Happy Birthday to you

190 31 2
                                    

9နှစ်သားအရွယ်Vee POV

    ဒီနေ့ကကျွန်တော့ရဲ့9နှစ်ပြည့်မွေးနေ့မို့ Putiphatt အိမ်တော်ကလူတွေအားလုံးပြေးလွှားပြီး မွေးနေ့ပွဲအတွက်ကိုပြင်ဆင်နေလေရဲ့။ ငယ်ငယ်ကတည်းက နှစ်စဉ်နှစ်တိုင်းမွေးနေ့ကိုအကြီးအကျယ် ကျင်းပနေကြမို့မွေးနေ့ပွဲဆိုတာကကျွန်တော့အတွက် ထူးခြားမှုမရှိပေမယ့် ဒီနှစ်တော့ကျောင်းက သူငယ်ချင်းတွေပါစိတ်ကြိုက်ဖိတ်ခွင့်ရတဲ့အပြင် East Emperorရဲ့ဆက်ခံသူဖြစ်လာမဲ့ကျွန်တော့ကို မျက်မြင်တွေ့ဖူးချင်တဲ့တခြားသောသမန်းဝံပုလွေအုပ်စုက အကြီးအကဲတွေပါ လာကြမှာမို့သာမန်ပွဲတွေနဲ့မတူဘဲအနည်းငယ်ထူးခြားတာတော့အမှန်ပါ။
    ပြီးတော့Suthiluckမိသားစုရဲ့သခင်လေးကလည်းကျွန်တော့မွေးနေ့အတွက်Birthday songကိုတီးပေးမယ်တဲ့လေ။အမှန်တော့အဲ့ကလေးလေးကို မတွေ့တာကြာတော့သတိရတာတော့အမှန်ပဲ။ နောက်ဆုံးတွေ့ခဲ့တာကတော့ မှတ်မိသလောက်ဆို  လွန်ခဲ့တဲ့6လလောက်က နှစ်ဖက်မိသားစုတွေ့ဆုံပွဲမှာ နောက်ဆုံးတွေ့ခဲ့တာဖြစ်ပြီး အဲ့နေ့က အဲ့ကလေးလေးကအသည်းယားအောင်ချစ်ဖို့အရမ်းကောင်းနေပေမယ့် ကျွန်တော်နဲ့တော့မျက်လုံးအကြည့်ချင်းတောင်မဆုံတဲ့အပြင် သူ့အဖေနားမှာပဲ တောက်တဲ့လိုကပ်နေပြီး လူကြီးတွေက သွားဆော့ခိုင်းတာတောင် ကလေးကစားကွင်းကိုလိုက်မလာဘဲ လူကြီးတွေစကားပြောနေတဲ့နားမှာပဲ ငြိမ်ငြိမ်လေးထိုင်နေခဲ့လို့ ကျွန်တော်တောင်အံ့ဩနေခဲ့တာ။ နေများမကောင်းလို့လားပေါ့။ ကျွန်တော်ကအကြည့်ချင်းဆုံဖို့ကြိုးစားချိန်တိုင်းရှောင်သွားတက်လွန်းလို့လည်း စိတ်ဆိုးတယ်။ ပုံမှန်ဆို ဘယ်လောက်ပဲကျွန်တော်ကစစ အနိုင်ကျင့်ကျင့် အဲ့ကလေးလေးကအမြဲတမ်းP Veeလို့အော်‌ေခါ်ပြီးနောက်ကလိုက်လာနေကြကို ဒီနေ့မှဘာလို့အချိုးတွေပြောင်းနေပါလိမ့်လို့။ အဲ့ကလေးလေးက အဲ့နေ့ကဝတ်ထားတဲ့အင်္ကျီအရောင်လေးနဲ့ သူ့အသားအရည်နဲ့အရမ်းလိုက်ဖက်ပြီးချစ်ဖို့အရမ်းကောင်းနေလို့ ကျွန်တော်ကကလိချင်ခဲ့တာကို အကလိမခံပဲပြန်သွားတာကိုလည်းစိတ်ဆိုးတယ်။ ပြီးတော့ပြန်ခါနီးနှုတ်ဆက်တဲ့အချိန် သူ့အဖေကကို့ကိုနှုတ်ဆက်အုံးလေလို့ပြောတာတောင် အကြည့်ချင်းမဆုံပဲ နှုတ်ဆက်သွားတာကိုလည်း စိတ်ဆိုးတယ်။ပုံမှန်ဆို ကျွန်တော်စထားလို့ဘယ်လောက်ပဲ ငိုနေရပါစေ ပြန်ရင်‌တော့စိတ်ပါလက်ပါ နှုတ်ဆက်တက်တဲ့ကလေးလေးက ဒီနေ့မှပုံမှန်လိုမပြုမူတာကိုလည်းစိတ်ဆိုးတယ်။
  ဒီနေ့အဲ့ကလေးလေးလာမှကလိရအုံးမယ်ဆိုပြီးအတွေးတွေနဲ့ နပမ်းလုံးနေတုန်း အခန်းထဲကိုပါးကဝင်လာရင်း‌ကျွန်တော့ကိုမေးတာက

Stay with meWhere stories live. Discover now