Who is the Intruder Part 2

134 25 9
                                    

Kong POV

    ဒီနေ့က ကျွန်တော့်ရဲ့မွေးနေ့ဖြစ်ပေမယ့် မတက်မဖြစ်တက်ရမယ့်meetingတခုကြောင့် ကျွန်တော်အိမ်မှာမနေနိုင်ပဲအပြင်ထွက်လာရတယ်။ အစကတော့ သားရဲ့ကျန်းမာရေးအခြေအနေအရဒီနှစ်ဘာပွဲမှမကျင်းပပဲ မိသားစုညစာစားပွဲလေးပဲလုပ်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် သားရဲ့ကျန်းမာရေးအခြေအနေကတိုးတက်လာတာကတကြောင်း၊နောက်တခုက ကျွန်တော့်ရဲ့Pက ကျွန်တော့်birthdayကို ပွဲလေးပဲဖြစ်ဖြစ်လုပ်ပြီး သားကိုစန္ဒယားပြန်တီးဖြစ်အောင်တိုက်တွန်းမယ်ပြောတာကြောင့် ဒီပွဲကိုလုပ်ဖို့စီစဉ်ဖြစ်သွားတာပါ။ အမှန်တော့ သားရဲ့တာဝန်ခံဆရာဝန်ပြောပုံအရကော၊ Nong Veeရဲ့ပြောပုံအရပါဆို ကျွန်တော်တို့သားကစိတ်ကြောင့် စန္ဒယားဆက်မတီးနိုင်တာပါတဲ့။ လက်ကသက်သာသွားပြီဆိုပေမယ့် ထိတ်လန့်စရာတွေအများကြီးကိုတပြိုင်တည်းကြုံတွေ့ခဲ့ရတာကြောင့် shockရသွားခဲ့ပြီး အဲ့shockကြောင့်စန္ဒယားဆက်မတီးနိုင်‌ေတာ့သလိုဖြစ်သွားတာပါတဲ့။ လက်ကအခုဆိုသက်သာသွားတာကြာပြီမို့ ဆေးခန်းတောင်သွားစရာမလိုတော့ပေမယ့် စိတ်ပညာရှင်နဲ့တော့ အခုထိတွေ့နေရတုန်းပါ။ ဒါပေမယ့် ကျွန်တော်တို့အပါအဝင်အားလုံးရဲ့ဝိုင်းဝန်းကူညီမှုကြောင့်လားပဲ သားရဲ့အခြေအနေကတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ ပြန်ရောက်ကာစက အခြေအနေအကြောင်းကြောင်းကြောင့်
သားဆီမှာ  စိတ်ကျရောဂါရဲ့အစဦးပိုင်းsignတောင်တွေ့လာရလို့ သူ့ကိုယ်သူထိခိုက်အောင်လုပ်လိုက်မှာတောင်စိတ်ပူခဲ့ရသလို သေချာလည်းစောင့်ကြည့်ခဲ့ရတဲ့အချိန်တွေရှိပေမယ့် အခုဆိုသားကတော်တော်လေးအဆင်ပြေလာပါပြီ။ တခါတခါတော့ငေးငိုင်နေတုန်းဆိုပေမယ့် ကျွန်တော့်အထင်တော့ သားကအရင်ကလိုပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်လာဖို့သိပ်မလိုတော့ဘူးလို့ထင်ရတာပဲ။
     ကျွန်တော်meetingတက်ပြီးပြန်လာတော့အိမ်မှာလူတောင်မှတော်တော်စုံနေကြပြီ။ P Kornတို့ Nong Tinတို့တောင်ရောက်နေကြပြီ။ ရောက်ရောက်ချင်းP Kornကိုတွေ့တော့နှုတ်တော့ဆက်လိုက်ပေမယ့် ကျွန်တော့်ရဲ့အမောပြေလေးနှစ်ယောက်ကိုတော့မတွေ့ရတာမို့ အိမ်ကလူတွေကိုမေးကြည့်တော့ ခြံနောက်ဘက်က သားထိုင်ရတာကြိုက်တဲ့ခုံမှာနှစ်ယောက်သားအတူထိုင်နေကြတယ်တဲ့။ နှစ်ယောက်သားဘာလုပ်နေကြပါလိမ့်လို့သွားကြည့်တဲ့အခါ သူတို့နှစ်ယောက်ကစကားပြောနေကြတာ ကျွန်တော်လည်းသူတို့စကားဝိုင်းကိုမနှောင့်ယှက်ချင်လို့ အပေါ်ထပ်ကိုပြန်တက်ပြီးအဝတ်အစားလဲလိုက်တော့တယ်။ ခဏနေတော့ P Arthitကအခန်းထဲဝင်လာပြီး သားကဒီနေ့ကျွန်တော့်အတွက်မွေးနေ့သီချင်းတီးပေးမယ့်အကြောင်းကိုပြောပြတယ်။ ပြီးတော့ ကျွန်တော့်ကိုသားအတွက်စိတ်မပူတော့ဖို့နဲ့သားကမကြာခင်ပုံမှန်အတိုင်းပြန်ဖြစ်တော့မယ့်အကြောင်းကိုကျွန်တော့်ကို အကိုကပြောလာတယ်။ ကျွန်တော်လည်း ပွဲစဖို့နောက်ကျနေမှာစိုးတာကြောင့်ဘာမှဆက်မမေးဖြစ်ပဲ အောက်ထပ်ကိုဆင်းဖို့ပြင်ရတော့တယ်။

Stay with meWhere stories live. Discover now