The Explanation

151 18 10
                                    

Korn POV

Suthiluckအိမ်တော်ဝင်းကိုလွတ်လွတ်လပ်လပ်ဝင်ထွက်ခဲ့တဲ့အချိန်ပေါင်းမနည်းပေမယ့် ဒီတခေါက်လောက်စိတ်လှုပ်ရှားဖူးတာမရှိဘူး။ကျွန်‌ေတာ့်ဘေးမှာ Knockရှိနေလို့သာတော်တော့တယ်။သားနဲ့Nong Markကိစ္စကိုဆွေးနွေးဖို့လာခဲ့တယ်ဆိုပေမယ့် ဒီရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ကိစ္စတွေအရ ArthitကNong Markကိုကျိန်းသေပေါက်သားနဲ့သဘောတူမှရတော့မှာမို့ ဒီလောက်စိတ်လှုပ်ရှားနေရတာ။ အမှန်အတိုင်းပြောရရင် ဘဝမှာဒီလောက်စိတ်လှုပ်ရှားဖူးတာ Knockကိုသူ့အ‌ေဖဆီက‌ေနတောင်းတုန်းကတခါပဲအဲ့လောက်စိတ်လှုပ်ရှားဖူးတာ။ ပြောရမယ်ဆိုယောက္ခမကြီးကဒေါသကြီးတယ်လေ။ပြီးတော့ အဲ့အချိန်က Knockမှာလက်ထပ်ဖို့စီစဉ်ထားတဲ့သူကရှိနေပြီးသား။ ကိုယ်ကKnockကိုအပိုင်ချုပ်ပြီးတောက်တဲ့လိုကပ်နေလို့သာ လက်ထပ်ဖို့ခွင့်ပြုချက်ရခဲ့တာ။ သားကရောကျွန်တော့်လောက်ကံကောင်းပါ့မလား???။

ကျွန်‌ေတာ်တို့အုပ်စုအကြီးအကဲတွေက သားရဲ့လက်ထပ်ပွဲကိုအရမ်းမျှော်လင့်ထားကြတာ။ အဲ့ဒါကြောင့်လည်း သားကို ကျွန်တော်အုပ်စုအပြင်တခြား groupကမိန်းကလေးတွေနဲ့တွေ့‌ေပးဖို့အမျိုးမျိုးကြိုးစားကြတာ။ Male omegaကရှားပါး‌သလို ကျွန်တော်တို့အုပ်စုမှာဆို တယောက်မှတောင်မရှိဘူးလေ။အဲ့လိုပဲ အုပ်စုတော်တော်များများမှာလည်း Male Omegaဆိုတာရှားပါးလွန်းတာမို့ သူတို့ကအရမ်းအဖိုးတန်လာကြတာ။ Vampireတွေအတွက်ဆိုရင်လည်း Female Omega ထက်ကို Male Omegaတွေရဲ့‌ေသွးကပိုပြီးအားပြည့်စေတယ်မို့လား။အခုလက်ရှိ Omegaတော်တော်များများက femaleတွေချည်းပဲ။ ကျွန်တော်တို့ အုပ်စုမှာဆိုရင်လည်း Female Omega‌ေတွပဲရှိတာမို့သူတို့တွေကသားကိုသားမက်အဖြစ်အရမ်းလိုချင်နေကြတာ။ ဒါပေမယ့် Nong MarkကOmegaဆိုတာသိသိချင်း အကြီးအကဲတွေပြောသမျှကိုလျစ်လျူရူပြီး Nong Mark‌ေလးကိုသားအတွက်လို့ရည်မှန်းထားခဲ့တာ။ ကိုယ်ကလည်းPhorရဲ့စကားကိုလွန်ဆန်ပြီးကိုယ်ချစ်ရတဲ့တခြားအုပ်စုက Knockကိုရအောင်ယူခဲ့သလို သားကိုလည်းသူချစ်တဲ့သူနဲ့ပဲတသက်လုံးအတူနေစေချင်တာတော့ကိုယ်လွန်တယ်မထင်ပါဘူး။

အိမ်ထဲကိုရောက်တော့ Nong Kongကိုပဲဧည့်ခန်းမှာထိုင်နေတာတွေ့ရတယ် ကျန်တဲ့လူတွေတော့မတွေ့ရသလို Nong Markကိုလည်းမတွေ့ရတာမို့ရင်ထဲတောင်တမျိုးဖြစ်သွားသေးတယ်။ သားနဲ့ Nong Markကိုသဘောများမတူဘူးလား။ သူတို့လက်မခံရင်ဘယ်လိုလုပ်ရပါ့မလဲ တပတ်အတွင်းသားရဲ့ Omegaကဘယ်သူဆိုတာကိုကြေငြာရမှာကို ဒီကိစ္စဘယ်လိုလုပ်ရပါ့။ သားကိုလှည့်ကြည့်တော့လည်း သားကမျက်မှောင်ကြုံ့ရင်းအပေါ်ထပ်ကိုလိုက်ကြည့်နေပုံအရတော့ Nong Markကိုရှာနေပုံရတယ်။ ကျွန်တော်တို့ဝင်လာတာကိုမြင်တော့ Nong Kongကလက်အုပ်ချီပြီးနှုတ်ဆက်လာတယ်

Stay with meWhere stories live. Discover now