Make You MINE Part II

148 23 5
                                    

Arthit POV

      Kongရဲ့မွေးနေ့ညမှာဖြစ်သွားတဲ့ကိစ္စပြီးနောက်တော့ သားကိုတယောက်တည်းထားဖို့စိတိမချတာမို့ သားအတွက်body guardထားဖို့လိုလာခဲ့တယ်။ Nong Veeရှိနေတယ်ဆိုပေမယ့်လည်း‌‌၊ Kornတို့ရှိနေတယ်ဆိုပေမယ့်လည်း သားကိုစောင့်ရှောက်ဖို့အတွက်ကိုသူများကိုဝန်မပိုစေချင်တာကြောင့် ကိုယ့်ဘာသာကိုယ်ပဲရွေးဖို့ဆုံးဖြတ်ခဲ့တယ်။ Omegaတယောက်ဖြစ်တဲ့သားအတွက် သက်တော်စောင့်ရှာရတဲ့အလုပ်ကလွယ်တာမဟုတ်တာကြောင့် အခုထိကိုရှာလို့မရသေးဘူး။ ကြားထဲမှာ Kongကလည်း Americaသွားဖို့ကြုံလာသလို၊ ကျွန်တော်နဲ့ Kongကို သားကိစ္စဆွေးနွေးချင်လို့ဆိုပြီး PMikeကဖိတ်ခေါ်ထားတာမို့ အပြန်ကိုသူ့နယ်‌ေမြကိုဝင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ သားကိုတော့ အိမ်တော်မှာတယောက်တည်းထားခဲ့ဖို့စိတ်မချတဲ့အတွက် Puttiphatအိမ်တော်ကိုပဲပို့ခဲ့ရတယ်။ သူတို့ဆီမှာဆိုစိတ်ချရတယ်လို့ တွေးမိတာကြောင့်ပါ။ အရင်ကလည်း အဲ့လိုပဲထားနေကျမို့ထွေထွေထူးထူးမတွေးပဲ သားကိုKornတို့အိမ်မှာအပ်ခဲ့လိုက်တာ။ P Mikeဆီကိုဝင်မဲ့အကြောင်းကိုတော့ Ai Kornကိုမပြောဖြစ်ခဲ့ဘူး။သူကအရင်တည်းက P Mikeနဲ့အဆက်အသွယ်လုပ်ဖြစ်တဲ့အ‌ေကြာင်းဆိုအမေးအမြန်းထူတက်လွန်းလို့ P Mikeကလည်း ပြီးခဲ့တဲ့တခေါက်အိမ်ကိုလာကတည်းက အရမ်းရင်းနှီးနေတဲ့ပုံစံမျိုးနဲ့ဆက်ဆံတာမျိုးကို တိတိကျကျပြောရရင် စိတ်ထဲတော့တမျိုးဖြစ်မိတယ်။ အရင်ကအဆက်အသွယ်လုပ်ဖို့မပြောနဲ့အုံးတော့ အဆက်အဆံတောင်မလုပ်ခဲ့တဲ့သူက အခုမှ ကျွန်တော်တို့အိမ်ကိုအဝင်အထွက်လုပ်ရင်း ရင်းနှီးချင်လာတဲ့ရည်ရွယ်ချက်ကိုသိပ်တော့ သဘောမကျဘူးရယ်။ ဒါပေမယ့်လည်း သူ့သဘောနဲ့သူလာတဲ့သူကိုမလာပါနဲ့ပြောပြီးမောင်းထုတ်ခွင့်မျိုးမရှိတော့လည်း ဒီအတိုင်းနေနေရတာ‌ပဲ။

        Kongရဲ့အလုပ်ကိစ္စတွေအကုန်ပြီးတော့ P Mikeရဲ့ဖိတ်ခေါ်ချက်အတိုင်း သူ့တို့ဆီကိုဝင်လည်ဖြစ်ခဲ့တယ်။ ကျွန်တော့်အဖေရဲ့မွေးဖွားရာဒေသလို့ပြောပေမယ့် တော့်အတွက်တော့အရာအားလုံးကအစိမ်းသက်သက်ဖြစ်လို့နေတယ်။ တခါမှလည်းမရောက်ဖူးဘဲကိုး။ အဖေကအမေနဲ့လက်ထပ်ပြီးကတည်းက ဒီဘက်နဲ့ကင်းအောင်နေခဲ့သူမို့ ဒီကိုကျွန်တော်တခါမှမရောက်ဖူးဘူး။ ဟိုကိုရောက်တော့လည်း P Mikeကကျွန်တော်တို့နှစ်ယောက်ကိုနွေးနွေးစွာပဲကြိုဆိုပေးပါတယ်။ သားကိုခေါ်မလာလို့တောင်ပြောနေသေးတယ်။ ကျွန်တော်တို့အဲ့ကိုရောက်ပြီးတရက်နှစ်ရက်နေတဲ့အထိတော့ ထူးထူးခြားခြားဘာမှမရှိဘူး။ အဖေ့ရဲ့မွေးရပ်မြေဆိုတဲ့အတိုင်း ကျွန်တော့်အဖေကလေးဘဝကနေခဲ့တဲ့အဆောင်တို့၊နေရာတို့၊လူပျိုပေါက်ဘဝအမေနဲ့မတွေ့ခင်ဆက်ခံသူလောင်းလျာဘဝမှာ အပိုင်ရတဲ့နယ်မြေတို့ဘာတို့ကိုလိုက်ပြပေးတာလောက်ပဲရှိတယ်။ အဲ့လိုဆိုတော့လည်း ဒီကလည်ပတ်ပုံက AI Kornတို့နဲ့တော့တော်တော်လေးကွာတယ်လို့တွေးမိပြန်ရော။ AI Kornဆို Nong Veeအတွက် လုပ်ငန်းစုထဲက အခွဲတခုကိုအုပ်ချုပ်ခိုင်းတာဆိုတော့ လေ့ကျင့်ပေးတဲ့နည်းလမ်းမျိုးကမတူသလိုပဲ။ ပြီးတော့အဲ့လုပ်ငန်းက Nong Veeလက်ထပ်တဲ့အခါသူ့ရဲ့Omegaအတွက်တင်တောင်းဖို့ပေးရမှာတဲ့။ ဒါတွေဘယ်လိုသိလဲမမေးပါနဲ့။ တနေ့တနေ့ အိမ်ကသားကိုမုန့်တောင်းသလိုလာလာတောင်းနေတဲ့ငကြွားကောင် Ai Kornရဲ့စကားတွေကနေတဆင့်သိရတာပါ။ မပေးနိုင်ဘူးပြောလည်းမရတဲ့အဲ့တယောက်ကြောင့်တော့ တော်တော်လေးရင်လေးမိသေးတယ်။ Werewolves‌ေတွမှာအချစ်ဆိုတာမျိုးက ဒီအတိုင်းလွယ်လွယ်ကူကူသတ်မှတ်ပြီးပေးစားလို့သာရနေရင် ကျွန်တော်လူဖြစ်လာစရာအကြောင်းတောင်ရှိမှာမဟုတ်ဘူးလေ။  ဒီအကြောင်းတွေတွေးနေရင်း P Mikeရဲ့အသံကြောင့်အတွေးစတွေအားလုံးပြတ်တောက်သွားခဲ့ရတယ်။

Stay with meWhere stories live. Discover now