Vee POV
ဒီနေ့က ကျွန်တော်တို့ခရီးထွက်ရမဲ့နေ့ ပြီးတော့ ဒီခရီးကိုဦးစီးပြီးစီစဉ်ပေးတဲ့ဆရာက ကျွန်တော်တို့ကျောင်းဘောလုံးအသင်းက နည်းပြ ကျွန်တော့်ရဲ့သဘောအကျဆုံးဆရာ
ကျောင်းက ကျွန်တော်နဲ့အရမ်းရင်းနှီးတဲ့ကျွန်တော့ စီနီယာက Markတို့ကျောင်းရေကူးအသင်းရဲ့ခေါင်းဆောင်ဆိုတော့ ဆရာရဲ့လက်ထောက်အနေနဲ့ ဒီခရီးမှာဦးဆောင်ရမှာ။အဲ့တော့ အရာအားလုံးက ကျွန်တော့သဘောပဲ လူတွေကိုနေဖို့နေရာချတာ pair upလုပ်ပေးတာကအစအကုန် ကျွန်တော်ကူညီပြီးအစီအစဉ်ဆွဲပေးထားတာလေ။ဒါကြောင့်လည်း ကျွန်တော့ရဲ့ယုန်ပေါက်လေးက ကားပေါ်မှာလည်းကျွန်တော်နဲ့အတူထိုင်ရမှာဖြစ်သလို ဟိုကိုရောက်ရင်လည်းကျွန်တော်နဲ့ပဲအတူတခန်းတည်းနေရမှာ သူ့သူငယ်ချင်းCanဆိုတဲ့အမြဲဗိုက်ဆာနေတက်တဲ့ကောင်လေးကတော့ အဆစ်ပါတာပေါ့။ဒါပေမယ့်လည်းမတက်နိုင်ဘူးလေ Markကိုကျားချောင်းချောင်းနေတဲ့ သူတွေရှိတော့လည်း သူ့ကို ကျွန်တော့မျက်စိအောက်မှာထားမှစိတ်အေးရမှာမို့ ဒီလိုပဲစီစဉ်ရတာပေါ့။ အမှန်တော့Canကကျွန်တော်တို့ဘောလုံးအသင်းထဲကမို့ ကျွန်တော်နဲ့တခန်းတည်းနေလို့ရပေမယ့် Markကတော့ရေကူးအသင်းကမို့ သူ့အသင်းကတခြားseniorတယောက်နဲ့ အတူနေရမှာပါ။ဒါပေမယ့် ဒီကလေးကိုတခြားသူနဲ့စိတ်မချလို့ကို ကျွန်တော့မှာခဲရာခဲစစ် seniorကိုအကူအညီတောင်းပြီး Markကိုကျွန်တော့အခန်းထဲထည့်ခဲ့ရတာ။
အခုလည်းကျွန်တော်က စီစဉ်သူတွေထဲပါတာမို့အစောကြီးထပြီးကျောင်းကိုသွားရပါတယ်။လိုအပ်တာအကုန်ပြင်ဆင်ဖို့ပေါ့။ကျွန်တော်က backpackအပြင်luggageပါသယ်လာတာမို့ ကျွန်တော့သူငယ်ချင်းတွေခင်မျာတအံ့တဩဖြစ်နေကြပါတယ်။
"Ai Vee နှစ်ညအိပ်သုံးရက်ကိုဘာတွေဒီလောက်သယ်လာတာတုန်း ဟိုမှာရိူးလျှောက်မလို့လား"
"အရေးတကြီးလိုတာတွေပေါ့ကွာ မင်းတို့ကအရမ်းစပ်စုတာပဲ"
"Luggageကတော့တင်လိုက်တော့ မှန်းစမ်းback packထဲဘာတွေထည့်ထားလဲ ဒီလောက်တောင်ဖောင်းကားနေရအောင်"
"ဟေ့ကောင်တွေ Ai Veeက ငါတို့ကားပေါ်မှာစားဖို့မုန့်သယ်လာတယ်ကွ ချစ်စရာအရမ်းကောင်းတဲ့သူငယ်ချင်းလေး..."
"ဟေ့ကောင်တွေ အဲ့မုန့်ထုပ်ကိုမထိနဲ့နော် အဲ့ဒါမင်းတို့ဖို့မဟုတ်ဘူး"
သူတို့လက်ထဲကမုန့်ထုပ်ကိုပြန်ယူရင်းကျွန်တော်ပြောမိလိုက်တာက
"မင်းတို့စားချင် ဝယ်စား''
ကျွန်တော့သူငယ်ချင်းတွေကPaက Markအတွက်ထည့်ပေးလိုက်တဲ့အိတ်ထဲကမုန့်ထုပ်ကိုသရေကျနေကြတယ်ထင်ပါတယ်။တကြည့်ကြည့်နဲ့ တော်ကြာယူစားနေမှာစိုးလို့ အိတ်ကိုသွားလေရာလွယ်သွားရပါတယ်
***Vee ဒုက္ခကလည်းမသေးပါလား***
ကျွန်တော်အလုပ်ရှုပ်နေတုန်းမှာပဲ ကျောင်းဝင်းထဲကို uncle Kongရဲ့ကားဝင်လာပါတယ်။ကားကကျောင်းရှေ့ကparking spaceမှာထိုးရပ်သွားပြီး ကျွန်တော့ရဲ့ယုန်ပေါက်လေးက ကားတံခါးဖွင့်ပြီးဆင်းလာပါတော့တယ်။ သူဆင်းလာလာချင်းပဲ uncle Arthitကဟိုဘက်ကနေလိုက်ဆင်းလာခဲ့ပြီး သူ့ကိုမှာတမ်းတွေခြွေနေပါတော့တယ်။ကျွန်တော်လည်းသူတို့သားအဖစကားပြောနေတဲ့အနားကို မယောင်မလည်သွားကြည့်မိတော့ uncle Arthitပြောနေတာက
"သား ဆရာတွေစကားနားထောင်နော် တယောက်ယောက်အဖော်မပါဘဲနဲ့ဘယ်မှလျောက်မသွားနဲ့နော် allergyဖြစ်လာရင်လည်းချက်ချင်းဆေးသောက်နော် စသဖြင့် စသဖြင့် မမောနိုင်မပန်းနိုင်မှာကြားသမျှကို Markကမျက်လုံးဝိုင်းလေးတွေနဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီးနားထောင်နေပါတယ်။
ကျွန်တော်လေ အကြီးအကျယ်အံ့ဩခဲ့ရပါတယ် uncle Arthitကအဲ့လောက်စကားပြောမှန်းကိုမသိခဲ့တာကြောင့်ပါ။ ပြီးတော့uncle Arthitကကျွန်တော့ဘက်ကိုလှည့်လာပြီး "Nong Veeရေ သားကိုသေချာဂရုစိုက်ပေးပါနော်"
"ဟုတ်ကဲ့ uncleစိတ်မပူပါနဲ့"
"ကဲသားအဲ့ဒါဆို Paတို့သွားတော့မယ်နော် ညဘက်တွေကျွန်းပေါ်မှာလိုင်းမိရင် Paတို့ကိုဖုန်းဆက်အုံးနော်"
"ဟုတ်Paသားဖုန်းဆက်ပါ့မယ်နော်"
Uncle Arthitကမှာတမ်းအရှည်ကြီးခြွေပြီးတာတောင်စိတ်မချသေးဟန်နဲ့ကြည့်နေရာကနေMarkပါးကိုတချက်လာနမ်းပြီးကားပေါ်တက်သွားပါတော့တယ်။
"ဒါဆိုPhorတို့သွားပြီနော် သား"
"Nong Veeရေ သားကိုအန်ကယ်တို့ကိုယ်စားဂရုစိုက်ပေးပါကွာ"
"ဟုတ်ကဲ့uncle စိတ်ချပါ"
Uncle Kongကားကျောင်းဝင်းထဲကထွက်သွားတဲ့အထိ လက်ပြနေတဲ့ကလေးကို ကျွန်တော်ကတော့ငေးကြည့်နေမိပါတယ်။
ပြီးတာနဲ့အားလုံးကိုပြုံးပြနှုတ်ဆက်ပြီးသူ့သူငယ်ချင်းနဲ့စကားပြောနေပါတော့တယ်။ကားပေါ်တက်ရမဲ့အချိန်ရောက်တော့ သူ့သူငယ်ချင်းတက်တဲ့ကားပေါ်ကိုလိုက်မယ်လုပ်နေလို့ ကျွန်တော့မှာလိုက်ခေါ်ရပါသေးတယ်။"Mark မင်းက ငါနဲ့အတူစီးရမှာ အဲ့ကားမဟုတ်ဘူးဒီဘက်လာ"
"ကျွန်တော်Canနဲ့ပဲစီးလို့ရမလားဟင် P Vee"
"မရဘူးနော် listထဲကခုံနေရာအတိုင်းပဲစီးရမှာ လာပါဒီကို"
အဲ့လိုပြောပြီးလက်ကိုဆွဲလိုက်မှပဲ ကျွန်တော့နောက်ကိုမအူမလည်ရုပ်လေးနဲ့ပါလာတော့တယ်။ ကားပေါ်ရောက်တော့ ကျွန်တော်ကMarkကိုPaထည့်ပေးလိုက်တဲ့မုန့်ထုပ်ကို ထုတ်ပြီးပေးတော့ ကျွန်တော့သူငယ်ချင်းတွေက"ဟေ့ကောင်တွေ ခုနကမုန့်ထုပ်ကထိလို့ဘယ်ရမလဲ Nong Markဖို့ကိုး"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...