Vee POV
ဒီရက်ပိုင်းတွေမှာနေရတာကသိပ်ကို feelingကောင်းတာပဲ။ ကျွန်တော့်ကလေးလေးက အရင်လိုကျွန်တော့်ကိုမရှောင်တော့သလို၊ မနက်ဆိုလဲကျောင်းလိုက်ပို့မယ်ဆိုမငြင်းဘူး။ ညနေသွားကြိုလည်းတိတ်တိတ်ဆိတ်ဆိတ်ပဲ ကျွန်တော်နဲ့အတူပြန်လိုက်လာတက်တယ်။ ပြီးတော့ညဆိုလဲ TVတွေဘာတွေအတူတူကြည့်၊ ညစာဆိုလည်း ကျွန်တော်နဲ့အတူတူစားတယ်။ Blueကိုလက်ဆောင်ပေးလိုက်တာက သူနဲ့ကျွန်တော့်ကြားကအနေရခက်မှုကိုပြောင်းလဲသွားစေတယ်။ ဒီရက်ပိုင်းမှပဲ Phorကလည်းအပြင်ထွက်လိုက်တာဆိုတာလေ Deeနဲ့ Paကိုပါခေါ်ပြီး တက်လိုက်ရတဲ့ညစာစားပွဲ၊ ထွက်လိုက်ရတဲ့အလုပ်ခရီး အိမ်မှာနေတဲ့အချိန်ကအရမ်းနည်းတယ်။ Phorက Deeကိုရော Paကိုပါအပါခေါ်တဲ့အချက်ကတော့တမျိုးဖြစ်နေပေမယ့် သူတို့သွားတော့လည်းကောင်းတာပဲ။ Markနဲ့ကျွန်တော်လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့။ မဟုတ်ရင် Markအနားအမြဲကပ်နေတဲ့ Deeကြောင့် စိတ်အနှောင့်အယှက်အမြဲဖြစ်နေရတာ။ ဒီကလေးက ညီလားရန်သူလားမကွဲဘူး။ အခုသူမရှိတော့ အေးဆေးပဲ။ ညဆိုလည်း အခွင့်သာလို့ Markကကျွန်တော့်ရင်ခွင်ထဲမှာ အိပ်ပျော်သွားတဲ့ညမျိုးဆို ကျွန်တော်သူ့ကို အသာလေးပွေ့ပြီး ကျွန်တော့်အခန်းထဲပဲခေါ်သိပ်လိုက်တယ်။ good night kissကတော့မပါမဖြစ်ပေါ့။ ဒီကလေးကိုအိပ်ပျော်နေတုန်းအသာခိုးနမ်းရတဲ့အဆင့်ကနေ နိုးနေတုန်းလည်းရဲရဲဝင့်ဝင့်နမ်းနိုင်တဲ့အဆင့်ရောက်အောင် ကျွန်တော်လည်းကြိုးစားပြီးအကြံထုတ်နေဆဲပဲ။ မနေ့ညကဆိုလည်း Blueကိုကျန်းမာရေးစစ်ရအုံးမယ့်အကြောင်းပြပြီး Markကိုကျောင်းကနေသွားကြိုလာလိုက်တယ်။ နောက်တော့ ကျွန်တော်တို့အိမ်နဲ့ကော Markတက်နေတဲ့ကျောင်းနဲ့ပါတော်တော်လေးဝေးတဲ့ ဆီကတိကုဆရာဝန်ဆေးခန်းမှာ Blueရဲ့ကျန်းမာရေးစစ်တာ၊ကာကွယ်ဆေးထိုးတာလုပ်ပြီးတဲ့နောက် တော်တော်လေးမိုးချုပ်နေပြီမို့ ညစာကို Markနဲ့အတူအပြင်မှာပဲ ညဈေးအထိသွားပြီးစားလိုက်တယ်။ Markကတော့ဒီလိုအပြင်မထွက်ရတာကြာလို့ ပျော်နေသလိုပဲ။ Blueကိုတော့ သူ့လက်ကတချိန်လုံးချီထားတာမလွှတ်ဘူးလေ။ ညဈေးကလူရှုပ်လို့ထားခဲ့ပါဆိုတာကိုမရဘူး။ သူကြိုက်တဲ့ ကွေ့တီယို၊ဝက်ဆာတေး၊သင်္ဘောသီးထောင်း၊ငါးပေါင်း တခြားသူကြိုက်တဲ့မုန့်တွေအကုန်စားပြီး ဗိုက်တင်းမှ ကားရပ်ထားတဲ့ဆီပြန်သွားပြီး အိမ်ပြန်ဖြစ်ခဲ့ကြတာ။ အိမ်ပြန်ရောက်တော့ Blue ရောMarkပါအိပ်ပျော်နေကြပြီ။ Blueကတော့ ကားစက်ရပ်တာနဲ့သူ့ဟာသူနိုးလာပြီးဆင်းသွားပေမယ့် Markကမနိုးတာကြောင့် အသာလေးပွေ့ပြီး ကျွန်တော့်အခန်းထဲပဲခေါ်လာလိုက်တာ။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...