Mark POV
Finlandမှာကျောင်းတက်ခွင့်ရခဲ့တာ တကယ့်ကိုကျွန်တော့အတွက်တော့ အိပ်မက်တခုလိုပါပဲ။ကံကောင်းထောက်မစွာနဲ့ပဲ အဲ့ဒီ့မှာေကျာင်းတက်နေတဲ့Jamesရဲ့အကိုက သူ့အိမ်မှာလာနေဖို့ပြောခဲ့တာမို့ နေရေးထိုင်ရေးကအဆင်ပြေသွားခဲ့တယ်။ပြီးေတာ့အဲ့အကိုတက်တဲ့ကျောင်းကကျွန်တော်တက်ရမဲ့ကျောင်းနဲ့အတူတူပဲမို့ ဒီကျောင်းကိုတက်ခွင့်ရဖို့ကိုလည်း သူကပဲကူညီပေးခဲ့တာလေ။
လေဆိပ်ကိုလည်းသူကပဲလာကြိုပေးတယ် သူ့သူငယ်ချင်းနဲ့အတူပေါ့၊ Jamesပြောခဲ့သလိုပဲ ဒီမှာတကယ့်ကိုကျွန်တော့်ရဲ့ big fanရှိနေတယ်။ အမှန်တကယ်တော့ ကျွန်တော်ကလည်း ဒီလောက်ကြီးကျော်ကြားတဲ့သူမဟုတ်ပေမယ့် အဲ့ဒီအကိုက P Yiwaaနဲ့တောင်ရင်းနှီးတဲ့အထိကို ကျွန်တော့ရဲ့ ကာလရှည်ပရိသတ်တယောက်ဖြစ်နေပါတယ်။ arrival gateကနေထွက်ထွက်ချင်းမှာပဲ P Jayက ကျွန်တော်နဲ့Windရဲ့ နာမည်ရေးထားတဲ့ စာရွက်ကြီးကိုကိုင်ပြီး စောင့်နေတာကိုတွေ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်လည်းP Jayရှေ့ကို သွားပြီးနှုတ်ဆက်လိုက်ပါတယ်။
"Sawadee kha P Jay"
"Sawadee Nong Markမဟုတ်လား"
"Khrab သူက Wind လို့ခေါ်ပါတယ်P"
အဲ့အချိန်မှာပဲခပ်ချောချော နိုင်ငံခြားသားရုပ်နဲ့ အကိုကြီးတယောက်က ရုတ်တရက်ကြီးကျွန်တော့်ကိုလာဖက်တာမို့ လန့်သွားခဲ့တယ်။
"ကြိုဆိုပါတယ် Nong Mark ရှေ့လျောက်တအိမ်တည်းအတူနေရမယ့်သူပါ Austin Matthisပါ P Aလို့ခေါ်နော်ရတယ်"
ကျွန်တော်အံ့ဩရတာက ဒီနိုင်ငံခြားသားနဲ့တူတဲ့အကိုကြီးက ဘယ်လိုများထိုင်းစကားကိုကောင်းကောင်းပြောနိုင်နေရတာလဲဆိုတာပါ။P Jayကကျွန်တော်လန့်သွားတာကိုသိတဲ့အလား"Austin ကလေးကိုမလှန့်ပါနဲ့ ကလေးကလန့်သွားပြီ မင်းကြောင့်"
"Nong စိတ်မဆိုးနဲ့နော် သူကNongရဲ့fanအကြီးစားလေ Nong Yiwaaဆီကနေ Nongရဲ့ဓာတ်ပုံတွေကိုသူကလေလံဆွဲနေကြလေ"
ကျွန်တော်တကယ်အံ့ဩရတယ်။ဘယ်လိုများ ကျွန်တော့ထက်ကြီးပြီး ကျွန်တော်တက်ချင်တဲ့ကျောင်းမှာတက်ခွင့်ရနေတဲ့သူက ကျွန်တော့်ရဲ့fanဖြစ်နေရတာလဲပေါ့။ အဲ့ဒါကြောင့် ကျွန်တော်အရမ်းပျော်သွားပြီး ကျွန်တော့်ရဲ့အကောင်းဆုံးအပြုံးကို ထုတ်ပြလိုက်တယ်။
"တွေ့ရတာဝမ်းသာပါတယ်P Mark Suthiluckပါ Nong Markလို့ခေါ်လည်းရပါတယ်P A"
"ကျွန်တော့်ကိုတော့ Nong Windလို့ခေါ်လို့ရတယ်နော်P"
အဲ့အချိန် P Jay ကဝင်ပြီးပြောတာက"ကဲNongတို့လည်းလေယာဉ်စီးရတာပင်ပန်းနေရောပေါ့ အိမ်ပြန်ပြီးနားရအောင်လေ"
**ThailandကနေFinlandကိုလေယာဉ်စီးမယ်ဆို10နာရီကျော်ကြာပါတယ်နော်***
"မင်းကNongတို့ကိုနေ့လည်စာမကျွေးတော့ဘူးလား"
"လမ်းမှာtake outဝင်ယူသွားလိုက်မယ်လေ Ai Northကတော့ချက်ထားမှာမဟုတ်ဘူး"
"အဲ့ဒါဆိုလည်းသွားရအောင်လေ Nong Markအထုပ်အပိုးတွေဒီကိုပေး"
အဲ့လိုနဲ့ပဲ P Jayနေတဲ့အိမ်ကိုကျွန်တော်တို့ချီတက်ခဲ့ကြတယ်။ လမ်းမှာP Jayပြောပုံအရ လက်ရှိP Jayနေနေတဲ့အိမ်က P Austinပိုင်တဲ့အိမ်ပါတဲ့။ P Jayတို့သူငယ်ချင်းသုံးယောက်စုပြီးအတူနေကြတာပါတဲ့။P Austinရဲ့မိဘတွေကတခြားမြို့မှာနေပါတယ်တဲ့။ တခါတလေတော့အလည်လာလေ့ရှိကြပေမယ့် အမြဲမလာပါဘူးတဲ့။ ရောက်လာရင်တော့မိတ်ဆက်ပေးမယ်တဲ့P Jayကကျွန်တော်တို့ကိုပြောပြပါတယ်။ကျွန်တော်တို့နှစ်ယောက်အတူလာနေလို့ အခက်အခဲရှိရင်ပြောပါဆိုတော့ရှေ့မှာကားမောင်းနေတဲ့P Austinက နောက်ကြည့်မှန်ကနေပြုံးပြရင်းပြောတာက "Nong Markလာနေမယ်ဆိုကတည်းက Pကအမေ့ကိုတောင် ပြောပြီးလူလွှတ်ခိုင်းပြီးအခန်းရှင်းခိုင်းထားတာ။ စိတ်မပူပါနဲ့Nong Markအိမ်ကအကျယ်ကြီးပဲမို့ ပြဿနာမရှိပါဘူး"
"ပြီးတော့Pတို့သူငယ်ချင်းသုံးယောက်လုံးကpartyလုပ်ရတာကြိုက်တယ်။Nong နောက်ဆိုpartyပွဲတွေပဲတွေ့နေရလို့မျက်စိတောင်နောက်ရအုံးမယ်"
အဲ့လိုနဲ့ပဲစကားပြောရင်း P Jayတို့အိမ်ကိုရောက်ခဲ့တယ်။ P Jayအိမ်ကိုရောက်တော့ အထုပ်အပိုးတွေသယ်ပြီးအိမ်ထဲဝင်ဝင်ချင်းပဲ TVရှေ့မှာထိုင်နေတဲ့ ခပ်ချောချော အကိုကြီးတယောက်ကိုထပ်တွေ့ရတယ်။ အဲ့အကိုကြီးက မင်းတို့ကလည်းငါနိုးကတည်းကလိုက်ရှာနေတာ ဘယ်သွားနေတာလည်းလို့မေးရင်း ကျွန်တော့ကိုမြင်တော့ အံ့ဩသွားတဲ့ပုံစံနဲ့ကြည့်နေတာကိုတွေ့ရတယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...