Arthit POV
သားကို Putiphattအိမ်တော်ကနေပြန်ခေါ်လာတဲ့လမ်းမှာ ကျွန်တော်နဲ့သူစကားမပြောဖြစ်ကြဘူး။ပုံမှန်ဆို သားနဲ့ကျွန်တော်နှစ်ယောက်တည်းရှိရင် အဲ့လောက်တိတ်ဆိတ်ေနတာမျိုးမရှိဖူးဘူး။ ကျွန်တော်ကလည်း ကျွန်တော့်အတွေးနဲ့ကျွန်တော်ဖြစ်သလို သားကလည်းဘာမှမပြောပဲမမေးပဲငြိမ်နေတာမို့ အပြန်တလမ်းလုံးတိတ်ဆိတ်နေခဲ့တာ။ အလာတုန်းကကိုယ့်ကားကိုယ်မောင်းပြီးအေးအေးလူလူလာခဲ့ပေမယ့် အခုပြန်တော့ ကျွန်တော်စိတ်လှုပ်ရှားနေတာကိုသိတဲ့ Ai Kornက သူ့အိမ်က driverထည့်ပေးလိုက်တာမို့ အခုပြန်တဲ့လမ်းကကားမောင်းစရာမလိုဘူးလေ။ သူ့အိမ်နဲ့ ကျွန်တော့်အိမ်အကွာအဝေးက မသေးပေမယ့် တလမ်းလုံးစဉ်းစားခန်းဖွင့်လာတာမို့ ကိုယ့်ခြံေရှ့ရောက်လို့ရောက်မှန်းတောင်မသိတဲ့အဖြစ်။ သားကတော့ ဟိုအိမ်ကနေသူခေါ်လာတဲ့ခွေးပေါက်စလေးကိုချီလို့ ကားတံခါးတွန်းဖွင့်ပြီးဆင်းသွားတာမို့ ကျွန်တော်လည်းကိုယ့်ဘက်ကတံခါးကိုတွန်းဖွင့်လို့အိမ်ထဲကိုဝင်ခဲ့တဲ့အခါ ကျွန်တော့်ရှေ့မှာမြင်ရတဲ့မြင်ကွင်းလေးကတော့ ကျွန်တော်တသက်လုံးမြင်နေရလဲမရိုးနိုင်တဲ့မြင်ကွင်းဖြစ်တဲ့ Kongကသားကိုဖက်ပြီးနှုတ်ဆက်နေတဲ့မြင်ကွင်းလေးလေ။ ကျွန်တော်တို့မိသားစုဒီလောက်ပြည့်စုံသာယာနေတာ သားကိုဘယ်လိုလွယ်လွယ်နဲ့သူများတကာလက်ထဲထည့်နိုင်မှာလဲ။ ကျွန်တော်ကြည့်နေတဲ့အကြည့်ကို Kongကနားလည်တဲ့အလားကျွန်ေတာ့်ခေါင်းညှိမ့်ပြပြီး သူကသားကိုအိမ်ထဲဝင်ခိုင်းလိုက်တယ်။ ကျွန်တော်လည်းနောက်ကနေလိုက်ဝင်လာပြီးနောက် အခုထိခွေးကိုမချဘဲချီထားတဲ့သားကိုဧည့်ခန်းထဲမှာငုတ်တုတ်လေးထိုင်နေတာတွေ့ရတာမို့"သား ဘာမှမစားရသေးဘူးမို့လား"
"ဟုတ်''
"အဲ့ဒါဆိုလန်းဆန်းသွားအောင်ရေအရင်ချိုးလိုက်နော်ပြီးရင်ပြန်ဆင်းခဲ့ Paတို့မိသားစုစုံညီထမင်းအတူမစားရတာကြာပြီ။နေ့လည်စာအတူစားကြမယ်နော်"
"ဟုတ်"
သားကအိပ်မက်မက်နေတဲ့လူလိုနေရာကနေထသွားပေမဲ့ သူချီထားတဲ့ခွေးကိုအခုထိလက်ထဲနေမချတာမို့"သား"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...