရဲ့အပြုအမူတွေကပိုပိုပြီးတော့ရဲတင်းလာပါတယ် ဥပမာပြောရရင် အရင်ကဆိုကျွန်တော်တို့ရဲ့အိမ်လေးကိုကျွန်တော်ရှိတဲ့အချိန်မှလာတက်ပေမယ့် အခုဆိုသူ့အိမ်အတိုင်းကိုအဝင်အထွက်လုပ်နေတာတာမို့အိမ်မပြန်ချင်တော့တာ ကျွန်တော့်ရဲ့ကလေးမရှိတဲ့အိမ်ကိုပြန်နေလို့လည်းမထူးတာမို့လို့ company မှာပဲနေဖြစ်တာများတယ် Paကတော့ ကျွန်တော်လဲဝတ်ဖို့အဝတ်ဘာညာလာပို့ပေးလေ့ရှိပေမယ့် အမြဲတမ်းတော့မလုပ်ဖြစ်ဘူးပေါ့ ဘာလို့ဆိုသူ့မှာလည်းသူ့အလုပ်နဲ့သူရှိနေတာဆိုတော့လေ နေ့တိုင်းတော့ထမင်းကိုအချိန်မှန်စားဖို့လှမ်းပြီးသတိပေးလေ့ရှိပေမယ့်ကိုယ်တိုင်ကကိုစားချင်စိတ်မရှိတော့သိပ်မစားဖြစ်ဘူးပေါ့ အဲ့ဒါကြောင့်ပဲ မနေ့ကရုံးခန်းထဲမှာ လူကမူးနောက်နောက်ဖြစ်လာပြီးလဲသွားခဲ့တာဖြစ်နိုင်ပါတယ်
ကျွန်တော်ပြန်သတိရလာတဲ့အခါလူကဆေးရုံပေါ်ရောက်နေပြီး Paကဘေးမှာစာအုပ်တအုပ်ထိုင်ဖတ်နေလေရဲ့ ကျွန်တော်အားယူပြီးထထိုင်ဖို့ကြိုးစားလိုက်တော့

"သားသတိရလာပြီလား"

"သား ဘာဖြစ်သွားတာလဲ Pa"

"မနေ့ကညနေလောက်က သားရဲ့အတွင်းရေးမှူးကဖုန်းလှမ်းဆက်ပြီးပြောတယ်လေ သားမူးလဲသွားလို့တဲ့ Paဖြင့်စိတ်ပူလိုက်ရတာသားရယ် နောက်မှNong Benရှင်းပြလို့သိရတာ အာဟာရပြတ်သွားတာတဲ့ အဲ့ဒါကြောင့် သားကိုအစားကိုအချိန်မှန်မှန်စားဖို့ပြောနေတာကို သားကနားကိုမထောင်ဘူး"

"သား စားချင်စိတ်မရှိလို့ပါ"

"စားချင်စိတ်မရှိလည်းစားရမှာပဲ သားဒီလိုလုပ်နေရင် Nong Markကိုဘယ်လိုစောင့်ရှောက်မှာလဲ သူပြန်လာအောင်သားသူ့ကိုဘယ်လိုစည်းရုံးမှာလဲ"

Stay with meWhere stories live. Discover now