Who is your Mom???

109 19 6
                                    

Mark POV

  P Veeကကျွန်‌ေတာ့်အကြောင်းကိုကြားကြားချင်းပြန်လာတာကိုဝမ်းသာမိပေမယ့် သူအခုလိုမျိုးကလေးတယောက်ကိုအိမ်ကိုခေါ်လာလိမ့်မယ်လို့ကိုမတွေးမိတာ အစကတော့ သူပြန်လာတာနဲ့ သူ့ကိုဗိုက်ထဲကကလေးလေးအကြောင်းအသိပေးမယ်ပေါ့ သူပဲအမြဲကျွန်တော့်ကိုsupriseလုပ်နေတာလေ ဒီတခါတော့ ကိုယ်ကတလှည့်ပြန်ပြီးသူ့ကိုအံ့ဩအောင်လုပ်မယ်ဆိုပြီး တွေးလိုက်ရတာလူကိုမောနေရော တကယ့်တကယ်သူကပြန်လာတော့ဘယ်ကဘယ်လိုစပြောရမလဲကိုမသိတော့ဘူး  ဒီကြားထဲမှာသူ့ကိုအရမ်းကပ်တဲ့ကလေးကပါလာသေးတယ် အဲ့တော့ကလေးလေးကိစ္စကိုဘယ်လိုပြောရမလဲကိုမသိတော့ဘူး အဲ့နေ့မနက်ကကိစ္စကိုပြန်တွေးကြည့်ရင်အခုတောင်စိတ်ထဲမတင်မကျဖြစ်မိတုန်း P Veeကိုကျွန်တော်က Nong Ginနဲ့ပတ်သက်ပြီးမေးတဲ့အခါတုန်းကပေါ့
Flashback Start

အဲ့နေ့မနက်က အိပ်ရာကနိုးတော့ခါတိုင်းလိုဘေးမှာP Veeကမရှိတော့ဘူး လူကလည်းကိုယ်ဝန်ကြောင့်လားဘာကြောင့်လားပဲ P Veeကိုအနားမှာမရှိရင်ကိုစိတ်ကတခုခုလိုနေသလိုလိုဖြစ်နေတာ
အဲ့ဒါကြောင့် အိပ်ရာထဲကနေအသာထရင်းမျက်နှာသစ်ပြီးနောက် အောက်ထပ်ကိုဆင်းပြီးP Veeကိုလိုက်ရှာတော့ ထမင်းစားခန်းဘက်ကနေP Veeအသံကြားတာမို့သွားကြည့်တော့ သူစိမ်းကလေးတယောက်ကိုချီပြီးကျွန်တော့်ကိုကျောခိုင်းထားတဲ့ P Veeကိုတွေ့ရတာမို့မေးလိုက်မိတယ်

"အဲ့ဒါဘယ်ကကလေးလဲ P Vee"

ကျွန်တော့်ကိုတွေ့တော့ P Veeကပြုံးပြီးကြည့်ရင်း "နိုးလာပြီလား Mark"လို့မေးပေမယ့် လက်ထဲကကလေးကိုမချဘူး  ပြီးတော့
ခါတိုင်းလိုမျိုး Morning Kissပေးတာမျိုးလည်းမရှိဘူး ကျွန်တော်ကမေးတာကိုဖြေဆိုတဲ့မျက်နှာမျိုးနဲ့ကြည့်တော့မှ

"Awe Pမနေ့ကတည်းကPရဲ့အထူးဧည့်သည်လေးနဲ့Markကိုမိတ်ဆက်ပေးဖို့ကိုသူကခရီးပန်းပြီးတနေကုန်အိပ်နေတော့ မေ့သွားတာ ဒါက Nong Ginလေ နယ်ကPမိတ်ဆွေရဲ့သား အခုသူကမအားလို့Pကိုခဏကြည့်ပေးဖို့အကူအညီတောင်းလို့ခေါ်လာတာ ချစ်စရာမကောင်းဘူးလား ကလေးက"

"...."

"Nong Ginလေး ဒါကဦးဦးရဲ့အရေးအကြီးဆုံးသူဦးဦးရဲ့ချစ်ဇနီး Markလို့ခေါ်တယ် မှတ်ထားနော်သား ဦးဦးMarkကသဘောအရမ်းကောင်းတာ"

Stay with meWhere stories live. Discover now