Mark POV
လေးလံနေတဲ့မျက်လုံးတွေကိုအားယူလို့ဖွင့်ဖို့ကြိုးစားမိတယ်။ ကျွန်တော်ဘာဖြစ်သွားတာပါလိမ့်။ သတိရမိတာက Paနဲ့ uncle Kornရဲ့ရန်ဖြစ်နေတဲ့မြင်ကွင်းမို့အိပ်ရာကနေ ကုန်းထဖို့ကြိုးစားလိုက်တဲ့အခါ
"Ah"ခေါင်းအနောက်ဖက်က စူးရှရှနာကျင်မှုနဲ့အတူ ကြားလိုက်ရတာက P Aimရဲ့အသံ
"Nong Mark သတိရလာပြီလား မထနဲ့အုံးလေ"
"ကျွန်တော်ဘာဖြစ်သွားတာလဲ???"
" Dr Ben ပြောတာတော့Nong Markမေ့လဲသွားတာတဲ့ Sir KornကNong Markနိုးရင်လာပြောဖို့ပြောထားတယ်"
"Pသွားလိုက်အုံးမယ် မထနဲ့နော်"
"Khrab"
P Aim အခန်းထဲကနေထွက်သွားပြီးတဲ့နောက် P Veeကအခန်းထဲဝင်လာသလို ကျွန်တော့်ကိုမြင်တော့ပျာပျာသလဲကျွန်တော့်နားကိုကပ်လာပြီး
"Mark သတိရလာပြီလား??? Pကစိတ်ပူနေတာ"
"ဟုတ် Paရောဟင်"
"Uncleရှိပါတယ် အောက်ထပ်မှာ Phorနဲ့စကားပြောနေပါတယ်"
"သူတို့အဆင်ပြေရဲ့လား"
"Markရယ် ကိုယ့်အတွက်ကိုယ်အရင်တွေးပါလား"
အဲ့အချိန်မှာပဲ အခန်းထဲကိုPaနဲ့အတူ uncle Kornပါဝင်လာခဲ့တာမို့ P Veeကကျွန်တော့်ခုတင်နားကခွာလိုက်သလို Paကလည်း P Veeကို စူးစူးရဲရဲတချက်ကြည့်လိုက်တာကိုမြင်လိုက်ရတယ်။
"Mark သား သက်သာရဲ့လား"
"ဟုတ် သားဘာမှမဖြစ်ပါဘူး။ Paတို့ သားအတွက်နဲ့ရန်မဖြစ်ကြပါနဲ့နော်"
"Paတို့ရန်မဖြစ်ပါဘူး ဟုတ်တယ်နော် Ai Korn"
"ဟုတ်တယ် Nong Markရဲ့ uncleတို့ပြေလည်နေပါပြီ"
"AI Kornငါသားနဲ့ နှစ်ယောက်တည်းပြောချင်တာလေးရှိလို့ ခဏအပြင်ထွက်ပေးလို့ရလား"
"အေးပါ Vee လာလေ"
"ဟုတ်ကဲ့"
P Veeနဲ့ uncleတို့တွေအခန်းထဲကနေထွက်သွားပြီးနောက် Paက ကျွန်တော့်ကိုအေးလာတာက
"ခေါင်းကိုက်နေသေးလား သား''
"နည်းနည်းပါ Paသားခံနိုင်ပါတယ်"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...