I am worried about you part 2

117 20 7
                                    

Tin POV

                  ကျွန်တော်ကုန်တိုက်မှာ Markနဲ့တွေ့ပြီးတဲ့နေ့နောက်ပိုင်းကတည်းက အဲ့ကလေးကိုထပ်မတွေ့ရတော့တာပဲ။ ဒါပေမယ့်သိပ်တော့ကိစ္စမရှိပါဘူး။ဘာလို့ဆိုကျွန်တော်က သူတက်မဲ့ကျောင်းမှာကျောင်းဆက်တက်မှာမို့  သူ့ကိုတွေ့ရဖို့ကမခက်ခဲနိုင်ဘူးလေ။ ပြီးတော့ ကျွန်တော်ကံကောင်းတယ်ပဲခေါ်ရမလား သူနဲ့ကမရည်ရွယ်ပဲတခါဆုံဖူးပြီးသားဖြစ်သလို ကောင်းသောဆုံတွေ့ခြင်းမျိုးနဲ့တွေ့ဆုံထားတာကြောင့် သူနဲ့ရင်းနှီးဖို့ဆိုတာအချိန်ပဲလိုအပ်တယ်လို့ ကျွန်တော်ကတော့ယုံတယ်။
အချစ်အကြောင်းပြောဖို့ကတော့ အရမ်းစောသေးတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို ကျွန်တော်က love at first sightကိုမယုံကြည်တဲ့လူမျိုးမို့ပဲ။ ရိုးသားစွာဝနခံရမယ်ဆိုရင်တော့ Markရဲ့ဓာတ်ပုံကိုပထမဆုံးမြင်ဖူးတဲ့အချိန်က ကျွန်တော့်ရင်ထဲမှာခံစားရတာကတော့ ရင်အေးစေတဲ့သူ့ရဲ့အပြုံးပဲ။ နောက်တခုက စိတ်ဝင်စားမှု၊ ဘာကြောင့်မှန်းမသိဒီကလေးကစိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်ရတယ်။ အဲ့ဒါကြောင့် ကျွန်တော်ထိုင်းအထိကို တမင်လာပြီးသူ့ကိုလေ့လာဖို့ဆုံးဖြတ်ခဲ့တာ။ ကျွန်တော်ပိုင်ဆိုင်ရမယ့် တစုံတယောက်ကိုလေ့လာခွင့်လောက်တော့ ကျွန်တော့်မှာရှိတယ်လို့ထင်တာပဲ။ Pa ကတော့ ကျွန်တော့ကို Mark နဲ့ပတ်သတ်လို့အတင်းအကြပ်တိုက်တွန်းတာမျိုး‌ေတာ့မရှိပါဘူး ဒီအတိုင်းလေ့လာကြည့်ဖို့ပြောပေမယ့်ကျွန်တော်သိနေခဲ့ပါတယ် PaကMark ကိုတော်တော်လေးသဘောကျနေတယ်ဆိုတာကိုပေါ့။ 

              ကျောင်းစတက်ရတဲ့နေ့ရောက်တော့ ကျွန်တော်ကျောင်းလာတဲ့လူအုပ်ကြားတဲ Markကိုရှာပေမယ့်လည်းမတွေ့တာကြောင့် သူဒီနေ့ကျောင်းမတက်သေးဘူးလို့ထင်တာကြောင့် မနက်ခင်းကို Peteနဲ့အတူအတန်းသွားတက်လိုက်ပေမယ့် နေ့လည်ခင်းအတန်းဆင်းတဲ့အခါ ကျွန်တော့်ဌာနရှေ့မှာဟိုတခေါက်ကMark နဲ့အတူ Centralကိုပါလာတဲ့ကောင်လေးကိုတွေ့လိုက်တာမို့ လိုက်သွားကြည့်လိုက်တဲ့အခါMark ကိုကန်တင်း သူ့သူငယ်ချင်းဖြစ်ဟန်တူသူတွေနဲ့အတူတွေ့ရတယ်။ မနက်ကဒီကလေး ဘာနဲ့ကျောင်းလာတာကိုတောင်တွေးမိသွားတယ်။ ဘာလို့ဆို ထိုင်းကိုစပြီးခြေချကတည်းက ကျွန်တော် သူနဲ့ပတ်သက်သမျှအသေးစိတ်သိအောင် စုံစမ်းထားခဲ့တာ။ လက်လှမ်းမှီသမျှသတင်းအားလုံးကိုပေါ့။ဥပမာပြောရရင် Suthiluckအိမ်တော်ကဘယ်ကားကိုတော့ဘယ်သူကစီးတယ်ဆိုတာမျိုးပေါ့။ အဲ့ဒါကြောင့် ဒီနေ့ ကျောင်းရှေ့ကနေစောင့်နေခဲ့တာ Suthiluck အိမ်တော်ကဘယ်ကားကများသူ့ကိုကျောင်းလာပို့မလဲပေါ့။ ဒါပေမယ့် အချိန်သာကုန်သွားတယ် အဲ့အိမ်ကဘယ်ကားမှမတွေ့တာမို့ သူဒီနေ့ကျောင်းမလာဘူးပဲထင်နေခဲ့တာ။ အခုလိုတွေ့မှပဲ သူကျောင်းလာတာကို သိရတာမို့ ကျွန်တော်လည်း နေ့လည်အတန်းမတက်တော့ပဲ Markနောက်ကိုလိုက်နေခဲ့တာတနေ့ခင်းလုံးပဲ။ ညနေရောက်ရင်တော့ Peteနဲ့ကျွန်တော်တို့ဌာနက ကန်တင်းမှာချိန်းထားတယ်။ ညနေMarkတို့အတန်းဆင်းတော့ Markကသူ့သူငယ်ချင်းတွေနဲ့အတူမပြန်ပဲ music facultyရှေ့က ခုံလေးမှာငုတ်တုတ်ထိုင်ပြီးဖုန်းဆော့နေတာကြောင့် ကျွန်တော်လည်းလမ်းပျောက်နေသလိုပုံစံနဲ့ လမ်းမေးသွားရင်းက Markကိုပိုသိခွင့်ရခဲ့တယ်။ အခုလိုမျိုးကြာကြာစကားပြောကြည့်မှ Markကအရမ်းဖော်ရွေသလို၊ ဓာတ်ပုံထဲကထက်တောင် အပြင်မှာပိုချစ်ဖို့ကောင်းတာကိုသတိထားမိတယ်။ ဌာနကန်တင်းကိုရောက်တော့ Peteကကျွန်တော်လမ်းပျောက်တယ်ဆိုတဲ့စကားကြားပြီးအူကြောင်ကြောင်လုပ်နေလို့ မနည်းအချက်ပြရသေးတယ်။ ဒီလိုနဲ့ Markကိုမေးရင်းမြန်းရင်း Markဆီကိုဖုန်းဝင်လာတာမို့ မေးကြည့်တော့ သူနဲ့အတူပြန်မယ့်သူတဲ့။ ကျွန်တော်လည်း ဘယ်သူလဲဆိုတာသိချင်တာမို့ MarkကိုCar parkingကိုမလွှတ်ဘဲ ခေါ်ထားလိုက်တဲ့အခါ ခဏနေတော့ Markကိုခေါ်မယ့်သူရောက်လာခဲ့တယ်။ ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ East packရဲ့တရားဝင်ဆက်ခံသူ Veeဖြစ်နေခဲ့တယ်။ သူကတော့ ကျွန်တော့်ကိုသိလားမသိလားမသေချာပေမယ့် ကျွန်တော်ကတော့ သေချာပေါက်ကိုသိနေရတာပေါ့။ ကျွန်တော်ရဲ့rivalဖြစ်လာနိုင်တဲ့ဘယ်သူ့ကိုမဆိုလေ့လာထားမှတော်ကာကျမယ်မို့လား။
Markကကျွန်တော်တို့ကိုမိတ်ဆက်ပေးပြီးပြီးချင်းမှာပဲ Veeက Markကိုပြန်ခေါ်သွားခဲ့တယ်။ Veeပုံစံကတခုခုကိုစိုးရိမ်နေတဲ့ပုံနဲ့။
ဒီညPhorနဲ့ဆက်သွယ်ဖြစ်ရင်တော့ Markအကြောင်းကို Phorကိုပြောပြရအုံးမယ်။ Markကဘယ်လောက်sweetဖြစ်တဲ့အကြောင်းပေါ့။ ပြီးတော့  ရှေ့လျောက်ကျွန်တော်ဘယ်လိုအကွက်ဆက်ရွှေ့ရမယ်ဆိုတာကိုလဲ အစီအစဉ်ဆွဲရအုံးမယ်။

Stay with meWhere stories live. Discover now