Baby Putiphatt Part 3

145 24 4
                                    

Mark POV

      ဒီနေ့P Yiwaaကသူတို့တက်နေတဲ့Uniကိုလိုက်လည်ဖို့ပြောထားတာကြောင့် P Veeနဲ့အတူတူလိုက်လာခဲ့တာ။ အမှန်တော့ Uncle Knockရဲ့မွေးရက်ကနီးနေပြီမို့ ကျွန်တော်ဘယ်ကိုမှသိပ်မသွားချင်ဘူး။Uncleအနားမှာပဲ အဖော်ပြုပြီးနေချင်တာ။ Putiphattအိမ်တော်မှာနေတဲ့ကာလအတွင်း ကျွန်တော်ကြုံတွေ့ရတာတွေက အံ့ဩစရာတွေချည်းပဲ။ အဲ့ထဲကမှအထူးဆန်းဆုံး ကတော့ Uncle Knockဗိုက်ထဲမှာကလေးလေးရှိနေတာပဲ။
     Uncle Knockကသူကိုယ်ဝန်စရှိကတည်းက ကျွန်တော့်ကို အရင်ကထက်ပိုချစ်သလို ပိုပြီးခင်တွယ်လာခဲ့တယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်ကလည်းUncleဗိုက်ထဲကကလေးနဲ့ ရေစက်ပါတယ်ပြောရမလားပဲ ဒီကိုရောက်ကတည်းက Uncleက ကျွန်တော့်ကိုတွယ်ကပ်နေတာမျိုးကကျွန်တော့်အတွက်အထူးအဆန်းဖြစ်မနေဘူး။ ပြီးတော့Uncle Knockရဲ့ဗိုက်ထဲကကလေးလေးကလေ ကျွန်တော်စကားပြောရင်၊ရယ်ရင် သူကတုံ့ပြန်လေ့ရှိတယ်။ ဥပမာပြောရရင် ကျွန်တော်ကသဘောကျလို့အသံထွက်ပြီးရယ်လိုက်တဲ့အခါမျိုးမှာ Uncle Knockကအနားမှာရှိနေတယ်ဆိုရင်သူ့ဗိုက်ထဲကကလေးကအသားကုန်ကန်ပါလေရော။ ကျွန်တော်ကUncleဗိုက်ကိုကိုင်ကြည့်ပြီးသွားစကားပြောတဲ့အခါမျိုးဆိုလည်း ကလေးလေးကအထဲကနေသူသိကြောင်းကို ပြဖို့ပြန်တွန်းလေ့ရှိတယ်။  Uncleကကျွန်တော့်ကိုလာနေဖို့ပြောတုန်းက တခါတည်းလက်ခံခဲ့တယ်ဆိုတာကလည်းဒီကိစ္စကိုစပ်စုချင်တာမို့ လက်ခံဖြစ်ခဲ့တာပါ။ ကျွန်တော်အဲ့အိမ်ကိုသွားတော့တအိမ်သားလုံးကကျွန်တော့်ကို အရင်လိုပဲ‌နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ အရင်တုန်းကတည်းကP Veeအိမ်က မကြာခဏလာနေကြမို့ ကျွန်တော်ကဒီအိမ်ကလူတွေနဲ့မစိမ်းပါဘူး။ တအိမ်လုံးနဲ့အရမ်းရင်းနှီးပါတယ်။ ဒီကိုလည်းရောက်ရော Uncle Knockကကျွန်တော်နေဖို့အခန်းကိုသီးသန့်စီစဉ်ပေးထားပါတယ်။  အဲ့အခန်းကလည်းကျွန်တော် အရမ်းကြိုက်တဲ့အပြာရောင်ကိုတခန်းလံုးသုံးထားတာပါ။အရင်အချိန်‌ေတွတုန်းကဆိုရင်တော့ ညလာအိပ်ရင်လည်းP Veeနဲ့အတူတူအိပ်နေကြမို့ ဒီတခေါက်P Veeအခန်းမှာပဲသောင်တင်နေရအုံးမှာကိုစိတ်ပူနေခဲ့ရာက အခုလိုဆိုတော့အတော်လေးစိတ်သက်သာရာရခဲ့ပါတယ်။ ပြီးတော့ကျွန်တော်လည်းလွတ်လွတ်လပ်လပ်နေခွင့်ရသွားတာပေါ့။ ကျွန်တော့်မှာလျို့ဝှက်ချက်တွေဘာ‌တွေရှိလို့တော့ သီးသန့်နေချင်တာမျိုးမဟုတ်ပါဘူး။ဒါပေမယ့်လည်းလူတိုင်းမှာ privacyဆိုတာမျိုးရှိကြတယ်မို့လား။ ကျွန်တော်သာတကယ်လို့ P Veeနဲ့တခန်းတည်းနေရမယ်ဆို သူလည်းစိတ်ရှုပ်ရသလို ကျွန်တော်လည်းစိတ်ရှုပ်ရမှာ။ အခုလိုကိုယ့်အခန်းနဲ့ကိုယ်နေရတော့အဆင်ပြေတာပေါ့။
    
      P Veeတို့ကျောင်းကိုရောက်တော့လည်း P Veeတို့သူငယ်ချင်းအုပ်စုတွေကြားမှာ ကျွန်တော်ကတယောက်တည်းရယ်။ သူတို့ပြောနေကြတဲ့ဟာတွေလည်းကိုယ်ကတလုံးမှမသိတာမို့ ငြိမ်ငြိမ်လေးပဲထိုင်နေရတာပေါ့။ ခဏနေ အတန်းတက်ခါနီးတော့ အားလုံးကနေရာကနေအတန်းသွားဖို့ကိုပြင်ကြတယ်။ အဲ့အချိန် P Yiwaaက ကျွန်တော့်ကိုညနေကျရင် သူတို့ထိုင်‌ေနကျClubကိုသွားကြမယ့်အကြောင်း၊ လိုက်ချင်ရင်လိုက်ခဲ့ဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်ကP Veeကိုမေးငေါ့ပြတော့ P YiwaaကP Veeကိုထားခဲ့လည်းရတယ်။ အိမ်ကိုသူပြန်လိုက်ပို့ပေးမယ်တဲ့။ P Veeကိုခေါ်မသွားဘူးလားလို့မေးတော့ Nong Markကိုခေါ်သွားမဲ့အကြောင်းသိရင်အကြောက်အကန်ငြင်းလိမ့်မယ်တဲ့။ ဒါပေမယ့်လည်း ကျွန်တော်ဒီကိုပြန်လာကတည်းကဘယ်မှမသွားရတာကြာပြီမို့ P Yiwaaပြောတာကိုလက်ခံလိုက်တယ်။ ပြီးတော့ Ai Jamesတို့ Ai Canတို့ကိုလည်းဖုန်းလှမ်းဆက်ပြီးညနေClubသွားမဲ့အကြောင်း လာjoinလို့ရတဲ့အကြောင်းပြောပြတော့နှစ်ယောက်သားက သိပ်မလာချင်ရှာပါဘူး။ ညနေအတူလာခဲ့မယ်တဲ့။ P Veeက ကျွန်တော့်ကိုထားခဲ့ပြီးအတန်းထဲဝင်သွားတာမို့ဌာနရှေ့က ခုံမှာကြောင်တောင်တောင်နဲ့ ထိုင်နေရင်း ဗိုက်ကဆာလာတယ်။ ဆာမှာပေါ့ မနက်ကP Veeကျောင်းနောက်ကျနေမှာစိုးလို့ ကျွန်တော်ဘာမှစားမလာရဘူးလေ။ အဲ့ဒါနဲ့Canteenသွားမလို့ ခုံကနေထလိုက်တဲ့အချိန် လူတယောက်ကကျွန်တော့်ကိုပြုံးပြီးလာနှုတ်ဆက်လို့ သေချာကြည့်တော့မှ P Aeဖြစ်နေတယ်။ P Aeနဲ့ကျွန်တော်က ငယ်ငယ်ကတည်းကအတူဆော့နေကျလေ။ P Veeလိုမျိုးပဲ။ P Aeက ကျွန်တော့်အတွက်တော့ အကိုလိုမျိုးပဲ ငယ်ငယ်ကတည်းကအမြဲကာကွယ်ပေးပြီး ကျွန်တော့်ကိုဆို သူ့ညီလေးလိုမျိုးကိုစောင့်ရှောက်တာ။ ဒါပေမယ့် ကျွန်တော်ကျောင်းတက်ဖို့ စပြီးလုပ်ရတဲ့အချိန်ကစလို့မတွေ့ဖြစ်တော့ရာကအခုမှပြန်တွေ့ဖြစ်ကြတာလေ။ P Ae ကတခြားလူတွေအမြင်မှာတော့ ကြောက်ဖို့ကောင်းပြီးကြမ်းတမ်းတဲ့သူမျိုးဖြစ်ချင်ဖြစ်မယ် ကျွန်တော့်အတွက်တော့အားကိုးရတဲ့အကိုကြီးပဲ

Stay with meWhere stories live. Discover now