Vee POV
Suthiluckစံအိမ်တော်ကို သူစိမ်းဝင်ပြီးနောက်ကျွန်တော်တို့လည်း Markကိုအရင်ကထက်ပိုဂရုစိုက်ရတယ်။ ဘာလို့ဆိုဝင်သွားတဲ့သူစိမ်းက အိမ်ထဲကအဖိုးတန်တဲ့ပစ္စည်းတခုမှယူမသွားခဲ့ပဲ Markရဲ့အခန်းကိုပဲဝင်သွားခဲ့ပြီး Markကိုပဲတိုက်ခိုက်သွားခဲ့တာမို့ပါ။ အဲ့ဒါထက်ပိုထူးဆန်းတာက သူယူသွားတဲ့တခုတည်းသောပစ္စည်းက Markကိုသူ့ရည်းစား ဆောင်ပေးထားခဲ့တဲ့တခုတည်းသောလက်ဆောင်ဖြစ်တဲ့ keychainလေးကိုယူသွားခဲ့တာမို့ပါ။ အဲ့ဒီအပြင်နောက်ထပ်သူယူသွားတာက Markရဲ့အချစ်တော်Louiရဲ့အသက်ပါဖြစ်နေတာမို့ ကျွန်တော်တို့အကုန်လုံးသတိကြီးကြီးထားပြီး ဒီကလေးကိုကာကွယ်ဖို့စဉ်းစားရပါတော့တယ်။ တကယ်လို့ အဲ့ညကMarkရဲ့အခန်းထဲကိုသာLouiဝင်မသွားခဲ့ရင်၊ အဲ့ဒီသူစိမ်းကို မတိုက်ခိုက်ခဲ့ရင် Louiနေရာမှာ Markတောင်ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုမျိုးတွေးမိတဲ့အခါ Markရဲ့လုံခြုံရေးက ကျွန်တော်တို့အတွက် ဦးစားပေးဖြစ်လာခဲ့ပါတယ်။ အခုဆို Markကကျွန်တော့်အိမ်မှာလာနေတာမို့ နည်းနည်းတော့စိတ်အေးရပါတယ်။ အဲ့ကိစ္စဖြစ်ဖြစ်ခြင်းမှာတော့ Markကိုသူ့အိမ်မှာပဲထားပြီးပုံမှန်အတိုင်းစောင့်ရှောက်ခဲ့ပေမယ့် uncle Arthitကuncle Kongနဲ့အတူခရီးသွားစရာရှိသလို Markကိုကြည့်ပေးနေကျ ကြီးတော်ကလည်းသူ့နယ်ကိုအနားယူဖို့ပြန်သွားတဲ့အချိန်မို့ ဒီကလေးတယောက်တည်း ရှိနေလို့မဖြစိတဲ့အတွက် uncle Arthitက Markကို ကျွန်တော်တို့အိမ်မှာထားခဲ့ဖို့ Paကိုပြောလာတာမို့ အားလုံးကဝမ်းသာစွာနဲ့ပဲလက်ခံခဲ့ကြတာပါ။ ကျွန်တော့်အိမ်ကိုသူရောက်နေတာအခုဆိုတပတ်လောက်တောင်မှရှိနေပြီ။ သူ့အချစ်တော်Louiသေသွားတဲ့အကြောင်းကိုတော့ သူသတိပြန်ရလာပြီးနောက်တရက်နေမှပြောပြခဲ့ရတယ်။ အဲ့နေ့ကအဖြစ်ကိုပြန်တွေးကြည့်ရင် ကျွန်တော်အခုတောင်ကြောက်နေရတုန်း၊စိုးရိမ်နေရတုန်းပဲ။ Markတခုခုဖြစ်သွားမှာကိုစိုးရိမ်တာပါ။
Flashback start
အပေါ်ထပ်ကအသံကြားပြီးနောက် ကျွန်တော်တို့အားလုံး အမှောင်ထဲမှာကြိုးစားပြီး Markအခန်းရှိတဲ့ဆီကို သွားကြပေမယ့် ဟိုရောက်တော့ ခွေခွေလေးလဲနေတဲ့ကလေးကိုတွေ့တာမို့ ကျွန်တော်လည်းသူ့ကိုသွားပွေ့ရင်းမှကြည့်လိုက်တော့အရိုက်ခံရလို့ သတိမေ့သွားပုံရပါတယ်။ Paကတော့ချက်ချင်းပဲ Deeကိုအခန်းထဲကနေခေါ်ထုတ်သွားပါတယ်။အခန်းထဲကမြင်ကွင်းကလည်းကလေးမြင်ဖို့မသင့်တဲ့မြင်ကွင်းဖြစ်နေတာကြောင့်ပါ။ ကျွန်တော်လည်းMarkရဲ့အခြေအနေကိုသိသိချင်းပဲ Markကိုအခန်းထဲကနေ uncleတို့အခန်းကိုရွှေ့ပြီးတော့ Dr Benကိုဖုန်းဆက်ခေါ်ရပါတော့တယ်။ Dr ကMarkကိုရော Deeကိုပါစစ်ဆေးပြီးနောက်သိရတာက Markကနောက်စေ့ကိုအရိုက်ခံလို့သတိမေ့သွားတာဖြစ်ပြီး Deeကရှေးဟောင်းဆေးတမျိုးနဲ့အိပ်အောင်လုပ်တာခံထားရတာတဲ့။ အဲ့နောက်ပိုင်းအသက်မရှိတော့တဲ့ Louiရဲ့အလောင်းကဒဏ်ရာကိုစစ်ကြည့်ပြီးတဲ့နောက် ကျွန်တော်တို့သိလိုက်ရတဲ့အမှန်တရားက ဒီအိမ်ထဲဝင်လာခဲ့တဲ့သူကVampireဖြစ်နေတယ်ဆိုတာပဲ။ ဘာလို့ဆိုLouiရဲ့လည်ပင်းကကိုက်ရာကြောင့်ပဲ။ ကျွန်တော်ပထမဆုံးတွေးမိတာကNueaများလားပေါ့။ ဒါပေမယ့် Nueaဖြစ်နိုင်မလားဆိုတဲ့အတွေးကနောက်နေ့Markအခန်းထဲကိုကျွန်တော်ဝင်တဲ့အချိန် ကုတင်ဘေးမှာတစွန်းတစထွက်နေတဲ့ ကြယ်စင်တန်းပုံစံလက်ပတ်လေးကြောင့် Nueaဖြစ်နိုင်တယ်ဆိုတဲ့အတွေးကပြန်လည်ပျောက်ဆုံးသွားခဲ့ပါတယ်။ဘာလို့ဆို အဲ့လက်ပတ်ကMarkပစ္စည်းမဟုတ်တာကျွန်တော်သေချာသိလို့ပါ။ Markရဲ့ပစ္စည်းအားလုံးမှာMarkရဲ့ကိုယ်ပိုင်ရနံ့စွဲထင်ပြီးကျန်ခဲ့တယ်လေ။ ဒီပစ္စည်းမှာရတဲ့အနံ့က ကျွန်တော်တခါမှမရဖူးတဲ့အနံ့ဖြစ်တာမို့ အဲ့လက်ပတ်ရဲ့ပိုင်ရှင်က ကျိန်းသေအဲ့နေ့ကMarkကိုတိုက်ခိုက်သွားတဲ့လူပဲဖြစ်မှာသေချာတယ်လို့ ကျွန်တော်တထစ်ချယူဆလိုက်ပါတော့တယ်။ MarkကိုLouiသေသွားကြောင်းပြောပြတဲ့အခါ Markကမငိုခဲ့ပါဘူး။ ဒါပေမယ့် Louiကိုခြံထဲမှာပဲမြှုပ်နှံပေးဖို့ပြောတာမို့ သူပြောသလိုပဲလုပ်ခဲ့ပါတယ်။ နောက်မှ uncle Arthitပြောပြလို့သိရတာက Markကကျွန်တော်တို့ရှေ့မှာမငိုခဲ့ဘဲ သူ့ဟာသူတယောက်တည်းရှိတဲ့အချိန်မှငိုနေတာတဲ့။ သူ့ကိုထပ်ပြီးစိတ်ပူနေကြမှာစိုးလို့တဲ့လေ။ အဲ့နေ့နောက်ပိုင်းတော့ Markရဲ့အိပ်မက်ဆိုးတွေပြန်မက်လာတာမို့ သူ့ကိုအရင်လိုပဲဆရာဝန်နဲ့ပြန်ဆွေးနွေးစေခဲ့တယ်။ အခုတော့ပြန်သက်သာလာပါပြီ။တခါတလေသူ့ရဲ့Louiကိုသတိရနေတာကလွဲရငိပေါ့။
Flashback end
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...