Mark POV
အခုဆို Putiphattအိမ်ေတာ်ကေန ကျွန်တော့်အိမ်ကိုပြန်ရောက်နေတာ ၃လလောက်တောင်ရှိပြီ။ မနက်ဖြန်မှာလည်း Nong Deeရဲ့ရက်တရာပြည့်မွေးနေ့ပွဲကရှိနေတာမို့ သူ့အတွက်ရက်တရာပြည့် လက်ဆောင်ကိုထူးထူးခြားခြား လေးပေးချင်တာကြောင့် ဘာပေးရမလဲလိုက်စဉ်းစားနေတာ။ Uncle Knock ကကောUncle Kornကပါ ဘာမှပေးစရာမလိုဘူးလို့ပြောပေမယ့် ကျွန်တော်ကိုယ်တိုင်ကကိုNong Deeလေးကိုတခုခုပေးချင်တာကြောင့်စဉ်းစားနေရတာ။ နောက်ဆုံးတော့စဉ်းစားမရတဲ့အဆုံး shopping centreမှာပဲလိုက်ပတ်ကြည့်ရင်း ဝယ်ဖို့ဆုံးဖြတ်လိုက်ေတာ့တယ်။ အနည်းဆုံးတော့ မေးကြည့်ရင်၃လသားကလေးအတွက်အဆင်ပြေမဲ့ဟာတခုခုတော့ရှိမှာပဲမို့လား။ အဝတ်အစားကြီးပဲကျတော့လည်း အရမ်းရိုးတယ်လေ။ကျွန်ေတာ်ကဝယ်ပေးရင်လည်း ချစ်စရာကောင်းတဲ့ပုံစံမျိုးလေးကို setလိုက်ဝယ်ပေးချင်တာ ဥပမာပြောရရင် Dinosaur ပုံစံ setမျိုး။ ခက်တာက အဲ့လိုပုံစံမျိုးက ၃လသားအရွယ်ဝတ်လို့ရတာမျိုးကရှိမှမရှိပဲ။ အရုပ်ပေးဖို့စဥ်းစားတော့လည်း သူမွေးလာကတည်းက P VeeရောUncle Kornကပါ Nong Deeအတွက်ဝယ်လာပေးတဲ့ အရုပ်ေတွကအခန်းတခန်းတောင်ပြည့်တော့မယ်။ အဲ့ဒါကြောင့်ပဲ နောက်ဆုံးတော့ ကျွန်တော် ကိုယ်တိုင်ဈေးဝယ်ထွက်ဖို့ပဲစဉ်းစားလိုက် ေတာ့တယ်။ ဈေးဝယ်မထွက်ခင်အရင်ဆုံးအဖော်ခေါ်သွားဖို့လိုတာမို့ Canကိုပဲခေါ်လိုက်တယ်။ Jamesနဲ့ Windကတော့မအားလို့မလိုက်နိုင်ကြဘူး။ ကျောင်းဆက်တက်ဖို့ကိုတော့ Paရဲ့သဘောအတိုင်းပဲ ဒီမှာဆက်တက်ဖြစ်သွားတယ်။ ဘာလို့ဆို Paကကျွန်တော်omegaတယောက်ဖြစ်နေမှန်းသိတဲ့အချိန်ကစလို့ ကျွန်တော့်ကိုတယောက်တည်းဘယ်မှမလွှတ်တော့လို့ပါ။ အစကတော့ P Aတို့နဲ့အတူ Switzerlandမှာပဲဖြစ်ဖြစ်ကျောင်းတက်ဖို့စီစဉ်ထားခဲ့ပေမယ့် အခုလိုဖြစ်သွားတော့ ထိုင်းမှာပဲဆက်တက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်တော့်အတွက်နဲ့Paစိတ်ရှုပ်ရမှာမျိုးမဖြစ်စေချင်လို့လေ။ အခုလည်း shopping centreလေးတခါသွားဖို့အရေးကို ဘယ်သူမှအဖော်မပါပဲမသွားရဘူးဆိုလို့ Canကိုခေါ်သွားရမှာ။ ဟိုရောက်ရင်တော့ အဲ့ဒီအစားပုပ်ကို မုန့်တထောကြီးလိုက်ကျွေးရမှာမြင်ယောင်သေးတယ်။ ကျွန်တော်တို့သူငယ်ချင်း အုပ်စုမှာ Jamesကလွဲရင်အားလုံးကအကောင်သေးကြတယ်။ ဘာလို့ဆိုဘယ်သူကမှသိပ်မစားနိုင်ကြဘူး။ အစားလည်းရွေးကြတယ်။ အားလုံးထဲမှာမှ အစားမရွေးတာ Jamesနဲ့ Canပဲရှိတယ်။ Canကတော့ တွေ့ရင်တွေ့သလောက်ဘာမဆို အကုန်စားပေမယ့် သူစားသမျှကဘယ်ရာက်သွားမှန်းမသိအောင်ကို လူကသေးသေးလေး။ အခုလည်း ကားမောင်းလာတဲ့တလျောက်လုံး ဟိုရောက်ရင်ဘာစားမှာလဲပဲမေးနေတော့တာ။ လက်ဆောင်ဝယ်ပြီးရင် Pizzaဝယ်ကျွေးမယ်လို့ပြောမှအသံတိတ်သွားတော့တယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...