Vee POV
House Warming Partyလုပ်ချင်တဲ့ ကလေးကတော့အခုကျွန်တော့်ကြောင့် ဖျားနေတာမို့ ဘာpartyမှမလုပ်နိုင်ဖြစ်နေတော့တယ်။ မနေ့ညက ကျွန်တော့်စိတ်ကိုလွှတ်ပေးလိုက်ခြင်းရဲ့ရလဒ်ကတော့ ဒီမနက်မှာ Markဖျားခြင်းနဲ့အဆုံးသတ်သွားတယ်။ ညကအပြတ်အသတ်သောင်းကျန်းပြီးနောက် မိုးလင်းလို့အိပ်ရာကနိုးလာတဲ့အချိန်မှာ ကျွန်တော့်ရဲ့ဘေးမှာအိပ်နေတဲ့ကလေးဆီက အသက်ရူသံခပ်ပြင်းပြင်းကို သတိထားမိခြင်းနဲ့စတင်ခဲ့တယ်။ ညကရင်ခွင်ထဲထည့်ပြီးအိပ်ခဲ့ပေမယ့် အိပ်ရာနိုးလာတဲ့အချိန်မှာသူက ကျွန်တော့်ရင်ခွင်ထဲမှာမဟုတ်တော့ဘဲ ဘေးကိုရောက်နေတဲ့ကလေးကိုလိုက်စမ်းရင်း သူ့ကိုယ်ကိုစမ်းမိတဲ့အခါတအားပူနေတာမို့ အလန့်တကြားထကြည့်လိုက်တဲ့အခါ သူကစောင်ခြုံထဲရောက်နေလေရဲ့။ အဲ့ဒါကြောင့် စောင်လွတ်နေတဲ့နဖူးလေးကိုစမ်းကြည့်တဲ့အခါ တအားပူနေတာမို့ သူ့ကိုနှိုးရတော့တယ်
"Mark ထပါအုံး"
"Hmm 5မိနစ်လောက်ပဲ "
"Mark ကလေးလေးထပါဆိုကွာ"
"P Vee အိပ်ချင်သေးတယ်လို့"
အိပ်ချင်မူးတူးနဲ့Markကဘယ်လိုပဲနှိုးပါစေထမလာတာမို့ ဆရာဝန်ကိုဖုန်းဆက်ပြီးလှမ်းခေါ်ရတယ် ဆရာဝန်မရောက်ခင်ကြားထဲမှာ airconေလကိုေလျှာ့ပြီးေနာက်အိပ်ချင်နေတယ်ပြောတဲ့ကလေးရဲ့ကိုယ်ပေါ်ကစောင်ကိုအတင်းဆွဲခွာလို့ သူ့ကိုရေပတ်တိုက်ပေးဖို့လုပ်ရတယ်။ အပြင်လူကိုခိုင်းလည်းရပေမယ့် ကျွန်တော့်ကလေးကို ကိုယ်တိုင်ပဲအကုန်လုပ်ပေးချင်လို့ကိုလုပ်ပေးတာ။ Markရဲ့ဖြူဝင်းတဲ့အသားအရေကိုလူတကာလိုက်ပြနေရအောင် ကျွန်တော်ကအရူးမှမဟုတ်တာ ။ သူ့ကိုရေပတ်တိုက်ပေးတော့မှ ညက သူ့ကိုယ်ပေါ်မှာ ကျွန်တော်ချန်ထားခဲ့တဲ့အမှတ်တွေက ခရမ်းရောင်တွေတောင်ပြောင်းကုန်တာကိုသတိထားမိတယ် သူကအသားအရည်တအားလှတဲ့သူဆိုတော့ ခြင်ကိုက်ရင်တောင်အရာကထင်းပြီးကျန်နေခဲ့တာ အခုလိုမျိုး ကျွန်တော်ကိုက်ထားတဲ့ဒဏ်ရာတွေနဲ့ဆိုရင်တော့ပြောမနေနဲ့တော့ပဲ။ သူ့ကိုမြန်မြန်ဆန်ဆန်ရေပတ်တိုက်ပေးပြီးချိန်လောက်မှာဆရာဝန်ရောက်လာသလို Paတို့ကပါအိမ်ကိုရောက်လာတယ်။ ဘယ်သူကများသတင်းပို့လိုက်လဲမသိ မြန်ချက်။ Markကိုဆရာဝန်ကစမ်းသပ်ပြီးတဲ့နောက်တော့ ခရီးပန်းတဲ့ဒဏ်ကြောင့်ပင်ပန်းပြီးဖျားသွားတယ်ပြောတာပါပဲ ဟုတ်မှာပါ သူကဟိုကပြန်လာကတည်းကထမင်းတောင်မစားသလောက်ဖြစ်နေတာဆိုတော့လည်းဖျားပြီပေါ့။ အရေးထဲ ကျွန်တော့်ကလေးနေမကောင်းလို့စိတ်ပူနေပါတယ်ဆိုနေ Phorကလာကလိနေသေးတယ်
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...