The unwanted child!!!

133 14 0
                                    

Vee POV

နှစ်တွေအရမ်းကြာမှ ကိုယ်နဲ့တချိန်ကတရင်းတနှီးပတ်သက်ဖူးတဲ့ ကိုယ့်ရဲ့exကိုပြန်တွေ့ရတဲ့ခံစားချက်ဟာဘယ်လိုဖြစ်မယ်လို့ထင်ပါသလဲ အမှန်တော့ Pisanulokမှာရှိတဲ့ resortကပြသနာကိုဖြေရှင်းဖို့သွားရင်း Ployကိုထပ်တွေ့ဖြစ်ခဲ့တယ် ဘဝမှာတခါမှPloyကိုဒီလိုပုံစံနဲ့ပြန်တွေ့ရလိမ့်မယ်လို့တခါမှမတွေးမိဖူးဘူး သူ့ရဲ့အခုလက်ရှိပုံစံကအရင်တုန်းကနဲ့တခြားစီပဲ သူကကျွန်တော်တို့တက္ကသိုလ်မှာတုန်းကဆို တကျောင်းလုံးကအမျိုးသားထုကြီးရဲ့ရင်ထဲကအလှနတ်သမီးလေ သူနဲ့dateလုပ်ချင်တဲ့လူတွေမှတန်းကိုစီနေရောပဲ အဲ့လိုလူတွေထဲကမှ ကျွန်တော်ကသူနဲ့တွဲဖြစ်ခဲ့တာ အမှန်အတိုင်းပြောရရင် အဲ့အချိန်တုန်းကတော့လူငယ်စိတ်နဲ့ဆိုတော့ပျော်ခဲ့တာပေါ့ သူကသာမန်လူသားမိန်းကလေးတယောက်ဖြစ်ပေမယ့်လို့ အရမ်းလှတာဆိုတော့ ကျွန်တော်တို့စုံတွဲဟာကျောင်းမှာအလိုက်ဖက်ဆုံးစုံတွဲ လူပြောအများဆုံးစုံတွဲအဖြစ်တအားနာမည်ကြီးခဲ့ကြတာပေါ့ ဒါပေမယ့်လို့သူက နောက်တယောက်နဲ့ကျွန်တော့်နောက်ကွယ်မှာတွဲသွားတွဲလာလုပ်နေတဲ့အချိန်ကစလို့ ကျွန်တော်တို့ကြားကဆက်ဆံရေးကပြောင်းလဲသွားခဲ့တယ်။ အဲ့အချိန်တုန်းက ကျွန်တော့်ရဲ့အချစ်ကလေး CanadaမှာVacationထွက်ရင်းပျောက်သွားတာကြောင့် Markကိုစိတ်ပူပြီး Ployနဲ့အတူပိတ်ရက်အ‌ေပျာ်ခရီးကိုမလိုက်နိုင်ခဲ့ရာက သူကအဲ့ခရီးကနေတဆင့်တွေ့လာတဲ့တခြားတက္ကသိုလ်ကတယောက်နဲ့ကျွန်တော့်နောက်ကွယ်မှာ‌ဇာတ်လမ်း‌ေတွဖြစ်တော့တာပဲ အဲ့အချိန်တုန်းက သူပြောင်းလဲနေတာကိုသိပေမယ့်လည်း ကျွန်တော်ဘာမှမပြောပဲနေခဲ့တယ်ဆိုတာက သူ့ကိုချစ်လို့ဆိုတာထက် သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးဒီလိုပြောင်းလဲသွားရတာက ကိုယ့်အပြစ်လည်းမကင်းဘူးလို့ခံစားရလို့ပါ အဲ့အချိန်တုန်းကတော့ ဘယ်သူ့ကို‌ေတာ့တကယ်ချစ်တာဆိုပြီးကိုယ့်စိတ်ကိုယ်လည်းသေချာမသိသေးတဲ့အချိန်ဆိုတော့ ဒီလိုပဲနေသွားမယ်ဆိုရင်သူနဲ့ကျွန်တော်အရင်လိုပြန်ဖြစ်မယ်ထင်ခဲ့ပေမယ့် သူကပိုဆိုးလာခဲ့သလိုကျွန်တော်ကလည်း သူ့ကိုတကယ်မချစ်ခဲ့တာမို့ ကျွန်တော်တို့ရဲ့ဇာတ်လမ်းကအဆုံးသတ်သွားခဲ့တယ် ဒါပေမယ့်သူနဲ့တွဲနေတဲ့ကာလအတွင်းမှာသဝန်တိုတယ်ဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုနားမလည်ခဲ့တဲ့ကျွန်တော်ဟာ ကျွန်တော့်မိန်းမလေးကိုတော့အခုလိုပိုင်ဖို့မဆိုထားနဲ့ ဆိုင်တောင်မဆိုင်‌ေသးခင်ကတည်းကအသေအကြေသဝန်တိုခဲ့ရတာမို့ တကယ်ချစ်ရင်သဝန်တိုတယ်ဆိုတဲ့စကားကအမှန်ပဲထင်ပါရဲ့ အမှန်တော့လက်ရှိဒီကဖြေရှင်းရမဲ့ပြသနာအားလုံးနီးပါးပြီးသွားပေမယ့် Ploy‌ေကြာင့် ကျွန်တော့်မှာအခုထိBangkokကိုမပြန်နိုင်‌ေသးဘူး သူ့ကိုပြန်တွေ့ခဲ့တာက လက်ရှိကျွန်တော်တို့နဲ့အကျိုးတူပူးပေါင်းထားတဲ့လုပ်ငန်းပါတနာကနေမကောင်းလို့ အဲ့ဒီကိုသတင်းမေးသွားရင်းအပြန်မှာအဲ့ဆေးရုံမှာဆေးရုံတက်နေရတဲ့သူ့ကိုတွေ့ခဲ့တာ တွေ့တွေ့ချင်း‌ေတာ့ နှစိယောက်သားအံ့ဩတကြီးနဲ့ဖြစ်နေကြပေမယ့် ကျွန်တော်ကပဲစပြီးနှုတ်ဆက်ဖြစ်ခဲ့ပါတယ်
Flashback Start

Stay with meWhere stories live. Discover now