There is Nothing

139 21 9
                                    

Mark POV

ထူးဆန်းတယ် တကယ်ထူးဆန်းတာ အခုတလော ကိုယ်ပါအပါအဝင်အနားမှာရှိတဲ့လူတိုင်းကထူးဆန်း‌ေနတယ် P Bar ရော P Ploy ရော အားလုံးကထူးဆန်းနေတာ အခုတလောကျွန်တော်ခဏခဏတွေးမိတဲ့အတွေးကတော့ အိမ်ကိုလာတဲ့ဧည့်သည်ကို နှင်ထုတ်ရင်ရိုင်းတယ်လို့ဘယ်သူကများသတ်မှတ်ထားတာလဲဆိုတာပဲ တကယ်လို့သာအဲ့ဒီဧည့်သည်ကကိုယ့်ကိုနေ့တိုင်း စိတ်ညစ်အောင်လုပ်နေရင်ကော အဲ့ဒီဧည့်သည်ကိုနှင်ထုတ်တာက ကိုယ့်အလွန်ဖြစ်မယ်လို့ထင်လား??? ကျွန်တော်လက်ရှိခံစားနေရတာကလဲအဲ့ဒါပဲ လူက ဗိုက်ထဲကသေးသေးလေးတွေကြောင့် စိတ်ရောကိုယ်ပါနေလို့မကောင်းပါဘူးဆိုမှ နေ့တိုင်းလူကိုတနည်းမဟုတ်တနည်းနဲ့ စိတ်ဖိစီးမှုပေးတဲ့P Ployကိုတော်တော်လေး အမြင်ကပ်မိတယ် ဒါပေမယ့်သူကP Vee ဧည့်သည်ဖြစ်နေတဲ့အပြင်သူ့အခြေအနေကလည်းအရမ်းကောင်းနေတာမျိုးမဟုတ်တော့ ကျွန်တော့်မှာဒေါသတွေကိုမျိုမျိုချနေရတယ် ခဏလောက်ဖြစ်ဖြစ် Paတို့အိမ်ကိုသွားနေရင်ကောင်းမလားဆိုတဲ့အတွေးတွေမကြာမကြာဝင်လာသေးတယ် Pa Knock ကိုကတိပေးထားလို့ရယ် နောက်ပြီးPaတို့ကိုစိတ်မပူစေချင်လို့သာမဟုတ်ရင် ကျွန်တော်ဒီစိတ်ပျက်စရာအခြေအနေကြီးကိုပစ်ပြီးအိမ်ပြန်သွားပြီ

        ကိုယ့်အိမ်ထောင်ဖက်ရဲ့ ရည်းစားဟောင်းက ကိုယ့်ကိုသူတို့ရဲ့အမှတ်တရကောင်းတွေအချိန်ကောင်းတွေအကြောင်းကိုမ‌ေမးပဲလာလာပြောပြနေပြီး ကိုယ့်အိမ်ထောင်ဖက်အနားလည်းကိုယ့်ထက်ပိုကပ်တာကိုမြင်ရတဲ့အခါ ပြီးတော့ အဲ့လိုမြင်နေရတာတောင် ကိုယ့်မှာပြောဖို့သူ့အခြေအနေကိုကြည့်နေရတဲ့အခါ အရင်ကထက်စိတ်ဖိစီးလာတာတော့အမှန်ပဲ ဆရာဝန်ကတောင် stress levelကိုထိန်းဖို့ပြောလာတဲ့အထိ ကျွန်တော့်မှာအခုဆို ဗိုက်ထဲကကလေးတွေအတွက်သောက်ရမဲ့ဆေးတွေတောင်မှ အချိန်မှန်အောင်မသောက်နိုင်တော့ဘူး Pa Knockကအချိန်မှန်လှမ်းလှမ်းသတိပေးနေလို့သာတော်တော့တယ် နောက်ပြီးကျောင်းကလည်းပိတ်သွားပြီဆိုတော့ကာ အိမ်မှာပဲတနေကုန်နေရတဲ့အခါစိတ်ကအရင်ကထက်ပိုမွန်းကြပ်လာတယ် အပြင်ထွက်ချင်ပေမယ့် ကျွန်တော့်ကိုစိုးရိမ်လွန်းတဲ့သူတွေကြောင့်မထွက်နိုင်ခဲ့ဘူး P Barကလည်းအခုတ‌ေလာအရင်လိုမဟုတ်ဘူး‌ေလ တရုတ်ကနေလာတဲ့သူ့အမျိုး‌ကိုဂရုစိုက်နေရလို့ဆိုလားပဲ P Veeနဲ့ P Ployကိုအမြဲလိုလိုတွဲမြင်‌ေနရတာကလည်း သိပ်အဆင်မပြေဘူး မခံစားနိုင်တော့တဲ့အဆုံး P Veeကို‌ေမး‌ေတာ့လည်း သူနဲ့စကားများတာပဲအဖတ်တင်တယ် အဲ့လိုကိစ္စတွေကြောင့် ဆရာဖိတ်တဲ့ပွဲကိုတောင် ဘယ်သူ့မှမခေါ်ပဲ တယောက်တည်းသွားခဲ့တာ ဟိုရောက်တော့ဒီတသက်ပြန်တွေ့မယ်လို့မထင်ထားတဲ့သူနဲ့ပြန်တွေ့ခဲ့တယ်

Stay with meWhere stories live. Discover now