Couples Trip Part 6

124 17 4
                                    

Nuea POV

   ဒီနေ့က ကျွန်တော့်ဘဝမှာအချစ်ရဆုံး၊တန်ဖိုးအထားရဆုံးကလေးကို ချစ်ခွင့်ပန်မယ့်နေ့မို့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေမိပါတယ်။ ပြီးတော့ဒီနေ့ကဒီကမ်းခြေမှာ နေတဲ့နောက်ဆုံးညမို့ အားလုံးအတွက်ညကျရင် ကမ်းခြေမှာမီးပုံပွဲလေးလုပ်ပေးဖို့စီစဉ်ထားတယ်တဲ့။ အဲ့မီးပုံပွဲမှာပဲ ကျွန်တော်လည်း Markကိုဖွင့်ပြောမှာ။ ဒီညက ဒီခရီးရဲ့နောက်ဆုံးညဆိုတော့ စီနီယာ၊ဂျုနီယာ‌ေတွအကုန်လုံးဆုံကြတုန်း အရင်ကNewyearညတွေလို ဂိမ်းတွေဆော့ရင်းအချိန်ကုန်ကြဖို့ဆုံးဖြတ်ထားကြတာ။ Markကိုအားလုံးရဲ့ရှေ့မှာ Supriseအနေနဲ့ချစ်ခွင့်ပန်တာကတော့ ကြားဖြတ်အစီအစဉ်ပေါ့။ ဒီအစီအစဉ်ကိုသိတာက Markနဲ့Veeကလွဲရင်အားလုံးကအနည်းနဲ့အများတော့သိကြတယ်။ အသေးစိတ်ကိုသိတာကတော့ ကျွန်တော်နဲ့ Jayနှစ်ယောက်တည်းရယ်။ ကျွန်တော်အချိန်တွေအကြာကြီးစောင့်ခဲ့ရတဲ့နေ့မို့လို့လားပဲ ကောင်းကင်ကြီးကတောင်အရမ်းလှနေတယ်။ ကျွန်တော့်ကိုအောင်မြင်ပါစေလို့ဆုတောင်းပေးနေသလိုပဲ။ Markကတော့မိုးလင်းကတည်းက အူမြူးနေတဲ့ကျွန်တော့်ကိုကြည့်ပြီး ဘာဖြစ်နေတာလဲလို့မေးနေတာလေတ‌‌ေနကုန်ပဲ။Veeကတော့ သိပ်မသင်္ကာတဲ့အကြည့်‌ေတွနဲ့ လူကိုကြည့်လေရဲ့။ ကြောက်တာတော့မဟုတ်ပေမယ့် တခါတလေသူ့အကြည့်က ကျွန်တော့်ကိုကျောချမ်းစေတယ်။ ဘယ်လိုပြောရမလဲ ကိုယ်ကမဟုတ်တာလုပ်မထားပေမယ့်လည်း ကိုယ့်ရဲ့အားနည်းချက်ကို သိထားတဲ့လူကိုသတိထားနေရသလိုမျိုးပေါ့။ ဒါပေမယ့် ဒီနေ့တရက်တော့ အဲ့ဒီအကြောက်တရားကော၊ဘာကောအားလုံးမေ့ထားဖို့ဆုံးဖြတ်ထားတယ်။ Markကိုဖွင့်ပြောဖို့ကိုပဲ အာရုံစိုက်ထားတာမို့။ ဒီကိုမလာခင်ကတည်းကသူ့ကိုဖွင့်ပြောရင် ကျိန်းသေပေါက်ကျွန်တော်သုံးချင်တဲ့သီချင်းတပုဒ်ရှိတယ်။ ကျွန်တော့်စိတ်ထဲမှာသူ့ကို အမြဲတမ်းအဲ့သီချင်းကိုဆိုပြခဲ့တာမို့ လေ့ကျင့်စရာတော့မလိုပေမယ့်လည်း ပြီးခဲ့တဲ့ရက်တွေမှာတော့ နည်းနည်းပါးပါးအပြေးအလွှားလေ့ကျင့်ရသေးတာပေါ့။ နေ့တိုင်းJayတို့အခန်းကိုသွားပြီး အနှောင့်အယှက်ပေးရင်းလေ့ကျင့်ရသေးတယ်။ Supriseလုပ်ချင်တော့ Markကကျွန်တော်ဘာလုပ်နေလဲဆိုတာလုံးဝမသိမှဖြစ်မှာမို့လေ။ အဲ့တော့ သူမအားတဲ့အချိန်၊ သူသတိမထားမိနိုင်မဲ့အချိန်မျိုးတွေမှာ လေ့ကျင့်ရတယ်။ ကျွန်တော့်ရဲ့သူ့အပေါ်ထားတဲ့ခံစားချက်တွေက အရမ်းလေးနက်တာမို့ ဒီသီချင်းနဲ့ဖော်ပြမှကိုဖြစ်မှာ။

Stay with meWhere stories live. Discover now