Vee POV
ဒီနေ့ကျွန်တော်ကျောင်းကနေပုံမှန်ထက်စောစောပြန်ဖြစ်ခဲ့တယ်။ ခါတိုင်းဆိုရင်တော့ သူငယ်ချင်းတွေနဲ့night outထွက်တာမျိုး၊clubတက်တာမျိုးရှိတာမို့၊assignmentတွေကိုတယောက်ယောက်အိမ်မှာစုလုပ်တဲ့အခါမျိုး၊ဒါမှမဟုတ်လည်းPloyနဲ့dateလုပ်ရင်းအလည်လွန်တဲ့ရက်မျိုးတွေဆို အမြဲအိမ်ပြန်နောက်ကျလေ့ရှိပြီးတခါတလေဆိုအိမ်ပြန်မအိပ်ဖြစ်တဲ့ရက်မျိုးတွေတောင်ရှိဖူးတယ်။ တက္ကသိုလ်တက်ပြီးနောက်ရလာတဲ့လွတ်လပ်ခွင့်တွေလို့ပြောလည်းမမှားပါဘူး။ဒီနေ့တော့ဘယ်သူနဲ့မှချိန်းမထားဖြစ်တာမို့တရက်တလေ ညနေစာကိုPaတို့နဲ့စားဖို့စိတ်ကူးနဲ့အိမ်ကိုစောစောပြန်လာဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း အိမ်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့အိမ်ကပုံမှန်နဲ့မတူပဲလှုပ်လှုပ်ရှားရှားဖြစ်နေတာမို့ Paကိုမေးကြည့်မိတယ်။
"ဘာတွေဖြစ်နေတာလဲ Pa ဘာလို့Paကအဝတ်အစားတွေထုတ်ပြီးထည့်နေတာလဲ???""Nong Mark တယောက်Finlandမှာနှင်းလျောစီးဖို့သွားရင်းပျောက်သွားလို့တဲ့၊ အဲ့ဒါPaတို့လိုက်သွားကြမလို့ Flightလည်းစီစဉ်ပြီးပြီ၊ဒီညပဲသွားကြမှာ"
"Markကဘယ်ကဘယ်လိုပျောက်ရတာလဲPa, Paတို့ပြောတော့သူဒီလကုန်ပြန်လာမှာဆို"
"အစကစီစဉ်ထားတာကတော့အဲ့လိုပဲ၊ဘယ်လိုဖြစ်တာလဲတော့Paတို့လည်းမသိဘူး။ Nong Markဘာမှမဖြစ်ပါစေနဲ့ပဲဆုတောင်းပါတယ်"
"သား Paတို့မရှိတုန်းကျန်းမာရေးဂရုစိုက်နော်၊ အစားမှန်မှန်စားအုံး"
"Uncle Arthitကောဘယ်လိုနေလဲ??"
"ဘယ်လိုနေမယ်ထင်လို့လဲသားရယ် သတင်းကြားကြားချင်းအရုပ်ကြိုးပြတ်ပဲ ချက်ချင်းသွားဖို့ကအဆင်မပြေလို့ ညဘက်ကိုရတဲ့flightနဲ့သွားကြမှာ သားရဲ့Phorတောင်အခု အဲ့အိမ်မှာPaကိုစောင့်နေတာPaကအထုပ်လာထည့်တာ"
"နေပါအုံးPaသားလည်းလိုက်မယ်"
"အဆင်ပြေပါ့မလား သားရယ်ကျောင်းကိုဘယ်လိုလုပ်မလဲ??? ဟိုမှာကကြာရင်ကြာမှာနော်"
"Markကိုရှာတဲ့နေရာမှာလူတယောက်ပိုပါတော့မြန်မြန်တွေ့တာပေါ့ ကျောင်းကပြဿနာမရှိလောက်ပါဘူးPaရဲ့ Waကိုပြောလိုက်မယ်"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...