Knock POV
ဒီနေ့Kornကပွဲတခုကိုမိသားစုလိုက်သွားစရာရှိတယ်ဆိုပြီးပြင်ဆင်ခိုင်းထားလို့ သားကိုပါပြင်ဆင်ပေးထားရင်စောင့်နေခဲ့တယ်။
ညနေရောက်တော့မှပဲKornကလာခေါ်လို့ ဘယ်ကိုသွားတယ် ဘာကြောင့်သွားတယ်ဆိုတာကို မေးဖြစ်ခဲ့တယ်။ အဲ့တော့မှပြောပြလာတာက အခုသွားရမဲ့ပွဲကအရမ်းအရေးကြီးတယ်ဆိုတဲ့အကြောင်း သူ့ငယ်သူငယ်ချင်းရဲ့သားရက်တရာပြည့်ဖြစ်ကြောင်းကိုသိခဲ့ရတယ်။သူလွန်ခဲ့တဲ့လတွေကတည်းကဆက်တိုက်ပြောနေခဲ့တဲ့ ငယ်သူငယ်ချင်းရဲ့ကလေးဖြစ်နိုင်မလားလို့စဉ်းစားမိတယ်။ သူကသူ့ရဲ့ငယ်စဉ်ကကွဲကွာသွားတဲ့ညီအကိုလိုခင်ရတဲ့သူငယ်ချင်းအကြောင်းကိုမကြာခဏပြောလေ့ရှိလို့ သူတို့ရဲ့ခင်မင်မှုအတိုင်းအတာကိုမမေးလည်းသိနိုင်ပါတယ်။ ပြီးတော့အဲ့အိမ်ကကလေးကအရမ်းချစ်ဖို့ကောင်းတဲ့အကြောင်းလည်းမကြာမကြာပြောလေ့ရှိလို့ တခါလောက်တော့တွေ့ဖူးချင်နေခဲ့တာ။အခုတော့တွေ့ရတော့မှာပေါ့။
အဲ့ကလေး နဲ့ပတ်သက်ရင်ထူးထူးဆန်းဆန်းတွေးမိတာကတော့ဒီလောကကြီးထဲKornချစ်တဲ့ကလေးလည်းရှိသေးတာပဲလို့။ သူကအိမ်ကသားကိုတောင်အရမ်းကြီးနီးနီးကပ်ကပ် မနေတဲ့styleမျိုးမို့ အခုသွားမဲ့ပွဲရဲ့အဓိကဇာတ်ဆောင်ကို စိတ်ထဲကနေတွေ့ဖူးချင်ခဲ့တယ်။ သူပြောခဲ့သလိုပဲသူ့သူငယ်ချင်းရဲ့အိမ်ရောက်တဲ့အခါမှာတော့ သာမန်လူသားေကာင်ေလးတယောက်ကထွက်လာပြီးနှုတ်ဆက်တာကြောင့်ထူးဆန်းနေခဲ့တယ်။
"P Korn တို့ရောက်လာပြီလား""အင်း Arthit ကော"
"အကိုက အခုအထဲမှာသားနဲ့အတူရှိတယ် ကျွန်တော်က အကိုတို့ကိုတွေ့လို့ခေါ်ဖို့ထွက်လာခဲ့တာ"
"မိတ်ဆက်ပေးရအုံးမယ် ဒါကအကို့ရဲ့မိန်းမလေ"
(ဒီကောင်ကတော့ဧည့်သည်ရှေ့အသားယူနေပြန်ပါပြီ)
"ဘယ်သူကမင်းမိန်းမတုန်း"
"ညီသူပြောတာမယုံနဲ့နော်အလကားတွေ စကားမစပ်အကို့နာမည်က Knockလို့ခေါ်တယ်နော် P Knockလို့ခေါ်ရင်ရတယ်"
အိမ်ပိုင်ရှင်ကောင်လေးကနှစ်လိုဖွယ်အပြုံးတခုနဲ့အတူပြန်ပြောလိုက်တာက
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်အကို ကျွန်တော့နာမည်က Kongpobပါ P Arthitရဲ့အမျိုးသားပါ"
"P Korn အထဲမှာP Arthitစောင့်နေတော့မယ် သွားရအောင်နော် "
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...