Finding the others

162 26 2
                                    

Vee POV
  
   တစုံတယောက်ကိုလွမ်းရတဲ့ခံစားချက်ကဒီလောက်အထိဆိုးဝါးလိမ့်မယ်လို့ ကျွန်တော်မတွေးခဲ့မိခဲ့ဘူး။ ကျွန်တော့်ရဲ့ယုန်လေးကကျွန်တော့် အနားမှာအမြဲရှိနေခဲ့တာမို့သူရုတ်တရက်ကြီးပျောက်သွားခဲ့တာက ကျွန်တော့်အတွက်ကြီးမားတဲ့ တုန်လှုပ်မှုကိုခံစားရစေပါတယ်။သူကျောင်းသွားတက်ပြီးနောက်၃လလောက်ကိုကြာတဲ့အထိကိုကျွန်တော့်မှာနေသားမကျဖြစ်ခဲ့ရပါတယ်။ တခါတလေဆို သူ့ကိုအိပ်မက်မက်တဲ့အထိတောင်လွမ်းခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အနေအထိုင်ကိုအမြဲအကဲခတ်နေခဲ့တဲ့Paက‌ ‌ဘာဖြစ်‌ေနလဲလို့မေးလာရတဲ့အထိကို ကျွန်တော့်အနေအထိုင်တွေပျက်ယွင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း Paတို့မျှော်လင့်ထားတဲ့universityကိုတက်နိုင်ဖို့ဆိုရင် ဒီနှစ်ကစပြီးတော့စာမှန်မှန်လုပ်မှရမှာမို့ Markကိုသတိရတဲ့အချိန်တိုင်းစာကိုပဲပိုကြိုးစားဖြစ်ခဲ့ပါတယ်။ Uncle Arthitတို့ကတော့ဒီနှစ်ကုန်လောက်ဆိုMarkကိုသွားတွေ့ကြမယ်ပြောပေမယ့်လို့ ကျွန်တော်ကတော့ လိုက်သွားဖြစ်မလားမသေချာသေးပါဘူး။ ဘာလို့ဆိုကျွန်တော့်ရဲ့ သင်တန်းတွေကိုအချိန်ပြန်ညှိရအုံးမှာဖြစ်သလို Paတို့ကလည်းလိုက်ဖြစ်မလိုက်ဖြစ်မသေချာတာကြောင့်လည်းပါပါတယ်။
    Markကတော့ဟိုမှာအရမ်းပျော်နေပုံရပါတယ် သူရဲ့igကိုကြည့်လိုက်တိုင်းတွေ့ရတာက နှင်းတွေကြားထဲဆော့နေတာတို့၊ Windနဲ့အတူ သီချင်းတိုက်နေတာတို့၊ဒါမှမဟုတ် သူ့ရဲ့သူငယ်ချင်းအသစ်တွေစီနီယာတွေနဲ့မုန့်စားနေတာမျိုးတွေကိုပဲအတွေ့များပါတယ်။ပုံတိုင်းမှာသိသာတာကတော့ Markရဲ့အပြုံးတွေပါ၊ အမြဲလင်းလက်နေတဲ့အပြုံးလေးကိုတွေ့ရတာMarkအတွက်တကယ့်ကိုပျော်ရပါတယ်။
        အဲ့လိုပဲ ကျွန်တော့်ရဲ့နေ့ရက်တိုင်းကိုဖြတ်ကျော်နေရင်းက တနေ့မှာကျွန်တော်ရဲ့စိတ်ကိုလှုပ်ကိုင်နိုင်တဲ့ မိန်းကလေးတယောက်ကိုတွေ့ခွင့်ရခဲ့ပါတယ်။ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော့်တသက်တာလုံး တခါမှမခံစားဘူးတဲ့ခံစားချက်မျိုးကို သူ့ကိုတွေ့တဲ့အချိန်မှာခံစားရပါတယ်။ Ployကိုတွေ့ခွင့်ရခဲ့တာ သူငယ်ချင်းတယောက်က အထက်တန်းကျောင်းအပြီးကျောင်းဝင်ခွင့်‌ေအာင်တဲ့အမှတ်တရပါတီမှာ တွေ့ခဲ့ဖူးတာဖြစ်ပြီး လူတွေကြားထဲမှာထင်းနေတဲ့သူ့ကို ကျွန်တော်စိတ်ဝင်စားခဲ့ပါတယ်။ နောက်ပိုင်းတက္ကသိုလ်တက်ရတဲ့အခါမှာလည်း ကျွန်တော်နဲ့ သူကတက္ကသိုလ်တခုတည်းမှာအတူတူပဲမို့ ဌာနတော့မတူပေမဲ့လို့ဆက်ပြီးတွေ့ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူမကသူမမေဂျာမှာမေဂျာကိုယ်စားပြုstarတ‌ေယာက်ဖြစ်ပြီးကျွန်‌ေတာ်ကလည်းPaတို့‌‌ေခြရာကိုနင်းလို့Engineeringကိုယူဖြစ်ခဲ့ရာကEngineeringရဲ့moonတ‌ေယာက်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲနေ့တိုင်းနီးပါး Moon and star competitionအတွက်အတူတူဆံုဖြစ်ခဲ့ရင်းက‌ေန ကျွန်တော်တို့နှစ်ယောက်ကြားက ခံစားမှုတွေပိုပြီးပြင်းထန်လာခဲ့ပါတော့တယ်။သူကလည်းကျွန်‌ေတာ့်လိုပဲခံစားရတယ်ဆိုတာကို ကျွန်တော်ကျိန်းသေသိနေခဲ့ပါတယ်။အဲ့နောက်တော့ moons starပြိုင်ပွဲအပြီးမှာ နှစ်ယောက်လုံးကကျောင်းရဲ့ကိုယ်စားပြု moon and starအဖြစ်အ‌ေရွးချယ်ခံခဲ့ရပါတယ်။ပြိုင်ပွဲပြီး‌‌ေနာက် ကိုယ်စားပြုတဲ့သူတွေရဲ့ထုံးစံအတိုင်း ဓာတ်ပံုအတူတွဲရိုက်ရတာမျိုး‌ေတွရှိလာခဲ့ပြီး ကျွန်တော် ployကိုဖွင့်‌ေပြာဖြစ်ခဲ့ရာကကျွန်‌ေတာ်တို့နှစ်‌‌ေယာက်တွဲဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲနိုင်ငံခြားမှာပညာ‌ေတာ်သင်သွား‌ေနတဲ့ယုန်‌ေပါက်‌ေလးအပေါ်မှာထားခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေကိုမေ့သွားခဲ့ပါ‌ေတာ့တယ်။

Stay with meWhere stories live. Discover now