Way Back Home Part 3

160 23 2
                                    

Mark POV
          
           ဒီနေ့ကကျွန်တော့်ရဲ့senior high ကျောင်းသားဘဝရဲ့နောက်ဆုံးနေ့ပဲ။ နောက်အပတ်ဆိုရင်ကျွန်တော်တို့တွေအားလုံးစုပြီးခရီးတခုသွားဖို့တောင်စီစဉ်ထားပြီးပြီ။ P NueaကCanadaကိုပြန်မှာဖြစ်ပြီးPAတို့အတွဲရယ် P Jayရယ်ကအဲ့ကနေပြန်လာတာနဲ့Austurillaမှာကျောင်းဆက်တက်ကြမှာမို့ဒီခရီးကအားလုံးရဲ့နှုတ်ဆက်ပွဲလို့လည်းပြောလို့ရတယ်။ ကျွန်တော်ကတော့အဲ့ခရီးကနေပြန်ရင် Paကပြန်လာခဲ့ဖို့မှာထားတာမို့ ထိုင်းကိုပြန်ရမယ်။ Windကလည်းမနှစ်ကအိမ်မပြန်ဖြစ်တာကြောင့်ကျွန်တော်နဲ့အတူလိုက်ပြီးပြန်မှာမို့ အားလုံးကိုနောက်တခေါက်တွေ့ရဖို့ဆိုတာသိပ်မသေချာတဲ့အရာမို့ ဒီခရီးကိုတော့သွားဖြစ်အောင်ကိုသွားရမယ်။ PaရောPhorပါဒီလတွေမှာအရမ်းထူးဆန်းလာကြတယ်။အရင်ကကျွန်တော်စိတ်ကျဉ်းကြပ်မှာစိုးနောက်ပိုင်းတော့တပတ်မှာ၃ခါလောက်ပဲဆက်ခဲ့ရာကနေအခု‌ဆို တနေ့ကို၂ခါလောက်ကိုဖုန်းဆက်နေကြတယ်။Paကတလှည့်Phorကတလှည့်စီဆက်နေကြလွန်းလို့ P Aကတောင်မေးရတဲ့အထိပဲ။ ကျွန်တော်တွေးကြည့်သလောက်ကတော့Paပြောတဲ့ဆေးစစ်ချက်ကများတခုခုဖြစ်နေလို့လားပေါ့။ Paတို့ကိုမေးကြည့်တော့လည်းဘာမှမပြောဘူး။ဒီအတိုင်းသတိရလို့လို့ပဲအမြဲပြောနေကြတယ်။ ပြီးတော့Aunty Mayကလည်း ကျွန်တော်တို့နဲ့လာနေတယ်လေ။ပိတ်ရက်လောက်ပဲ သူ့အိမ်ကိုပြန်တာမို့ ကျွန်တော်တို့ကတော့သက်သာနေတာပေါ့။ ဒီနေ့ညကျောင်းမှာလုပ်မယ့် ကျောင်းကပွဲအတွက်ကိုWindနဲ့ကျွန်တော်အခုဝတ်သွားရမယ့်ဝတ်စုံရွေးနေကြတာ။ တွဲသွားရမယ့်ကောင်မလေးလားရှိတယ်လို့မထင်လိုက်ပါနဲ့။ ကျောင်းစတက်ကတည်းက P Nueaရဲ့အကာအကွယ်အောက်မှာနေခဲ့ရတာမို့ သူတို့ထင်နေတာကP Nueaနဲ့ကျွန်တော့်ကို အတွဲလို့ထင်နေကြတာမို့ ဘယ်ကောင်မလေးကမှကျွန်တော့်ကိုကပွဲအတူတက်ဖို့မခေါ်ခဲ့ဘူးလေ အဲ့ဒါကြောင့် ကျွန်‌တော်ကတော့ဒီည Ai Windနဲ့ပဲအတူတက်ရမှာပါ။ ဟိုရောက်လို့ကံကောင်းရင်တော့ တွဲကဖို့ခေါ်တဲ့သူရှိကောင်းရှိလာနိုင်ပါရဲ့😁😁😁.
      Prom Kingဖြစ်ဖို့တို့ဘာတို့ဆိုတာမျိုးကျွန်တော်မတွေးပါဘူး ကျောင်းမှာကျွန်တော့်ထက်ကြည့်ကောင်းတဲ့သူတွေမှအများကြီးရယ်။ အဓိကတော့အရပ်အမောင်း ဒီကကျောင်းသားတွေကအရပ်အရမ်းရှည်ကြတာမှဓာတ်တိုင်လောက်ရှိတယ်။ ကျွန်တော်နဲ့Windကသူတို့ကြားမှာအမြဲပျောက်နေရောပဲ။ ကပွဲကိုရောက်တော့လည်းဘာကမှသိပ်ထူးထူးခြားခြားမရှိခဲ့ပါဘူး။ စန္ဒယားလေးဘာလေးတီး သူများအတွဲတွေကတာထိုင်ကြည့် Prom King Prom Queenရွေးတာထိုင်ကြည့်ပေါ့။ ထူးခြားတာဆိုလို့တခါမှမသောက်ဖူးတဲ့ရှန်ပိန်သောက်လိုက်ရတာပဲရှိတယ်။ ကျွန်တော်က ပုံမှန်ဆိုအရက်မသောက်တက်ပါဘူး၊ ဒီကိုရောက်တော့မှ P Aတို့မကြာခဏလုပ်တက်တဲ့ပါတီပွဲတွေကြားမှာနည်းနည်းသောက်နိုင်လာတာပါ။ အဲ့ဒါတောင်မှ သိပ်မများတဲ့ ပမာဏလောက်ပဲသောက်နိုင်ပါသေးတယ်။အရက်ခံနိုင်ရည်အားက ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာဆိုJamesကအကောင်းဆုံးဖြစ်ပြီး seniorတွေထဲမှာဆို P Nueaကအကောင်းဆုံးပါ။ ဘယ်နှပုလင်းသောက်သောက်လုံးဝမမူးတက်သူကြီးပါ။ ဒီနေ့ညလည်း ရှန်ပိန်သုံးခွက်သောက်ထားတဲ့ကျွန်တော်က ယိုင်တိုင်တိုင်ဖြစ်နေပြီး ကျွန်တော့်ထက်ပိုများများသောက်ထားတဲ့Windကတော့ခေါင်းတောင်မထောင်နိုင်တော့ဘူးမို့ P Aကိုပဲဖုန်းဆက်ပြီးလာခေါ်ခိုင်းခဲ့ရပါတော့တယ်။
သို့သော်လည်း ကျွန်‌တော်တို့ကိုလာခေါ်တာP Aမဟုတ်ဘဲ P Nueaဖြစ်နေတဲ့အခါ
"P Nuea kha P Aဘယ်မှာလဲခင်ဗျ"
"AကLynnကိုအိမ်ပြန်လိုက်ပို့ပေးရမှာမအားလို့P လာကြိုတာပါ ဘာလဲPလာကြိုတာNong Mark ကမကြိုက်ဘူးလား???"
"အဲ့လိုမဟုတ်ပါဘူး P "
"မူးနေပြီမို့လား မျက်နှာတွေရဲနေတယ် ကားပေါ်တက်တော့Nong Windကိုနောက်ခန်းထဲထည့်လိုက်မယ်"
"နိုင်ရဲ့လား P"
"PကလေNong Wind တင်မဟုတ်ဘူးNong Markကိုပါတပြိုင်တည်းချီလို့ရတယ် သိလား"
P Nueaစကားကြောင့်ကျွန်တော်မူးနေတဲ့ကြားကပြုံးမိတယ် အနည်းဆုံးတော့ ကျွန်တော်သိတဲ့P Nueaပြန်လာပြီလေ။
ငြိမ်ငြိမ်တိတ်တိတ်ပဲP Nueaမောင်းတဲ့ကားပေါ်လိုက်လာရင်းရှန်ပိန်ရဲ့အရှိန်ကြောင့်အိပ်ပျော်သွားခဲ့တယ်။
ရုတ်တရက် လက်အေးအေးရဲ့အထိအတွေ့ကြောင့်မျက်လုံးတွေဖွင့်လိုက်တော့ P ကကျွန်တော့်ကိုအသာလေးချီပြီးအပေါ်ထပ်ကကျွန်တော့်အခန်းထဲကိုခေါ်သွားဖို့လုပ်နေတာမို့ အသာလေးငြိမ်နေမိခဲ့တယ်။ ပြီးတော့ကျွန်တော့အခန်းထဲကိုရောက်တော့ကျွန်တော့်ကို ခုတင်ပါ်အသာလေးချပြီး ဖိနပ်တွေခြေအိတ်တွေချွတ်ပေးခဲ့ပြီးတဲ့နောက် P Nueaက ကျွန်တော့်မျက်နှာကိုစိုက်ကြည့်ရင်းသက်ပြင်းရှည်ကြီးချနေသံကိုကြားရတယ်။ ပြီးတော့ ကျွန်တော့်နားအသာကပ်ပြီး "အိပ်မက်လှလှပါစေနော်"လို့ပြောပြီးအခန်းထဲကပြန်ထွက်သွားခဲ့တယ်။

Stay with meWhere stories live. Discover now