The Lost Nickname

143 16 2
                                    

Kongpob POV

သားနဲ့ပတ်သက်လို့ P Arthitကိုဖြောင်းဖြဖို့အတွက် အချိန်ကောင်းရွေးနေခဲ့တာ မနေ့ညကတည်းကပဲ။ ဒီနေ့ပြောမှ မနက်ဖြန်P Kornတို့လာရင် အဖြေပြောစရာရှိမှာမို့ ဒီနေ့တော့ကျိန်းသေပြောမှဖြစ်မယ်။ နေ့လည်စာစားပြီးတော့ သားကသူ့သူငယ်ချင်းလာခါ်လို့အပြင်သွားတာမို့ အိမ်မှာP Arthit နဲ့ ကိုယ်ပဲကျန်ခဲ့တာမို့ ဒီအချိန်ကသားကိစ္စတိုင်ပင်လို့အကောင်းဆုံးအချိန်ပဲမို့ အိမ်ထဲမှာပျောက်သွားတဲ့ P Arthitကိုလိုက်ရှာရတယ်။ ပုံမှန်ဆိုP Arthitကနေ့လည်နေ့ခင်း စာဖတ်လေ့ရှိတာမို့စာဖတ်ခန်းထဲဝင်ရှာပေမယ့် သူကအဲ့မှာရှိမနေဘူးလေ။ အဲ့ဒါကြောင့် ခြံထဲကိုလိုက်ကြည့်တော့လည်း ခြံထဲမှာရှိမနေ‌ေတာ့ ကျွန်တော့်မှာစိတ်တောင်ပူသွားတယ်။ အဲ့လိုမျိုးPကိုလိုက်ရှာရင်းနဲ့မှ နောက်ဆုံးအိပ်ခန်းထဲဝင်ကြည့်တော့မှ သူကပုံးတပုံးကိုဖွင့်လို့ ခုတင်ပေါ်ထိုင်ရင်းphoto albumတွေလှန်နေတာမြင်မှပဲရင်အေးရတော့တယ်။ P Arthitကဒီရက်ပိုင်းညဘက်‌ေတွလည်း‌ေကာင်း‌ေကာင်းမအိပ်တာမို့ သူ့ရဲ့ကျန်းမာရေးကိုကျွန်တော့်မှာစိုးရိမ်နေရတာ သားကိစ္စကတော့ပြောမှကိုဖြစ်မှာမို့ပြောရမှာ ကျွန်တော်ဝင်လာတဲ့ခြေသံကိုတောင်သတိမမူမိတဲ့အထိကို P Arthitက photo albumထဲမှာစိတ်ဝင်စားနေတာမို့ဘာများလဲလို့ကြည့်မိတော့ ကျွန်တော်တို့နဲ့သားရဲ့အမှတ်တရတွေအပြည့်ပါတဲ့ photo diaryကိုကြည့်နေတာမို့ ကျွန်တော်လည်းစိတ်လိုလက်ရပြုံးရင်းပြောလိုက်မိတယ်

"သားကပိစိလေးကတည်းကPနဲ့အရမ်းတူလို့ချစ်ဖို့တအားကောင်းတာနော် P"

"အင်းလေ သားကငယ်ငယ်ကတည်းကတအားချစ်ဖို့ကောင်းခဲ့တာ အခုထိပဲ ကြည့်ပါအုံးသူတနှစ်ပြည့်တုန်းက ပုံလေးကိုအခုနဲ့မတူပဲဝတုတ်လုံးလေးမို့ Phorကအရမ်းအသဲယားတာမို့လား"

"အင်းလေ P Paက သူအရမ်းအသက်ကြီးမှရလာတဲ့မြေးယောကျာ်းလေးမို့ ဘယ်လောက်တောင်ချစ်လိုက်သလဲဆိုတာ အိမ်ကိုလာလည်ရင်သူ့လက်ထဲကကိုမချပဲချီထားပြီး သူတလှည့်ခေါ်ထားအုံးမယ်ဆိုပြီး ခေါ်ခေါ်သွားလို့ ကျွန်တော်တို့ပြန်လိုက်ခေါ်ရတာလေ"

Stay with meWhere stories live. Discover now