Relief

140 20 3
                                    

Arthit POV

    ဒီနေ့သားကိုပြန်တွေ့ခွင့်ရတော့မှာမို့ ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ရဲ့သား စပြီးကျောင်းသွားတက်တဲ့နေ့ကစပြီး ယနေ့အထိကိုဆို ကျွန်တော်သားကိုမတွေ့ခဲ့ရတာတနှစ်၊နှစ်လနဲ့၆ရက်တင်းတင်းပြည့်ခဲ့ပါပြီ။ ပိုကိုပိုတယ်လို့တွေးကြမှာကိုသိပါတယ်။ တိုးတက်လာတဲ့နည်းပညာတွေရဲ့ကျေးဇူး ကြောင့် သားကိုvideo callကနေတဆင့် မျက်နှာတွေ့ပြီးစကားပြောခွင့်ရသလို ဖုန်းကနေတဆင့် အသံကြားခွင့်ရပေမယ့် အပြင်မှာတွေ့ပြီးဖက်ထားလို့ရတာမျိုး မဟုတ်တာကြောင့် သားကိုကျွန်တော်အရမ်းလွမ်းပါတယ်။ အဲ့လိုလွမ်းနေခဲ့ရတဲ့ကလေးကိုလည်း ဒီနေ့တွေ့ခွင့်ရတေယ့မှာပါ။ လေယာဉ်ဘီးကမြေကြီးနဲ့ထိလိုက်တာနဲ့ အရမ်းအေးတဲ့နိုင်ငံဖြစ်ပေမယ့် သားရှိနေတဲ့နေရာဆိုတဲ့အသိက ကျွန်တော့်ကိုနွေးထွေးစေပါတယ်။ လေယာဉ်ပေါ်က မဆင်းခင်ပဲ Kongက ကျွန်တော့်ကိုcoatတထပ် ထပ်ဝတ်ခိုင်းပါသေးတယ်၊ အအေးပတ်မှာစိုးလို့ပါ။ ကျွန်တော့်ရဲ့ အဲဒီ့အအေးပတ်တက်တဲ့အမွေကို သားကလက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီမှာသူကျောင်းစတက်ကတည်းက အအေးမမိအောင်နေဖို့ကိုအမြဲမှာရပါတယ်။ အိမ်မှာဆိုရင်တော့ သားကို ကျွန်တော်ကအမြဲစောင့်ရှောက်ပေးနိုင်ပေမယ့် ဒီမှာတော့ သားကသူ့အားသူကိုးပြီးနေရတာမို့ စိတ်ပူနေခဲ့ရတာပါ။ဒါပေမယ့် သားနဲ့တအိမ်ထဲအတူနေတဲ့seniorတွေက သားအပေါ်အရမ်းကောင်းတယ်၊ဂရုစိုက်တယ်လို့ကြားလို့ အဲ့ကလေးတွေကိုလည်းအရမ်းကျေးဇူးတင်ရပါတယ်။ စိတ်ထဲကတွေးနေတဲ့အတွေးစတွေဟာ သားရဲ့Paဆိုတဲ့အော်သံလေးကြောင့်ပျက်ပြယ်သွားရပါတော့တယ်။
သားကို arrival gateအပြင်ဘက်နားမှာရပ်‌နေတာတွေ့တာမို့ပြေးသွားပြီးဖက်လိုက်ပါတယ်။
"Paလေ သားကိုအရမ်းလွမ်းနေခဲ့တာ"

"သားလည်းPaကိုအရမ်းလွမ်းနေခဲ့တာ ကြီးကြီးကောနေကောင်းလား louiကောဘယ်လိုနေလဲ သားမရှိတော့သားကိုမရှာဘူးလား ဘဘကောခါးနာသေးလား ဘိုးဘိုးတို့ကော ကျန်းမာရဲ့လား"
***Loui ဆိုတာMarkမွေးထားတဲ့ခွေးလေးပါ။***
လူကိုတွေ့တွေ့ချင်း မေးခွန်းတွေနဲ့ရေချိုးပေးတဲ့ကလေးကိုကြည့်ရင်းပြုံးပြီးပြန်ပြောလိုက်မိတာက

Stay with meWhere stories live. Discover now