Mark POV
P Nueaက ကျွန်တော့်ကိုဒီတသက်ဖွင့်မပြောလောက်တော့ဘူးလို့ထင်ထားခဲ့တာ။ ကျွန်တော်က ဒီအတိုင်းသူစိတ်ဝင်စားတဲ့သူတွေထဲကတယောက်ဖြစ်ပြီး အတည်တွဲဖို့စိတ်ကူးမထားဘူးလို့ ထင်ထားခဲ့တာပါ။ သူသဘောကျတဲ့ညီလေးမို့ အမြဲဦးစားပေးဆက်ဆံပြီးစောင့်ရှောက်တာလို့ပဲတွေးခဲ့တာ။ အဲ့ဒါကြောင့် P Nueaအပေါ်မှာ ရှိနေတဲ့ခံစားချက်တွေကို ကျွန်တော်တက်နိုင်သမျှသိမ်းဆည်းထားခဲ့တယ်။ ဒါပေမယ့် HuaHinကမပြန်ခင်နှုတ်ဆက်ပွဲညမှာ P Nueaကကျွန်တော့်ကိုစီနီယာတွေ အားလုံးရဲ့ရှေ့မှာဖွင့်ပြောခဲ့တယ်။ ကျွန်တော့်ကိုသူချစ်နေတာကြာပြီဆိုတဲ့အကြောင်း၊ ကျွန်တော့်ကိုအရမ်းချစ်တဲ့အကြောင်းကို သီချင်းပါဆိုပြီးဖွင့်ပြောခဲ့တယ်။ ကျွန်တော်လေ အဲ့ညကအရမ်းပျော်တာပဲ။ ကျွန်တော်ဒီတသက်မကြားရတော့ဘူးလို့ထင်ထားတဲ့စကားတခွန်းကို P Nueaဆီကကြားလိုက်ရတဲ့ညမို့အရမ်းဝမ်းသာမိတယ်။ အဲ့လိုနဲ့P Nueaနဲ့ကျွန်တော်အဲ့ညကစလို့ချစ်သူတွေဖြစ်သွားကြတယ်။ နောက်နေ့ HuaHinကနေပြန်လာကြပြီးတဲ့နောက်BKမှာ2ရက်လောက်ထပ်နေကြပြီး အားလုံးကပြန်သွားကြတယ်။ အမှန်တော့အစကတလလောက်နေကြမလို့အစီအစဉ်ရှိကြတာပါ။ ကျွန်တော်ကလည်းကျောင်းစတက်ရတော့မှာဆိုတော့ ကျွန်တော်တက်ရမယ့်ကျောင်းကိုလည်းစီနီယာတွေကလိုက်လည်မယ်ဆိုပြီး စီစဉ်ထားရာက P Aအဖေနေမကောင်းလို့အမြန်ပြန်လာဖို့ခေါ်တာကြောင့် အားလုံးအတူတူပြန်သွားကြရတယ်။ P Nueaနဲ့ကျွန်တော်ကတော့ မခွဲနိုင်သလိုဖြစ်နေပေမယ့် သူတယောက်တည်းဒီမှာကျန်ခဲ့လို့မရဘူးဆိုကာ P A တို့နဲ့အတူတူပြန်လိုက်သွားခဲ့တယ်။ ဘယ်သူကရောကိုယ့်ရည်းစားနဲ့ခွဲချင်ပါ့မလဲနော်။ အထူးသဖြင့် ချစ်သူသက်တမ်းရက်ပိုင်းပဲရှိသေးတဲ့ကျွန်တော်နဲ့ P Nueaဆိုပိုဆိုးတာပေါ့
P Nueaဘက်မှာတော့ ကျွန်တော်ကသူ့ရဲ့ဘယ်နှယောက်မြောက်ချစ်သူမှန်းမသိပေမယ့် P Nueaကတော့ ကျွန်တော့်ရဲ့ပထမဆုံးချစ်သူလည်းဖြစ်သလို အချစ်ဦးလည်းဖြစ်တာမို့ ကျွန်တော်တကယ်ရူးမလောက်ကို P Nueaကိုချစ်ပါတယ်။ ပြီးတော့ဒီRSကို ကျွန်တော်အချိန်အကြာကြီးထိန်းသိမ်းသွားချင်ပါတယ်။ ကျွန်တော်နဲ့ P Nueaရဲ့ပတ်သက်မှုကို Paသိသွားတာမို့ Paများတစုံတရာပြောအုံးမလားလို့စောင့်မျှော်နေခဲ့ပေမယ့် Paကဘာမှမပြောတာမို့ ဒီအတိုင်းလက်ခံတယ်လို့ပဲယူဆထားလိုက်ပါတယ်။P Nueaနဲ့ကျွန်တော်ကတော့ Long Distance Relationshipဆိုတဲ့အမည်အောက်မှာစတင်နေထိုင်နေရတာပေါ့။ အခုဆို ကျွန်တော်လည်းကျောင်းစတက်ရပြီမို့ ဒီနေ့ကျောင်းကိုသွားတဲ့လမ်းမှာပေါ့။ လိုက်ပို့တဲ့သူကတော့ တခြားလူမဟုတ်ဘူးP Vee။ P Veeတက်တဲ့ကျောင်းနဲ့ ကျွန်တော်တက်တဲ့ကျောင်းက ကျောင်းချင်းတူတာမို့ သူနဲ့ပဲကားကြုံလိုက်စီးရတာ။ ကျွန်တော်တယောက်တည်းကားမောင်းလာဖို့ကို ညကတည်းက uncle Kornကဖုန်းဆက်ပြီးမနက်ကိုP Veeလာခေါ်မယ်ပြောထားတာမို့ အခုလိုသူနဲ့ပါလာရတာပါ။ထိုင်းမှာ ကျောင်းပြန်တက်ရတော့မယ်ဆိုတော့လည်းအတော်လေးတော့စိတ်လှုပ်ရှားမိပါတယ်။ ကျောင်းရဲ့engineeringဌာနဘက်ကparkinglotမှာ parkingထိုးပြီးတဲ့နောက်တော့ ကျွန်တော်ကားတံခါးဖွင့်ပြီးဆင်းမလို့လုပ်ပေမယ့် P Veeကကျွန်တော့်လက်ကိုလှမ်းဆွဲတာကြောင့် ကျွန်တော်လည်းသူ့ဘက်လှည့်ပြီး ဘာပြောမလို့လဲဆိုတဲ့အကြည့်နဲ့ လှည့်ကြည့်လိုက်တော့
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...