Baby Putiphatt Part 1

161 22 4
                                    

Arthit POV

    သားကိုအဖြစ်မှန်တွေဖွင့်ပြောပြီးတာ တပတ်လောက်ရှိသွားပြီဆိုပေမယ့် သားအဖနှစ်ယောက်လုံးအဖေ့အိမ်ကနေအခုထိကိုမပြန်ရသေးဘူး။ ကျွန်တော်ကတော့ အဖေ့အိမ်ကနေအလုပ်သွားအလုပ်ပြန်လုပ်နေပေမယ့် သားကတော့ အလုံးစုံသိပြီးတဲ့အချိန်ကစလို့ အဖေ့ရဲ့စာဖတ်ခန်းထဲကနေထွက်ကိုမထွက်တော့ဘူး။ ရှိသမျှစာအုပ်အကုန်ဆွဲဖတ်ပြီးထမင်းမေ့ဟင်းမေ့ဖြစ်နေတက်လို့ အမြဲသူ့ကိုသတိထားပြီးထမင်းစားဖို့ခေါ်ရတယ်။ ပြီးတော့ သားကလာမေးသေးတာကP Veeကိုဘယ်သူမွေးတာလဲတဲ့???။ အမှန်တော့အဲ့မေးခွန်းကသာမန်အချိန်ဆိုအံ့ဩဖွယ်ရာတခုအဖြစ်ပြောလို့ရရင်ရမယ် အခုအချိန်မှာတော့ကျွန်တော်ရှောင်ချင်တဲ့မေးခွန်းလို့ပြောရမယ်။ Omegaတယောက်ရဲ့ဘဝဟာwerewolfတွေကြားမှာသနားစရာကောင်းတာကို ကျွန်တော်သားကိုဘယ်လိုပြောပြရပါမလဲ။ Knockလိုမျိုးကံကောင်းတဲ့male omegaကအရမ်းရှားပါတယ်။ဘာလို့ဆို male Omegaတွေကအရမ်းအဖိုးတန်သလို သူတို့ကိုစောင့်‌ေရှာက်တဲ့ alphaတွေအတွက် မျိုးဆက်မွေးဖွားပေးပြီးတဲ့‌ေနာက်အဲ့ဒီalphaကသူတို့ကိုစွန့်ပစ်ခဲ့တဲ့အခါ အဲ့ဒီomegaရဲ့ဘဝကအမှောင်ကျသွားတာနဲ့အတူတူပါပဲ။စွန့်ပစ်တယ်လို့ဆိုရခြင်းမှာ မောင်းထုတ်တာမဟုတ်ဘဲ အိမ်မှာပဲထိန်းချုပ်ထားခြင်းကိုဆိုလိုပါတယ်။ အရင်အချိန်တွေတုန်းကဆို သက်ဆိုင်ရာအကြီးအကဲတွေကဒါမျိုး ကိစ္စတွေကိုလက်မခံပါဘူး။alphaတယောက်မှာomegaကတယောက်ပဲရှိရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတွေမှာ werewolf‌တွေဟာ လူသားတွေနဲ့ပိုပြီးနီးကပ်လာမှုကြောင့် လူသား‌အပေါ်မေတ္တာသက်ဝင်မိတဲ့အခါ ကြားထဲကomegaတွေကဓားစာခံဖြစ်ရပါတော့တယ်။ ဒီလိုအခြေအနေမှာ omegaတယောက်ရဲ့အလုပ်က ကလေးမွေးပေးပြီးတာနဲ့အိမ်ထဲမှာပဲအချိန်ကုန်ရင်း နေရတဲ့ဘဝမျိုးကိုအလိုလိုရောက်သွားပါတော့တယ်။
  
   ကျွန်တော်ကတော့ ကျွန်တော့်သားကိုဒီဘဝမျိုးလုံးဝအရောက်မခံနိုင်ပါဘူး။ ကျွန်တော့်အသက်ကိုပေးရင်ပေးရပါစေ သားကိုတော့ဒီလိုအဖြစ်မခံနိုင်ပါဘူး။ ကျွန်တော့်တသက်လုံးတန်ဖိုးထားပြီးမွေးလာရတဲ့ကလေးကို အဲ့လိုလိုသုံးလုပ်မယ့်လူတွေလက်ထဲမထည့်နိုင်ပါဘူး။ Ai Kornကိုလည်းမယုံတာတော့မဟုတ်ပေမယ့် ကျွန်တော်Nong Veeကိုမယုံပါဘူး။ ဒီကလေးကအခုလက်ရှိ ရည်းစားရှိနေပါတယ်။ ပြီးတော့နှစ်ချီတဲ့အထိတွဲလာကြတာမို့ ဒီrsကသူအတည်သတ်မှတ်ထားတာလည်းဖြစ်နိုင်ပါတယ်။ အဲ့လိုအခြေအနေမှာသားကိုကျွန်တော့်ဆီကနေ ကလေးမုန့်တောင်းသလို တောင်းနေတဲ့ Ai Kornကြောင့် တော်တော်ခက်ပါတယ်။ အခုလည်းသူခေါ်ထားလို့ သူ့အိမ်ကိုသွားနေတဲ့လမ်းမှာပါ။ ဘာတွေထပ်ပြီးနားပူအုံးမလဲဆိုတာတွေးမရပါဘူး။ ဒီကြားထဲမှာအဖေက ကျွန်တော့်ကိုသတိပေးခဲ့တဲ့စကားတွေကလည်းရှိနေပြန်တော့ သားအတွက်ကိုတကယ်ရတက်မအေးရပါဘူး။
     Putiphatt အိမ်တော်ဝင်းရှေ့ကိုရောက်တော့ Ai Kornက ကျွန်တော့်ကိုစောင့်နေကြောင်း သူတို့အိမ်ကလူတယောက်ထွက်လာပြီးပြောတာမို့ ကျွန်တော်လည်းခြံထဲကိုကားမောင်းပြီးအမြန်ဝင်လိုက်ရပါတယ်။ အထဲရောက်တော့ Ai Kornရဲ့အမြင်ကတ်စရာအပြုံးကိုတွေ့ရပါတယ်။ကျွန်တော်လည်းသားကomegaမှန်းသိပြီးကတည်းကအမြဲတက်ကြွ‌ေနတဲ့ဒီကောင့်ကိုတော်တော်လေးမျက်မုန်းကျိုးမိပါတယ်။
"Ai Kornမင်းဘာပြောချင်လို့လဲ"
"ဒီရက်ပိုင်း Nong Markအခြေအနေဘယ်လိုလဲ?? စိတ်တွေဘာတွေဆိုးနေသေးလား??"
"မင်းလည်းငါ့သားအကြောင်းကိုသိရဲ့သားနဲ့ သူကလွယ်လွယ်နဲ့စိတ်မဆိုးတက်ဘူးလေ"
"ဟုတ်တော့ဟုတ်တယ်နော် Nong Markကဘယ်သူ့ကိုမှစိတ်မဆိုးဖူးဘူး"
"မင်းငါ့ကိုခေါ်ရတဲ့အကြောင်းကိုသာပြောစမ်းပါ"
"ဒီလိုလေ Nong Markကိုဒီ၄လ၅လလောက်ငါ့အိမ်မှာလာထားပါလား"
"ငါ့အိမ်တလုံးလုံးအကောင်းအတိုင်းရှိနေတာ ဘာကိစ္စမင်းအိမ်မှာငါ့သားကို ထားရမလဲ"
"Nong Markကအခု werewolfတွေအကြောင်းလေ့လာနေတယ်လို့မင်းငါ့ကိုပြောတယ်လေ"
"အဲ့တော့..."
"အဲ့ဒါကြောင့် ငါတို့အိမ်မှာဆိုသူနားမလည်တာရှိရင်ဘာမဆိုငါတို့ကိုမေးလို့ရတယ်လေ ပြီးတော့omegaတယောက်ကသူ့တာဝန်ကိုဘယ်လိုကျေအောင်ထမ်းတယ်ဆိုတာKnockဆီကနေကြည့်ပြီးသူလေ့လာလို့ရမယ်"
"နေပါအုံး Knockဆီကနေသင်ရမယ်ဆိုတော့ Knockကအခု???"
"ဟုတ်တယ် ဒုတိယအကြိမ်မြောက်ငါ့ကလေးကိုလွယ်ထားတယ်"
"Shia တကယ်ကြီးလား"
"တကယ်ပေါ့ မဟုတ်ရင်ငါဘာလို့ဒီလောက်ပျော်နေမလဲ"
"နှာဗူးကောင် ဘယ်လိုတောင်Knockကိုမင်းနှာဗူးကျလို့ အခုမှထပ်ပြီးကလေးရှိရတာတုန်း"
"No No Bro ဒါမျိုးကိုနှာဗူးကျတယ်မခေါ်ဘူး အရည်အချင်းရှိတယ်ခေါ်တာ"
"သေပါလား မင်းကြီးတော် အရည်အချင်းရှိတာ"
"ဟားဟားဟား Arthitရာ မင်းကတော့အခုထိကိုမပြောင်းလဲဘူး"
"ထားပါတော့ မင်းရဲ့Knockကိုယ်ဝန်ရှိတာင့ါသားနဲ့ဘာဆိုင်လို့မင်းအိမ်ပို့ခိုင်းနေရတာလဲ???"
"Knockက သက်ရှိထင်ရှားရှိနေတဲ့အကောင်းဆုံးmale omegaလေကွာ အဲ့တော့စာအုပ်ကနေလေ့လာမယ့်အစား လူကိုအပြင်မှာလေ့လာရတာပိုမကောင်းဘူးလား"
"ပြီးတော့ အဲ့ဒါကKnockဖြစ်ချင်နေတဲ့ဆန္ဒဆိုလည်းမမှားဘူး"
"ဘယ်လို ဘယ်လို"
"အေး ငါမင်းကိုအမှန်အတိုင်းပဲဝန်ခံမယ်နော် Knockကဒီတခါချဉ်ခြင်းတက်နေတာ အစားအစာမဟုတ်ဘူး မင်းသားကိုအနားမှာ‌ေခါ်ထားချင်တယ်တဲ့"
"ဘာလို့လဲ"
"အဲ့ဒါတော့ငါလည်းမသိဘူး"
"ကူညီပါကွာ မင်းသားကိုဘာမှမဖြစ်စေရဘူး ငါတာဝန်ယူတယ်နော်"
"ငါကမင်းစကားဘယ်လိုယုံရမလဲ နဂိုကတည်းကမှ Nong Veeလက်ထဲကိုငါ့သားကိုထည့်ချင်နေတဲ့မင်းကို ဘယ်လိုစိတ်ချရမလဲ။ ပြီးတော့သားကအခုငါတို့အိမ်မှာမဟုတ်ဘူး Ching Maiကသူ့အဖိုးအိမ်မှာ"
"ကလေးကိုမင်းကဘာလို့အဲ့ကိုပို့ထားတာလဲ"
"သူ့ကိုနားဝင်အောင်ရှင်းပြဖို့ကငါ့အဖေကငါ့ထက်ပိုတော်တယ်‌လေ ငါကခပ်ငယ်ငယ်ကတည်းကဒီဘက်နဲ့အဆက်အသွယ်ဖြတ်ထားတဲ့ဟာကို"
"အဲ့ဒါကြောင့် အခုသားကဟိုမှာ‌ရှိနေတယ် မင်းခေါ်ထားချင်လည်း လောလောဆယ်တော့မရသေးဘူး"
"အဲ့ဒါဆို မင်းကကော Nong Markကို ငါ့အိမ်မှာခဏခေါ်ထားမှာကိုသဘောတူလား''
"သားကိုမင်းကိုယ်တိုင်မေးကြည့်လေ သူသဘောတူလို့လာနေပေးမယ်ဆိုရင် လွှတ်လိုက်မယ်"
"မင်းသားနဲ့တော့လှော်မယ်မကြံနဲ့နော် အဲ့လိုဆိုငါ့သားကိုချက်ချင်းလာပြန်ခေါ်မှာ''
"အေးပါကွာ"
အဲ့လိုနဲ့ပဲ Ai Kornပြောတာကိုသဘောတူလိုက်ရတယ်လေ။ ပုံမှန်ဆိုရင်တော့သူ့တို့အိမ်ရဲ့ မင်္ဂလာကိစ္စကိုကျွန်တော်ဝမ်းသာအားရဂုဏ်ပြုပေးမှာဆိုပေမယ့် အခုကတော့ဒီကောင့်ကိုအမြင်ကတ်နေလို့ ဘာမှမပြောပဲအိမ်ပြန်လာရတယ်။ Knockကသားကိုရုတ်တရက်ကြီးခင်တွယ်လာရတဲ့အကြောင်းကိုနားမလည်နိုင်ပါဘူး။ ပုံမှန်ဆို Kornနဲ့Knockမှာ Knockကပုံမှန်လူနဲ့ပိုတူတာဖြစ်ပြီးဟိုကောင်ကရူးနေတာကို ဘာလို့များသားကိုခေါ်ထားချင်ရတာလဲဆိုတာနားမလည်ပါဘူး။ဒါပေမယ့်လက်ရှိဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာသားကိုသူတို့အိမ်ပို့ထားတာကလည်းမဆိုးတဲ့အကြံမို့ လက်ခံလိုက်ရတာပါ။ ဒါပေမယ့် ကျွန်တော်မသိခဲ့တာက ဒီမွေးမလာသေးတဲ့ကလေးကကျွန်တော့်သားကို Putiphattမိသားစုဝင်ဖြစ်အောင်လုပ်ဆောင်တဲ့နေရာမှာ ထိပ်တန်းကပါဝင်လာလိမ့်မယ်ဆိုတာပါ။ သိများသိခဲ့ရင်အဲ့နေ့ကသားကိုသူခေါ်ထားမဲ့အကြံကို ကျွန်တော်ဘယ်လိုမှလက်ခံခဲ့မှာမဟုတ်ပါဘူး။

Stay with meWhere stories live. Discover now