School Life part 3 First kiss??? part 3

164 26 2
                                    

Mark POV

   Resortရဲ့အနောက်ဘက်ကတောအုပ်လေးဆီကို အားလုံးညီညီညာညာနဲ့ချီတက်လာခဲ့ကြတာကိုမြင်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကျွန်တော့ဘဝမှာလူတွေအများကြီးနဲ့ ညအိပ်ညနေခရီးအတူထွက်ဖူးတာ ဒါပထမဆုံးမို့ အရာအားလုံးဟာအသစ်အဆန်းဖြစ်နေခဲ့တယ်။ အခု‌ကျွန်‌ေတာ်က ဒီလူအုပ်ကြီးနဲ့အတူတူ ခပ်ဝေးဝေးကလှမ်းမြင်နေရတဲ့တောင်ကိုတက်ရမှာလေ။ ပုံမှန်အတိုင်းတောင်တက်ရင်ပျင်းဖို့ကောင်းမှာစိုးလို့ ထင်ပါရဲ့ ရတနာရှာတဲ့ဂိမ်းပါထည့်ပေးထားတာမို့ ကျွန်တော်နဲ့အတူတွဲရတဲ့ ပါတနာနဲ့အတူသဲလွန်စကိုယူပြီးထွက်လာခဲ့တယ်။ P Veeနဲ့သူ့ပါတနာကတော့မြင်တောင်မမြင်ရတော့ဘူး။မြန်လိုက်တာ။ အမှန်တော့ ကျွန်တော်က ကိုယ်သိတဲ့သူနဲ့ပဲအတူတူ တဖွဲ့တည်းနေချင်ခဲ့တာ ဒါပေမယ့်စည်းကမ်းအရ မဲနံပါတ်တူတဲ့လူနဲ့ပဲ အတူအဖွဲ့ဖွဲ့ရမှာမို့ အခုတော့ ကျွန်တော်နဲ့မျက်မှန်းတန်းမိရုံလောက်ပဲရှိတဲ့ ဘောလုံးအသင်းက အကိုကြီးနဲ့တဖွဲ့တည်းဖြစ်နေရတယ်။ မတက်နိုင်ဘူးလေ။ လောလောဆယ် ပေးထားတဲ့သဲလွန်စ အတိုင်း အလံကိုရှာပြီးမှတောင်ပေါ်ကိုသွားလို့ရမှာမို့ အလံရှာဖို့ကိုစလိုက်တယ်။
"P အဲ့စာရွက်မှာရေးထားသလိုဆို ဒီဘက်ထင်တယ်နော်"
"ဟုတ်လို့လားNong Pကဟိုဘက်လို့ထင်နေတာ"
"မဟုတ်သေးဘူးလေ P ဒီထဲကပုံအတိုင်းဆို အလံထည့်ထားတဲ့boxက ဒီအပင်ရဲ့ ညာဘက်ကလမ်းအတိုင်းဝင်မှ တွေ့မှာဟုတ်ဘူးလား"
"အကိုကတော့ ဘယ်ဘက်လို့ထင်တာပဲ Nong"
"အဲ့ဒါဆို ဒီလိုလုပ်ကြမလားP"
"Pက အဲ့ဘက်လမ်းကသွား ကျွန်တော်ကဒီဘက်ကသွားလိုက်မယ် လမ်းဆုံးလို့မှမတွေ့ရင် ပြန်လာခဲ့လေ တွေ့ရင်လည်းလှမ်းခေါ်လိုက်နော် ကျွန်တော်Pရှိတဲ့ဘက်ကိုမှန်းပြီးလာခဲ့မယ် okလား"
"Okလေ Nong အဝေးကြီးမသွားနဲ့နော် တော်ကြာလမ်းပျောက်နေမယ်"
"ဟုတ်ကဲ့ P"
"ကျွန်တော်လည်း boxကိုတွေ့လိုတွေ့ငြားလျောက်လာလိုက်တာ တွေကြွေနေတဲ့လမ်းလေးရဲ့ဘေးစကားပန်းပင်ကြီးနားမှာဖွက်ထားတဲ့flag boxကိုတွေ့တာမို့ ကျွန်တော်လည်းဝမ်းသာအားရ ယူပြီးဖွင့်ကြည့်လိုက်တော့ ကျွန်တော်တို့အသင်းအရောင်အလံကိုတွေ့တာနဲ့ပဲ ယူပြီးထွက်လာခဲ့တယ်။ ဒါပေမယ့်ထူးဆန်းတာက ခုနကဝင်လာတဲ့လမ်းကိုရှာမတွေ့တော့ပါပဲ ဘယ်လောက်ပဲလှည့်ပတ်လျောက်လျောက် ဒီနားပဲပြန်ရောက်နေသလိုပဲ။ ဟိုPရောအဆင်မှပြေရဲ့လားတောင်မသိပါဘူး။ ကျွန်တော်လည်း လမ်းလျောက်ရတာမောလို့ backpackထဲထည့်လာတဲ့ရေကိုထုတ်ပြီးသောက်လိုက်တယ်။ ခဏထိာင်အမောဖြေပြီးထပ်လျောက်တော့လည်း ခုနကဝင်လာတဲ့လမ်းကိုမတွေ့ဘဲတခြားလမ်းတခုကိုပဲတွေ့တာမို့ ဝင်လိုက်ရာက ခလုတ်တိုက်ပြီးလဲတော့တာပဲ။ အဲ့အချိန်
"ရှပ် ရှပ် ရှပ်"
ခြေသံလိုလိုအသံမျိုးကြားတာမို့ P Bankကိုတွေ့ပြီအထင်နဲ့လှည့်အကြည့် ဘယ်သူမှမရှိတာကို တွေ့ရတော့ ကြက်သီးတွေပါထသွားတယ်။ဒါပေမယ့်လည်း မတက်နိုင်ဘူးလေ ဒီထက်ပို နောက်မကျခင် လမ်းရှာထွက်မှဖြစ်မှာမို့ စဉ်းစားနေချိန် တယောက်ယောက်က ကျွန်တော့ကိုစောင့်ကြည့်နေသလိုကြီးခံစားရတယ်။ ဒါလည်းစိတ်ထင်တာဖြစ်မှာပါလို့တွေးပြီး လမ်းဆက်လျောက်လာရင်းတွေးမိတာက Paပြောဖူးတဲ့ 'တောထဲမှာလမ်းပျောက်ရင် အနီးဆုံးကသစ်ပင်ပေါ်တက်ပြီးလမ်းကိုရှာ'ဆိုတဲ့စကားကိုသတိရသွားတယ်။ အဲ့ဒါနဲ့ပဲ အနီးအနားက တွေ့တဲ့အကြီးဆုံးသစ်ပင်ပေါ်တက်ပြီးလမ်းကိုရှာတော့ တွေ့တော့တွေ့ရပါတယ်။ဒါပေမယ့် လမ်းကိုတွေ့ရတာထက်ပိုထူးဆန်းတဲ့ အရာကိုတွေ့လိုက်ရတယ်။ လူတယောက် လမ်းလျောက်လာတာ မဟုတ်ဘူးပြေးနေတာ။ ဘယ်လိုပြောရမလဲမသိတဲ့ အရမ်းမြန်တဲ့ အလျင်နှုန်းနဲ့လူတယောက် လမ်းလျောက်လာပြီး ကျွန်တော်တက်နေတဲ့သစ်ပင်အောက်ကိုရောက်လာတယ်။သူ့ကိုသေချာကြည့်လိုက်တော့လေ ဘယ်လိုပြောရမလဲ မျက်လုံးတွေကနီနီကြီးနဲ့ကြောက်စရာကြီး ကျွန်တော့ဘဝမှာတခါမှမမြင်ဖူးဘူး အဲ့လိုလူမျိုး။ ပြီးတော့သူကကျွန်တော့ကိုပြုံးပြတာထင်ပါရဲ့ အစွယ်နှစ်ခေျာင်းကလည်းဖွေးလို့။ စိတ်ထဲမှာကြက်သီးတဖြန်းဖြန်းထပြီးကြောက်လာတာနဲ့ပဲ ‌ကျွန်တော် အောက်ကိုပြန်မဆင်းတက်တော့ဘူး။ ညနေစောင်းရာကညကလည်းတဖြည်းဖြည်းမှောင်လာတာမို့ လူကလည်းအရမ်းအေးလာခဲ့တယ်။
အဲ့အချိန် ကျွန်တော့နာမည်ကိုအော်ခေါ်သံလိုလိုကြားရသလိုပဲ။ သေချာနားစိုက်ထောင်လိုက်တော့ အဲ့အသံကအရမ်းရင်းနှီးပြီး ကျွန်တော့တသက်လုံး ကြားလာခဲ့ရတဲ့လူရဲ့အသံ၊ ဟုတ်တယ် P Veeအသံပဲ။
"P Vee သားဒီမှာရှိတယ်"
"P Veeရေ သားဒီမှာလို့"
"P Vee သားသစ်ပင်ပေါ်မှာပါလို့"
အားကုန်အော်ခေါ်လိုက်ပြီးနောက် အလင်းတန်းအသေးစားလေးတခုကျွန်တော်အပေါ် ကျရောက်လာခဲ့တယ်။
"Mark လား "
"Mark အဲ့သစ်ပင်ပေါ်ဘာတက်လုပ်နေတာလဲ အခုဆင်းခဲ့"
"သားမဆင်းတက်တော့ဘူး P Vee သားကိုကူပါအုံး"
"ခဏနေအုံးနော် Markအဲ့အတိုင်းငြိမ်ငြိမ်လေးနေနော်"
"P အပေါ်ကိုတက်ခဲ့မယ်"
ကျွန်တော်ပြုတ်ကျမှာစိုးရိမ်တဲ့အကြည့်တွေနဲ့ P Veeက ကျွန်တော့ကိုကြည့်ရင်း
"Mark စိတ်လျှော့နော် အောက်ကကိုင်းအကြီးကြီးကိုတွေ့လား အဲ့အကိုင်းကိုနင်းပြီးဆင်းခဲ့နော်"
"ဟင့်အင်းမဆင်းဘူး ပြုတ်ကျသွားမှာပေါ့"
"Pဖမ်းပေးမှာပေါ့ ပြုတ်မကျပါဘူးဆင်းခဲ့နော်"
"ဟုတ် P Vee"
ကျွန်တော်P Veeပြောသလိုဆင်းလာလိုက်တာ မြေပြင်နဲ့သိပ်မကွာတဲ့နေရာကိုရောက်လာခဲ့တယ်။
ဒါပေမယ့် ရုတ်တရက်ခြေချော်ပြီးပြုတ်ကျသွားခဲ့တယ်။
ဒီတခါတော့ဖြင့်သွားပြီလို့တွေးလိုက်မိတဲ့အချိန်မှာ ကျွန်တော့ရဲ့အောက်က အရမ်းကို နူးညံ့တဲ့အထိအတွေ့တခုကိုခံစားလိုက်ရပြီး
ကျွန်တော့ရဲ့မျက်လုံးထဲအရာအားလုံးမှောင်မိုက်သွားခဲ့တယ်။

Stay with meWhere stories live. Discover now