Meaning of Gear

160 20 4
                                    

Vee POV

Markကို တရားဝင်လက်ထပ်ခွင့်တောင်းဖို့အတွေးက ရင်ထဲမှာရှိနေတာကြာလှပြီ။ အမှန်တကယ်တမ်း အဲ့လိုလုပ်ချင်တာကသူ့အုပ်ထိန်းသူတေ‌ွဆီကနေခွင့်ပြုချက်ရပြီးကတည်းကလုပ်ချင်တာ ကျွန်တော်တို့က သာမန်စုံတွဲတွေနဲ့ယှဉ်လိုက်ရင် အဆင့်တွေအများကြီးကျော်ပြီး လက်ထပ်တဲ့အဆင့်ကိုတန်းရောက်ခဲ့ကြတာမို့ ကြားထဲမှာလွတ်သွားတဲ့အရာတွေမှ အများကြီးရယ်။ ဥပမာပြောရရင် ကျွန်တော်သူ့ကိုတရားဝင်ချစ်ခွင့်ပန်တာမျိုး၊ Anni dayတွေမှာ surpriseလုပ်ပေးတာမျိုး၊ သာမန်စုံတွဲတွေလိုမျိုး dateလုပ်တာမျိုး အများကြီးပဲ မလုပ်လိုက်ရပဲ ကြားထဲမှာကျန်ခဲ့တာတွေ။ ဒါပေမယ့် အဲ့ဒါတွေကိုကလက်ထပ်ပြီးနောက်ပိုင်းဖြည့်ဆည်းလို့ရတယ်လေ ဖြည့်ဆည့်ပေးဖို့လည်းဆုံးဖြတ်ပြီးသား။ ကျွန်တော်သိပါတယ် သူကအခုထိ Nueaကို‌ေမ့ဖို့ကြိုးစား‌ေနတုန်းဆိုတာ။အချိန်တနှစ်လောက်ကြာလို့သူက‌ေမ့သွားပြီထင်ရပေမယ့်လည်း ကျွန်တော်ကသူမွေးကတည်းကစောင့်ကြည့်လာတဲ့သူလေ သိတာပေါ့ သူ့ရင်ထဲဘယ်လိုနေတယ်ဆိုတာ ဒါပေမယ့်လည်း ကျွန်တော်ကအများကြီးပိုပြီးချစ်ပေးမှာမို့ သူရဲ့ဒဏ်ရာတွေကို ကျွန်တော့်အချစ်တွေနဲ့ပျောက်ကင်းအောင်ကုသပေးပြီး သူကျွန်တော့်ကိုပြန်ချစ်လာအောင်လုပ်မှာမို့ အဲ့လောက်ကကိစ္စမရှိပါဘူး။ အချိန်တွေအများကြီးရှိပါတယ် ကျွန်တော့်အတွက်ပေါ့ အခုအရေးကြီးတာက လက်ထပ်ပွဲ အဲ့လက်ထပ်ပွဲမတိုင်ခင်တော့ Markပါးစပ်ကYesလို့ပြောတာလေးကြားချင်သေးတယ်။ သူ့အိမ်မှာပြောကြဆိုကြတုန်းကလည်း သူ့အဖြေရယ်လို့မကြားရတာမို့ Markကိုယ်တိုင်က ကျွန်တော့်ကို သူ့ဘဝလက်တွဲဖော်အဖြစ်လက်ခံတယ်ဆိုတာကိုတော့ တကယ့်လက်ထပ်ပွဲမလုပ်ခင်လေးကြားချင်သေးတယ်။ အဲ့ဒါကြောင့် သူ့ကိုလက်ထပ်ခွင့်တောင်းမဲ့ supriseအစီအစဉ်ကိုကြိတ်ပြီးစီစဉ်ခဲ့တာ။ ဒီplanအတွက်လိုအပ်မဲ့လူတွေကိုလည်း အစကတည်းကကြိုပြီးဆက်သွယ်ထားရတာ။ အဓိကကတော့ Markချစ်တဲ့ သူ့ရဲ့စီနီယာတွေပေါ့။ နောက်ထပ်စဉ်းစားရတာက Markကိုလက်ထပ်ခွင့်တောင်းရမဲ့ပုံစံ NueaလိုမျိုးGuitarတီးပြီးသီချင်းဆိုပြရလောက်အောင်လည်း ကိုယ်ကအဲ့ဘက်ကိုမကျွမ်းကျင်ဘူးမို့လား ပြီးတော့ အဲ့နည်းလမ်းကြီးကရိုးနေပြီလေ အဲ့ဒါကြောင့် စဉ်းစားရင်းစဉ်းစားရင်းက နောက်ဆုံး Yiwaaအကြံ‌ေပးသလိုပဲကိုယ်ကျွမ်းကျင်တဲ့ Martial Artsနဲ့လက်ထပ်ခွင့်တောင်းဖို့စဉ်းစားဖြစ်ခဲ့တယ်။ အဲ့အတွက်‌လည်း အရင်ကTaekwondoအတူကစားခဲ့တဲ့သူငယ်ချင်းတွေကိုပြန်ဆက်သွယ်ရသေးတယ်။ ပြီးမှလေ့ကျင့်တာဘာညာနဲ့ နှစ်ပတ်ကျော်လောက်အချိန်ယူပြီးမှ ဒီကိစ္စကိုအကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ Markချစ်တဲ့ သူ့စီနီယာတွေနဲ့တော့ သူမနှစ်က Canadaကကိစ္စဖြစ်ကတည်းကအဆက်အသွယ်မပြတ်အောင်ကြိုးစားခဲ့တယ်။ သူ့စီနီယာတွေကလည်းသူ့ကိုချစ်ကြတဲ့သူတွေဆိုတော့ သူ့ရဲ့အခြေအနေကိုအမြဲကျွန်တော့်ဆီကနေတဆင့်အမြဲမေးမြန်းနေခဲ့ကြတာ။ အခုလိုသူနဲ့ကျွန်တော်နဲ့ အခုလိုရုတ်တရက်လက်ထပ်ရတော့မယ်ဆိုတော့ သူတို့ကတောင်အံ့ဩနေကြတာ။ လက်ထပ်ရတဲ့ကြောင်းအရင်းကိုအသေးစိတ်တော့ပြောမပြခဲ့ပေမယ့် နှစ်ဖက်အိမ်ကသဘောတူလို့လက်ထပ်ရမဲ့အကြောင်းကိုပဲပြောပြခဲ့ပြီး သူ့ကိုလက်ထပ်ခွင့်အရင်တောင်းချင်တဲ့အကြောင်းပြောပြတော့ အားလုံးကဝမ်းသာအားရနဲ့ပဲကူညီဖို့သဘောတူကြတယ်။ အဲ့လိုနဲ့ပဲ ဒီနေ့ဒီလိုပွဲကိုစီစဉ်နိုင်ခဲ့တယ်။ Markရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးကိုမြင်ရတော့ ဒီအစီအစဥ်ကိုရက်တော်တော်ကြာအပင်ပန်းခံပြီးစီစဉ်ရတာတန်တယ်လို့ခံစားရတယ်။ သူကျွန်တော့်ဆီကနေ မေးချင်တာတွေအများကြီးရှိနေပုံရပေမယ့် နောက်မှဆက်မေးခွင့်ပြုဖို့ဆုံးဖြတ်ထားတယ် ဘာလို့ဆိုကျွန်တော့်အသဲ‌တုံးလေးက ဗိုက်ဆာနေပြီမို့လေ။ ညစာစားတဲ့ ပုံစံကတော့ကျွန်တော်မျှော်လင့်ထားသလိုနှစ်ယောက်သားအကြည်ချင်းဆုံရင်းမစားနိုင်ခဲ့ဘူး ဘာလို့ဆို သူ့ရဲ့စီနီယာတွေနဲ့မှအတူစားချင်တဲ့ကလေးကြောင့်ပေါ့။ အဲ့တညတော့ ဝိုင်သောက်ရင်းlimitလွန်သွားတဲ့ကလေးကို အိမ်ကိုပဲခေါ်ခဲ့ရတော့တယ်။ ဒီပုံစံနဲ့ uncle Arthitဆီပြန်ခေါ်သွားရင် ကျွန်တော်လက်မထပ်ရ‌ေသးခင် အရင်သေလိမ့်မယ်။

Stay with meWhere stories live. Discover now