Vee POV
Uncle Arthitနေမကောင်းတဲ့အတွက် ကျွန်တော်တို့သွားဖို့စီစဉ်ထားတဲ့ Honeymoonလဲမသွားဖြစ်လိုက်သလို Markနဲ့အတူနှစ်ယောက်တည်းအချိန်ေတွကုန်ဆုံးမယ်လို့တွေးထားတာလေးတွေလည်း လေထဲကိုပျောက်ရောပေါ့။ အခုလည်း ယောက္ခမကြီးတို့အိမ်မှာလာနေနေရတယ်လေ။ ဖြစ်ပုံကဒီလို
Flashback Start
Markက သူ့Paနေမကောင်းဘူးဆိုတဲ့အသံကြားတာနဲ့ အခုချက်ချင်းငိုချတော့မယ့်မျက်နှာလေးနဲ့ ဆေးရုံကိုသွားတဲ့လမ်းတောက်လျောက်လည်းတလမ်းလုံးသူ့ကိုနှစ်သိမ့်လာခဲ့ရတယ်။ ဆေးရုံရောက်တော့ uncle Kongကဆေးရုံခန်းထဲမှာစောင့်နေတာတွေ့ရတာမို့
"ဘယ်လိုဖြစ်တာလဲ Phor ??? Paရောဘယ်လိုနေသေးလဲ""သား သားကအခုလောက်ဆိုလေယာဉ်ကွင်းရောက်နေရမှာမဟုတ်ဘူးလား Nong Veeသားကိုဘာလို့ဒီကိုခေါ်လာတာလဲ"
"သားမနက်က Paကိုဖုန်းဆက်တာမရလို့ Phorဖုန်းကိုဆက်တော့ Phorရဲ့assistantပြောမှသိရတာ သားကိုဘာလို့မပြောတာလဲ Phor"
"အမှန်တော့ သားဆီကိုမနက်ကဖုန်းခေါ်သေးတယ် ခေါ်လို့မရလို့ နောက်မှသားရဲ့Oaက သားကိုHoneymoonကိုလွတ်လွတ်လပ်လပ်သွားပါေစဆိုပြီး မပြောနဲ့ဆိုလို့မခေါ်တော့တာ"
"Paကဘယ်လိုဖြစ်တာလဲ ဘာမတည့်တာစားမိလို့လဲ"
"ညက သားဖုန်းဆက်မယ့်အချိန်ကိုစောင့်ရင်ူနဲ့ မုန့်တွေစားတာလေ ဝိုင်တွေလည်းသောက်သေးတယ် အဲ့ကနေမတည့်တာဖြစ်သွားတာထင်တယ်"
အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်Dr. Kitဝင်လာခဲ့တာမို့ Markကပဲဆရာဝန်ကိုမေးလိုက်တယ် "သားရဲ့ Paဘယ်လိုဖြစ်တာလဲ ခင်ဗျ သူအဆင်ပြေတယ်မို့လား"
"စိတ်မပူပါနဲ့ Nong Ai Arthitအဆင်ပြေပါတယ် သူနည်းနည်းအနားယူဖို့ပဲလိုတာပါ မတည့်တာတွေစားမိတော့ အစာအဆိပ်သင့်သွားတာပါ အခုသေချာကုသပြီးပြီမို့သက်သာသွားပါပြီ"
"Paကဘယ်တော့လောက်သတိရလာမလဲဟင်"
"ဆေးအရှိန်ကြောင့် အိပ်ပျော်နေတာပါ Nong မကြာခင်နိုးလာပါလိမ့်မယ် ခွင့်ပြုပါအုံးနော် Dr roundလှည့်စရာရှိသေးလို့"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...