Make You MINE Part V

185 21 5
                                    


Vee POV
        Markရဲ့ကိုယ်သင်းနံ့‌ေလးကျန်နေသေးတဲ့ခေါင်းအုံးလေးကိုရင်ခွင်ထဲပိုက်ထားရင်းနဲ့တောင် ကျွန်တော်သူ့ကိုအရမ်းလွမ်းနေတယ်ဆိုတာကိုပြောရင် သူများတွေကပိုကိုပိုတယ်လို့ပြောကြမှာပဲ မနက်ကမှသူကသူ့အိမ်သူပြန်သွားတာဆိုပေမယ့် ကျွန်တော်ကတော့ သူ့အငွေ့အသက်လေး၊သူ့အရိပ်လေးမရှိတဲ့နေရာမှာနေနေရတာ အထီးကျန်တာအရမ်းပဲ။ အိမ်ကPaနဲ့Phorကတော့ မီးဖိုချောင်ထဲမှာနှစ်ယောက်သား ကျီစယ်နေလိုက်ကြတာဆိုတာ မျက်စိတောင်နောက်တယ်။ Deeကလည်း သူ့သူငယ်ချင်းအိမ်အလည်သွားတာမို့ ကလိရမယ့်လူကမရှိဘူး။ ဒီလိုမျိုးပျင်းစရာကောင်းတဲ့ပိတ်ရက်ကြီးမှာ ယောက္ခမလောင်းကြီးသာရောက်မလာရင် တနေကုန်ကျွန်တော့်ရဲ့အသဲလေးနားကပ်နေနိုင်မယ့် အခွင့်အရေးကောင်းကိုလက်လွှတ်ရတာက တကယ်ဆိုးတာပဲ။ သန်ဘက်ခါ သူ့အိမ်လာဖို့uncle Arthitကခေါ်ထားတာဆိုတော့ အဲ့နေ့ကျရင်ဘာပဲလုပ်ရလုပ်ရMarkကိုရအောင်တောင်းဖို့စဉ်းစားထားတယ်။

Markရေ မင်းကတော့မသိလောက်ဘူး မင်းကိုတနေ့ခင်းလေးမတွေ့ရတာ Pအရမ်းလွမ်းနေတယ်ဆိုတာကို။ ညဘက်ရောက်တော့ ကျွန်တော်မနေနိုင်တော့တာမို့ကားသော့ဆွဲပြီး ကျွန်တော့ကလေးရှိတဲ့ဆီကိုထွက်လာမိတယ်။ ကျွန်တော်ကအဲ့အိမ်မှာတံခါးမရှိဓါးမရှိဝင်ထွက်လို့ရပေမယ့် အခုလိုညဘက်ကြီးသူ့အိမ်လာတာuncle Arthitသိရင် ကျွန်တော့်ကိုတစစီဆွဲဖြဲလိမ့်မယ်။ အဲဒါကြောင့် သူတို့အိပ်လောက်တဲ့အချိန်ရောက်မှ Markတို့ခြံအနောက်က ပန်းခြုံတံခါးပေါက်လေးကနေလူလစ်တုန်းခိုးဝင်ဖို့စဉ်းစားမိတယ်။ အဲ့နေရာက ကျွန်တော်တို့ခပ်ငယ်ငယ်တည်းကအတူဆော့နေကြနေရာမို့ ဘယ်နေရာမှာဘာရှိလဲ ကျွန်တော်ကအကုန်သိတယ်လေ။ Markတို့ခြံကအကျယ်ကြီးဖြစ်တဲ့အပြင် အိမ်ကြီးအနောက်မှာ ပန်းခြံတည်ထားတာဆိုတော့ ငယ်ငယ်ကဆော့ရင်ဒီဘက်ပဲလာဆော့ဖြစ်တာများတယ်။ ပြီးတော့ပန်းခြုံတံခါးပေါက်လေးက ငယ်ငယ်ကMarkနဲ့ကျွန်တော်တို့ခြံအပြင်ပြန်ထွက်ချင်တဲ့အခါ အိမ်မကြီးရှေ့ကပတ်ထွက်ရရင်ကြာလို့ uncle Kongpobကိုယ်တိုင်လူခေါ်ပြီးလုပ်ပေးခဲ့တဲ့တံခါးလေး။ အခုလိုနှစ်တွေကြာသွားတော့ ဒီတံခါးလေးကနေအဝင်အထွက်လည်းမရှိတော့သလို အသုံးလည်းနည်းသွားတာမို့ဒါလေးရှိမှန်းသိတဲ့သူကလည်းတအားနည်းသွားတယ်။ အခုလည်းအဲ့တံခါးလေးကိုသော့ခတ်မထားဖို့တော့မျှော်လင့်တာပါပဲ။ ပြီးခဲ့တဲ့တခေါက်လာတုန်းကတော့ အဲ့တံခါးလေးရှိနေသေးသလို သော့လည်းခတ်မထားတာမို့အခုလိုအကြံကိုစဉ်းစားမိတာ။

Stay with meWhere stories live. Discover now