Shocked

149 23 2
                                    

Mark POV

ထိုင်းကိုပြန်ရောက်ရောက်ချင်းပဲ ကျွန်တော်ပထမဆုံးလုပ်ရတဲ့အလုပ်ကတော့ဆေးထပ်စစ်ရတာပဲ။ Paတို့၂ယောက်လုံးကိုကျွန်တော်က ဘယ်လိုမေးမေးကျွန်တော့်ရဲ့ကျန်းမာရေးကိုစစ်ဖို့လိုတယ်ပဲပြောကြတာမို့ ကျွန်တော်လည်းထပ်မမေးတော့ပဲ လိမ်လိမ်မာမာနဲ့ပဲဆေးစစ်ခံလိုက်တယ်။ အဲ့နောက်ပိုင်းတော့ ဘာကမှသိပ်ပြီးထူးထူးခြားခြားမရှိပေမယ့် တပတ်လောက်ကြာပြီးနောက်တော့Paက ကျွန်တော့်ကိုအဖိုးအိမ်ကိုသွားဖို့ပြောလာတာမို့ Paနဲ့အတူအဖိုးအိမ်ကိုပိတ်ရက်မှာသွားဖြစ်ကြတယ်။အရင်ကဆိုရင် Paရဲ့အဖေဖြစ်တဲ့အဖိုးရဲ့အိမ်ကို ကျွန်တော်တို့ပိတ်ရက်တွေဆိုရင်တော့ Paကလိုက်ပို့ပေးလေ့ရှိပေမယ့် ကျွန်တော်ကျောင်းသွားတက်ဖို့ပြင်ဆင်ရတဲ့အချိန်ကစလို့ အဖိုးအိမ်ကိုမရောက်ဖြစ်တာတော်တော်လေးကြာပြီမို့ အဖိုးကိုလည်းလွမ်းနေတာနဲ့ ဘာမှထပ်မမေးပဲ Paနောက်ကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့လိုက်သွားလိုက်ပါတယ်။

အဖိုးအိမ်ကိုရောက်တော့ အဖွားကကျွန်တော်ကြိုက်တဲ့မုန့်တွေနဲ့အတူကြိုဆိုနေတာမို့ လာရင်းကိစ္စကိုတောင်မေ့သွားပေမယ့် Paရဲ့ မျက်နှာကိုကြည့်ရုံနဲ့တင် အရေးကြီးတာမှန်းသိနိုင်ပါတယ်။ Paက ကျွန်တော့်ကို ဒီမှာပဲညအိပ်ဖို့ပြောတာမို့ ညနေအထိတော့အရာအားလုံးကပုံမှန်ဖြစ်နေပေမယ့် ညစာစားပြီးနောက်တော့ အဖိုးကပြောစရာရှိတယ်လို့ပြောတာမို့ ကျွန်တော်လည်းအဖိုးရဲ့စာဖတ်ခန်းထဲကိုသွားပြီးစောင့်နေမိတယ်။
ဒီတအိမ်လုံးမှာ ကျွန်တော်အကြိုက်ဆုံးနေရာက အဖိုးရဲ့စာဖတ်ခန်းပဲ အဲ့နေရာမှာ စိတ်ဝင်စားစရာအရမ်းကောင်းတဲ့စာအုပ်တွေအများကြီးပဲ။ အထူးသဖြင့်werewolf တွေရဲ့အကြောင်း၊ သူတို့ရဲ့သဘောသဘာဝတွေအကြောင်း က အရမ်းစိတ်ဝင်စားဖို့ ေကာင်းတယ်။ အဲ့အရာတွေက ငယ်ငယ်တုန်းကကျွန်တော်အကြိုက်ဆုံးအိပ်ရာဝင်ပုံပြင်တွေပဲ။ အဲ့စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်နေတုန်း Paနဲ့အတူအဖိုးကပါဝင်လာမို့ လက်ထဲကစာအုပ်ကိုသူ့နေရာသူပြန်ထားလိုက်ပြီး Paတို့ပြောမဲ့စကားကိုနားထောင်လိုက်တယ်။
"သားကိုPaတို့ပြောစရာရှိလို့"

Stay with meWhere stories live. Discover now