I think I???

136 21 0
                                    

Mark POV

P Veeနဲ့ကျွန်တော်လူချင်းမတွေ့ဖြစ်တာဒီနေ့နဲ့ဆိုသုံးရက်‌ေတာင်ရှိပြီ အမှန်ပြောရရင်တော့ ကျွန်တော့်ရင်ထဲနေလို့မကောင်းဘူး တမျိုးကြီးပဲ သူ့ကိုလွမ်းတယ်လို့ပဲခေါ်ရမလားမသိဘူး လက်ထပ်ပြီးကတည်းကအခုလိုရက်အရှည်ကြီးတခါမှမခွဲဖူးတော့ အခုလိုသူရက်ရှည်ခရီးသွားနေတဲ့အခါ အိမ်ကိုပြန်လာတိုင်းတခုခုလိုနေသလိုပဲလို့ခံစားရတယ် ရက်ရှည်ဆိုတာဝေးလို့ရက်တို‌ေတာင်မခွဲခဲ့ဖူးပဲP Veeကလက်ထပ်ပြီးကတည်းကအလုပ်သွားတဲ့အချိန်ပဲ ကျွန်တော့်အနားမှာမရှိပဲ ကျန်တဲ့အချိန်ကအမြဲအနားကပ်နေကျမို့အခုလိုသူမရှိတော့လည်း အရာအားလုံးကစိုစိုပြည်ပြည်မရှိသလိုမြင်လာရတယ် ညနေတိုင်းအလုပ်ကပြန်လာတာနဲ့ ကိုယ့်ရဲ့ကလေးလေးဆိုပြီးပြေးလာပြီးဖက်မယ့်လူမရှိတော့ ဟာတာတာကြီးဖြစ်နေရော သူကလည်းအမြန်ပြန်လာချင်‌ေပမယ့်အလုပ်တွေအဲ့ဘက်မှာမပြတ်‌ေသးတာမို့ပြန်မလာနိုင်လို့အားနာကြောင်း နောက်ပြီးP Barနားမှာပဲအမြဲနေဖို့ အိမ်မှာနေရတာပျင်းရင် Paတို့အိမ်သွားနေဖို့တဖွဖွမှာနေပေမယ့် ကျွန်တော်ကကို သူ့အငွေ့အသက်တွေရှိတဲ့ဒီအိမ်ကနေဘယ်မှမသွားချင်ဘူးဖြစ်နေတာ ဒီတခါP Veeနဲ့ခွဲရပြီးနောက်ကျွန်တော့်ရင်ထဲမှာ‌ေသချာလာတာက ကျွန်တော်P Veeကိုချစ်နေပြီထင်ပါတယ်။ ဒီတခါ P Veeခရီးထွက်သွားတာကတော်တော်လေးကြာတယ် အခုဆိုသူသွားရတာနှစ်ပတ်လောက်တောင်ရှိနေပြီ အဲ့တော့ ‌သူနဲ့ခွဲနေရတဲ့ကာလတလျောက်လုံးမှာပိုသေချာလာတာက ကျွန်တော်သူမရှိရင်ဘယ်လိုမှမဖြစ်တော့ဘူးဆိုတာပါ ဘာလို့ဆိုညဘက်တွေအိပ်ရင်သူ့ရဲ့‌ေယာျ်ားဆန်တဲ့ကိုယ်သင်းနံ့ရှိတဲ့ခုတင်မှာမအိပ်ရရင် အိပ်မပျော်တော့ဘူး နောက်ပြီးခါတိုင်းညတွေလို နွေးထွေးတဲ့ရင်ခွင်တစုံထဲစိတ်ချလက်ချအိပ်ရတာမဟုတ်တဲ့အတွက် လန့်လန့်နိုးလာရတဲ့ညတွေလည်းအများကြီးပဲ P Veeကကျွန်တော့်ကိုအများကြီးဂရုစိုက်ပြီးအများကြီးချစ်ပေးတဲ့သူမို့ အခုလိုကျွန်တော်အလိုလိုက်ခံထားရတဲ့သူအဖြစ်ပြောင်းလဲလာတာထင်တာပါပဲ ဥပမာပြောရရင် ရက်တရာပြည့်ညစာစားပွဲကိုပဲကြည့် ကျွန်တော်ကရက်တရာပြည့်လို့ပြည့်မှန်းသတိတောင်မထားမိတာကိုသူကသတိရပါသတဲ့ ကဲဘယ်လောက်တောင်ဂရုစိုက်သလဲဆိုတာ ဒီတခါသူပြန်လာရင်တော့သူလိုချင်နေခဲ့တဲ့အဖြေကိုပေးနိုင်ပြီလို့ထင်တာပဲ အဲ့နေ့ညကသူမေးခဲ့တဲ့မေးခွန်းရဲ့အဖြေကိုပေါ့
Flashback Start

Stay with meWhere stories live. Discover now