Vee POV
Markကကျွန်တော့်အပေါ်အရမ်းရက်စက်တယ် သူတကယ်တအားရက်စက်တာပဲ သူ့ကိုကျွန်တော်အရမ်းချစ်မှန်းသိရဲ့သားနဲ့ မျှော်လင့်နေမှန်းသိရဲ့သားနဲ့သူကျွန်တော့်အပေါ်ကိုဒီလိုလုပ်ရက်တယ် ကျွန်တော်ဒေါသထွက်တာက ကျွန်တော်သူ့အပေါ်ထားတဲ့အချစ်ကိုမယုံကြည်တာကိုပဲ အဲ့ဒီဒေါသတွေကိုပိုပြီးတောက်လောင်စေတဲ့အရာကတော့ သူကကျွန်တော့်နောက်ကွယ်မှာ သူ့ရည်းစားဟောင်းနဲ့တွေ့နေတဲ့အချက်ပဲ ကျွန်တော်တကယ်မောလှပြီ သူ့ဆီကမရနိုင်တဲ့ ရဖို့မသေချာတဲ့အရာတခုကိုစောင့်မျှော်နေရတာ တကယ်မောနေပြီ သူNueaနဲ့ပြန်ဆက်သွယ်နေတယ်ဆိုတာ Ployသာမပြောရင် ကျွန်တော်သိရမှာတောင်မဟုတ်ဘူး Ployက အိမ်မှာလာနေကတည်းက အိမ်ကအလုပ်တွေကိုတနည်းမဟုတ်တနည်းနဲ့တော့ ကူညီပေးဖို့ကြိုးစားခဲ့တာချည်းပဲ သူကလောလောဆယ်အနားယူဖို့အိမ်မှာလာနေတာဆိုပေမယ့်သူတက်နိုင်တဲ့အလုပ်မှန်သမျှ အကုန်လုပ်ပြီး ကျွန်တော်တို့ကိုကူညီရှာတယ် သူ့သားကိုကိုက်ဖို့လုပ်တဲ့ Blueကြောင့် Markနဲ့သူအခြေအတင်ဖြစ်တာတောင်မှ သူကဘာမှမပြောပဲသည်းခံတာမို့ ဒီသူငယ်ချင်းမလေးဟာ ကျွန်တော်တို့အပေါ်မကောင်းတဲ့စိတ်တော့မရှိလောက်တာအသေအချာပဲ အဲ့နေ့ကလည်း Nueaရဲ့ကားပေါ်ကဆင်းလာတဲ့ Markကိုသူသာမပြရင် ကျွန်တော်မြင်မှာမဟုတ်သလို Markက body guardတယောက်မှမပါပဲအပြင်ထွက်ထွက်နေတာလည်း ကျွန်တော်သိမှာမဟုတ်ဘူး Barကဒီရက်ပိုင်း သူ့ကလေးနေမကောင်းလို့အိမ်ကိုမလာန်ုတဲ့အတွက် Markကိုဒီရက်ပိုင်းသူသွားလေရာလိုက်ပေးဖို့ လူရင်းမရှိတာတော့အမှန်ပဲ ပုံမှန်ဆိုအပြင်ထွက်ခဲတဲ့ကလေးက Nueaနဲ့တွေ့ပြီးတဲ့နောက်တော့ နေ့တိုင်းနီးပါးအပြင်ထွက်သလို ပြန်လာတာကလည်းနောက်ကျတာမို့ ကျွန်တော့်ရင်ထဲကဒေါသတွေနဲ့သံသယေတွကိုလောင်စာထည့်နေသလိုပဲ ကျွန်တော်ကအရင်ကတည်းက Markကိုအရမ်းသဝန်တိုတက်တဲ့သူမို့ အခုလိုသူ့ရည်းစားဟောင်းနဲ့တွဲတွေ့ရတဲ့အချိန်က ကျွန်တော့်အတွက်တော့ ထိန်းချုပ်ဖို့အရမ်းခက်ခဲတယ် Ployကိစ္စကြောင့်သူနဲ့ကျွန်တော်ရန်ဖြစ်ထားရာက အခုလိုသူ့ရည်းစားဟောင်းကိစ္စပေါ်လာတော့ ကျွန်တော်ပိုစိတ်ဆိုးရတာပေါ့ ဒီလိုမျိုးစိတ်ရှုပ်စရာတွေကိုအမြန်ဆုံးအဆုံးသတ်ပစ်ပြီး သူနဲ့ကျွန်တော်အရင်လိုပုံမှန်ဆက်ဆံရေးကိုပြန်တည်ဆောက်ချင်ပေမယ့် နေ့တိုင်းနီးပါး Nueaနဲ့တွေ့နေတဲ့သူ့ကိုမြင်ရတဲ့အခါတိုင်းရင်ထဲကဒေါသတွေ သူ့အပေါ်ပုံချမိမှာစိုးလို့ သူ့ကိုကျွန်တော်ရှောင်နေခဲ့တာ အရင်ကလိုမျိုးလိုက်ပို့လိုက်ကြိုမလုပ်တော့ပဲ သူNueaနဲ့ပြန်တွေ့တဲ့ကိစ္စကိုသူ့ဘက်က ပြောပြလာမယ့်အချိန်ကိုစောင့်နေခဲ့တာ နောက်ဆုံးကျွန်တော်ပြန်ရလိုက်တာက ဒီလိုသစ္စာဖောက်မှုတဲ့လား သူကျွန်တော့်ကိုတကယ် နည်းနည်းလေးတောင်မချစ်ခင်ခဲ့ဘူးလား တွေးလေတွေးလေပိုပိုဒေါသထွက်လာလေပဲမို့ အိမ်ကနေထွက်လာပြီး အရက်ဆိုင်တခုမှာ မိုးလင်းတဲ့အထိအရက်သောက်နေမိတယ် အဲ့ဆိုင်မှာပဲ တလောကလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး မိုးလင်းမိုးချုပ်အရက်နဲ့နှစ်ပါးသွားအဖော်ပြုနေလိုက်တာ သုံးရက်မြောက်နေ့မှာ Klaတယောက်ဆိုင်ကိုရောက်လာတာမို့ အမူးသောက်ပြီးမှောက်နေတဲ့ကျွန်တော့်ကိုတွေ့သွားလေရဲ့
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...