What happened???

133 19 6
                                    

Nuea POV

  Markနဲအတူကုန်ဆုံးခဲ့တဲ့လေးရက်တာကာလက Canadaမှာကျွန်တော်‌ေနဖူးသမျှကာလတလျောက်အပျော်ဆုံးလို့တောင်ပြောလို့ရပါတယ်။ ကျွန်တော်တို့Vampireတွေက ထိခိုက်မှုတစုံတရာကြောင့်၊ သမန်းဝံပုလွေတွေရဲ့တိုက်ခိုက်မှုကြောင့်၊ အချင်းချင်းပြန်တိုက်ခိုက်မှု၊ ဒါမှမဟုတ်ရင် သေစေလောက်တဲ့အပြစ်ကိုကျူးလွန်လို့ သေဒဏ်အပေးခံရတာမျိုးကလွဲရင် တော်ရုံမသေနိုင်ကြတဲ့ မသေမျိုးတွေဖြစ်တာမို့ လူသိနည်းတဲ့နေရာမျိုး၊လူသူအ‌ေရာက်အ‌ေပါက်နည်းတဲ့‌ေနရာမျိုးမှာ‌ေနတာကလွဲရင် တနေရာတည်းမှာအကြာကြီးနေကြတာမျိုးကအရမ်းရှားပါတယ်။ ဥပမာပြောရရင် ကျွန်တော်အမြဲပြန်လေ့ရှိတဲ့ Canadaကကျွန်တော့်မိသားစုနေတဲ့အိမ်ဟာ  Touristတွေအလည်များတဲ့ဒေသမှာရှိပေမယ့်လို့ လူဦးရေနည်းပြီးသစ်တောများတဲ့ဒေသဖြစ်တာကြောင့် ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့အဲ့မှာနေခဲ့တာ ကျွန်တော်တို့တမိသားစုလုံးလူသွေးကိုစပြီးမသောက်တော့တဲ့အချိန်ကတည်းကပဲ။ ကျွန်တော်တို့ အဲ့ကိုရောက်တဲ့အချိန်ကဆို အဲ့ဒေသမှာလူတောင်သိပ်မရှိကြသေးဘူး။ အခုနောက်ပိုင်းမှာလူဦးရေပိုများလာပေမယ့် ကံကောင်းတာက ကျွန်တော်တို့အိမ်က မိုးသစ်တောထဲကတနေရာမှာဆောက်ထားတာမျိုးမို့ ကျွန်တော်တို့နေရာကို မျိုးနွယ်တူချင်းက လွဲရင် အပြင်လူသားတွေသိတာအင်မတန်ရှားပါတယ်။ သိတဲ့လူတွေကလည်း များသောအားဖြင့် ကျွန်တော်တို့ယုံကြည်ရတဲ့လူသားအနည်းငယ်ပဲရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီအချိန်ထိကို ကျွန်တော်တို့ကိုဘယ်သူကမှသတိမထားမိပဲနေနိုင်တာပါ။ ပြီးတော့ ကျွန်တော့်ရဲ့အဖိုးနဲ့အဖေကလည်းကိစ္စမရှိရင် အိမ်ကနေဘယ်ကိုမှသိပ်ပြီးသွားလေ့လာလေ့မရှိတာမို့ Markကို ဒီအထိခေါ်လာနိုင်ခဲ့ပေမယ့် အိမ်ကိုတော့ခေါ်သွားလို့မဖြစ်နိုင်ဘူးလေ။ အခုတောင်မြို့ထဲဝင်လာတာနဲ့ ကျွန်တော့်မှာသတိကြီးကြီးထားနေရတယ်။ ဘာလို့ဆို မြို့ထဲကိုရောက်လို့ Hotelမှာcheck inဝင်တဲ့အချိန်ကတည်းက ကျွန်တော့်စိတ်ထဲမှာတယောက်ယောက်ကစောင့်ကြည့်တာခံနေရသလိုပဲ။ Markကလည်းကျွန်တော်သူ့ကိုအိမ်ခေါ်မသွားလို့ထင်ပါရဲ့ မျက်နှာတော့သိပ်မကောင်းရှာဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကိုအိမ်ခေါ်သွားရင် ကျွန်တော့်ဘေးကင်းရေးအတွက်အဖိုးနဲ့အဖေက Markကိုလက်စဖျောက်လိုက်မှာကိုစိုးရိမ်ရတယ်။ အဲ့ဒါကြောင့် Markကို ကျွန်တော့်အိမ်ကိုခေါ်သွားဖို့ကမဖြစ်နိုင်ဘူးလေ။ အခုလိုဒီနေရာအထိMarkကိုခေါ်လာတာကတောင်လွန်လွန်းလှပြီ။

Stay with meWhere stories live. Discover now