He My very first love ❤️

149 17 2
                                    

Gun POV

    ဘဝဆိုတာထင်မှတ်မထားတက်တာတွေအများကြီးဖြစ်လာတက်တဲ့ surpriseတွေအပြည့်နဲ့အရာလို့သာမန်လူသားတွေကဆိုလေ့ရှိကြတယ် နှစ်လရှည်ကြာအသက်ရှင်လာတဲ့ Vampireတယောက်အနေနဲ့ဒီစကားကိုလက်ခံသင့်သလောက်လက်ခံတာတော့အမှန်ပဲ ဘာလို့ဆိုနှစ်တွေအကြာကြီးအသက်ရှင်လာခဲ့တဲ့သက်တမ်းတလျှောက်ကြုံတွေ့လာခဲ့ရတာတွေလည်းများသလို ဖြတ်သန်းလာခဲ့ရတာတွေလည်းများတာကိုး သေချာတာတခုကတော့ သာမန်လူသားတွေကြုံတွေ့ရသလိုပဲ ကျွန်တော်တို့မှာလည်းနေ့စဉ်surpriseဖြစ်ရပ်လေးတွေကြုံတွေ့ရလေ့ရှိတယ်လို့ပြောရင်ယုံနိုင်ကြမလား အဲ နေ့စဉ်ဆိုတာထက်ကိုတခါတလေတော့ကြုံတွေ့လေ့ရှိတယ်လို့ပြောတာကပိုမှန်လိမ့်မယ်ထင်တယ်။ ဥပမာပြောရရင် မွေးကတည်းက Royal Vampireမိသားစုဝင်ထဲက Pure bloodတဖြစ်လဲ တော်ဝင်မျိုးရိုး‌ကသာဆင်းသက်လာခဲ့တဲ့မိခင်ရဲ့မျိုးရိုးကိုလက်ခံရရှိခဲ့တဲ့ ကျွန်တော်ဟာငယ်စဉ်ကတည်းက တနေ့ဘုရင်ဖြစ်လာမှာဆိုတဲ့အနာဂတ်ကြီးကြောင့် တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ လေ့ကျင့်မှုတွေကြား အသက်ရူကြပ်ခဲ့ရသည်ပေါ့ ကျွန်တော့်နာမည်က Tosaakan Thanit Htonnachaiပါ ဖခင်ဖြစ်သူ Vampire King Surat Thanit နဲ့မိခင်ဖြစ်သူ တော်ဝင်မင်းသမီး Dara Htonnachaiတို့ရဲ့တဦးတည်းသောသွေးသားဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တနေ့အဖေ့နေရာကိုဆက်ခံရမဲ့ကျွန်တော့်ကိုအဖေက စည်းကမ်းတင်းကြပ်လေ့ရှိပါတယ် ကျွန်တော်ရဲ့ငယ်ဘဝဟာတခြားသော Vampireကလေးငယ်တွေနဲ့မတူခဲ့ပဲစယအုပ်ပုံကြားခေါင်းနှစါခြင်းဖြင့်အစပျိုးခဲ့ရပါတယ်

   အဲ့လိုနဲ့ အဖေနဲ့နောက်ထပ်ဖူးစာပါလာတဲ့ တော်ဝင်သွေးပါပြန်တဲ့ ကျွန်တော်ချစ်ရတဲ့မေမေလေးကမွေးဖွားလာခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဆံုးညီငယ်လေးကိုလည်း မနာလိုတာမျိုးတချက်မှမရှိပဲကြိုဆိုနိုင်ခဲ့တယ် ကျွန်တော့်စိတ်ထဲတော့ ကျွန်တော်တို့လို Vampireတွေထဲကမှ ဒီလိုလက်တဆုပ်စာအုပ်စုထဲလာမွေးဖွားရခြင်းသည် ဇိမ်မရှိခြင်းတို့ရဲ့အစလို့တွေးမိတာကိုး ဘာလို့ဆို Pure blood Lineတယောက်အနေနဲ့ မသေမချင်းထမ်းဆောင်ရမယ့်တာဝန်တွေမှ တပုံကြီးရယ်။ အဲ့အချိန်ထိတော့ဘဝမှာအံ့ဩစရာတွေရှိတယ်ဆိုတဲ့စကားကိုမယုံကြည်မိသေးဘူး နောက်ပိုင်းသိပ်ကိုစည်းကမ်းတင်းကြပ်တက်တဲ့Phorက သူ့ရဲ့စည်းကမ်းကိုသူကိုယ်တိုင်ချိုးဖောက်ပြီး ကျွန်တော်တို့နေထိုင်ရာဒေသကို ယောက်ကိုပြန်ပေးဆွဲပြီးအတင်းအကြပ်ခေါ်လာရာကစလို့ ဘဝကအံ့ဩစရာတွေအပြည့်နဲ့ဆိုတာစပြီးယုံကြည်ခဲ့တော့တာ။ အဲ့ဒီမမလှလှနာမည်က Lilyတဲ့ တကယ့်ကိုLilyပန်းလေးလိုသိပ်လှတဲ့သူမဟာ ဘယ်လိုလူသားအမျိုးသမီးကိုမှမျက်လုံးထဲမထည့်ခဲ့တဲ့ Phorကိုပထမဆုံးသောတွေ့ဆုံခြင်းမှာတင်ချစ်မိသွားအောင်လုပ်နိုင်ခဲ့ပါသတဲ့။ ကံဆိုးတာကသူမသည် Vampire Hunterမျိုးနွယ်စုက အကြီးအကဲရဲ့သမီးမို့ Phorခင်မျာလူသားအယောင်ဆောင်ပြီး သူ့ဆီချဉ်းကပ်ရင်း အချသ်ကိုရအောင်ယူဆောင်နိုင်ခဲ့ပေမယ့် လက်ထပ်ပွဲမကျင်းပခင်မှာပဲ Phorက Vampireဆိုတာကိုသိသွားတဲ့အတွက် အဲ့ဒီအရပ်ကနေဒဏ်ရာအပြည့်နဲ့ညတွင်းချင်းထွက်လာခဲ့ရပြီး တနေရာမှာပုန်းခိုလို့အခြေအနေတွေငြိမ်လာသည်အထိစောင့်ဆိုင်းရင်း P Lilyရဲ့သတင်းစကားကိုနားစွင့်ကြည့်တဲ့အခါ တခြားတယောက်နဲ့လက်ထပ်တော့မဲ့အနေအထားဖြစ်နေတာကြောင့် ချက်ချင်းပဲသူ့ကိုလက်ထပ်ပွဲကနေပြန်ပေးဆွဲလာပြီး ကျွန်တော်တို့နေထိုင်ရာရဲတိုက်ထဲက အဆောင်တဆောင်မှာထည့်လို့ပိတ်ထားခဲ့ရင်း သိလိုက်ရတာက P Lilyအလောတကြီးလက်ထပ်ရတဲ့အကြောင်းက Phorရဲ့သွေးသားကိုလွယ်ထားရလို့ပါတဲ့ ဒီလျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့ချက်ချင်းလက်ထပ်ဖို့လုပ်ရာက Phorဆီမှာအမိခံလိုက်ရတာမို့မ‌ေကျမနပ်နဲ့ ဒီကိုပါလာတဲ့အာဂလူသားအမျိုးသမီးပေါ့လေ။ လက်ရှိရှိနေတဲ့ Phorရဲ့Vampireဇနီးမယားနှစ်ယောက်က Phorသဲသဲလှုပ်နေတဲ့ P Lilyကိုအစပိုင်း‌ေတာ့မုန်းတီးကြ‌ေပမယ့် နောက်ပိုင်းသူကလေးမွေးပြီးတဲ့အခါမှာတော့ အားလုံးကသူ့ကိုသနားလည်းသနားသလိုချစ်လည်းချစ်ကြတယ်။ ဘာလို့ဆိုသူက ကျွန်တော်အသက်ရှင်ဖို့အတွက် လိုအပ်တဲ့အရာကိုဦးစားပေးခဲ့လို့ပါပဲ။ အဲ့အချိန်က Vampireရပ်ရွာမှာ ကလေးမွေးရတဲ့သူ့အတွက် ကလေးမွေးပြီးလို့မှ အသွင်မပြောင်းဘူးဆိုရင်မဖြစ်မနေလိုအပ်မဲ့ဆေးဝါးကို ကျွန်တော်ကလည်းWerewolfတ‌ေကာင်‌ေကြာင့်ပြင်းထန်တဲ့ဒဏ်ရာရပြီးအဲ့‌ေဆးဝါးကိုလိုအပ်‌ေနခဲ့တယ် အဲ့ဆေးကအစကတည်းကသူ့အတွက်ပြင်ဆင်ထားတဲ့အရာဆိုပေမယ့် သူကကျွန်တော့်အတွက်ပေးထားခဲ့ပြီး သူကတော့ခေါင်းမာစွာနဲ့ပဲ အသွင်လည်းအပြောင်းမခံပဲသေသွားခဲ့တယ်။ သူတောင်းခဲ့တဲ့ တခုတည်းသောကတိကသူမွေးထားခဲ့တဲ့ သူ့သားလေးကိုချစ်ခင်ပေးဖို့ဂရုစိုကိပေးဖို့အတွက်ပဲဖြစ်ပြီး အားလုံးကတပြိုင်နက်တည်းသ‌ေဘာတူကတိပေးခဲ့ကြတယ်။  ဒီအဖြစ်မှန်ကိုမတော်တဆသိခွင့်ရခဲ့တဲ့ကျွန်‌ေတာ်ကလည်းအဲ့‌‌ေန့ကတည်းကတခါတည်းပဲဆံုးဖြတ်ခဲ့တယ် အနာဂတ်မှာဘာပဲဖြစ်လာဖြစ်လာ ဒီကလေးကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးမယ်စောင့်ရှောက်ပေးမယ် ချစ်ပေးမယ်လို့ပေါ့ Nong Ramကလည်း‌ေမွးကတည်းက တခြားသောVampireက‌ေလးငယ်‌ေတွနဲ့မတူပဲတအားချစ်စရာ‌ေကာင်းတဲ့က‌ေလးဖြစ်ခဲ့တာမို့ ရဲတိုက်ထဲက Vampireတသိုက်ရဲ့အသဲ‌ေကျာ်‌ေပါ့ ငယ်စဉ်ကတည်းကသူလိုချင်တာသူဖြစ်ချင်တာဆို အားလုံးကရအောင်ဖန်တီးပေးခဲ့တာချည်းပဲ သာမန်လူသားကမွေးဖွားပေးလာတဲ့ Vampireသွေးတဝက်ပါတာနဲ့မတူအောင်ကို Nong Ramကအရမ်းကိုချစ်စရာကောင်းစွာနဲ့ ကျန်းကျန်းမာမာကြီးပြင်းလာခဲ့တယ်။ ကျွန်တော်တို့ရဲတိုက်ထဲကလူတွေအားလုံးရဲ့အချစ်ခံရပြီးကြီးပြင်းလာခဲ့တဲ့ကလေးက သူသိပ်လိုချင်တဲ့တစုံတယောက်ရဲ့အချစ်ကိုတော့မရနိုင်ခဲ့ဘူး ဘာလို့ဆိုအဲ့ဒီသူကသူ့ရဲ့နှလုံးသားကိုတစုံတယောက်ကိုအပိုင်ပေးထားပြီးသားဖြစ်နေလို့ပါ။ အဲ့တယောက်ကြောင့်ပဲ တသက်နဲ့တကိုယ်ကျွန်တော်တို့ကိုအတိုက်အခံမလုပ်ခဲ့တဲ့ကလေးက သူအပိုင်ရထားတဲ့ရာထူးအထိပါစွန့်လွှတ်မယ်ဆိုပြီး အဲ့တယောက်ကိုကယ်ဖို့ ကျွန်တော်တို့ကိုအကြပ်ကိုင်လာခဲ့တယ်။ ကျွန်တော့်ရဲ့ဖြူစင်တဲ့ညီငယ်လေးကို ဒီလိုဖြစ်အောင်ပြောင်းလဲပစ်တဲ့သူ ကျွန်တော်တို့လောကရဲ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူကိုဖမ်းဆီးခဲ့ပေမယ့် သူ့ကို‌အပြတ်မရှင်းရသေးခင်မှာပဲ မျက်ရည်အပြည့်နဲ့ ကျွန်တော့်ကိုတောင်းပန်လာတဲ့ညီငယ်လေးရဲ့မျက်ဝန်းတွေကိုတွေ့လိုက်ရတဲ့တခဏဟာ တသက်လုံးရိုင်းစိုင်းပြီးရေခဲမင်းသားခေါင်းစဉ်အတပ်ခံထားရတဲ့ ကျွန်တော့်ရဲ့နှလုံးသားကိုအရည်ပျော်အောင်ဖျော်နိုင်ခဲ့တယ်။

Stay with meWhere stories live. Discover now