Ep - 3

9.9K 1.1K 42
                                        

Unicode

Dear White

ကျွန်တော် ကျွန်တော့် crush ကိုစကြိုက်မိတဲ့နေ့ကို
ခုထိထင်ထင်ရှားရှား မှတ်မိနေသေးတာ အံ့သြစရာပဲဗျ။
သူ့ကို စကြိုက်မိပြီးမှ ကျွန်တော့်ကို ကျွန်တော်လည်း gay
တစ်ယောက်မှန်းလက်ခံမိလိုက်တာ။ ပြောရရင် ကျွန်တော်က သူ့ကြောင့် Gay သွားတယ်ပဲ ပြောရမလားရ
သူ့ကိုစသိတာကတော့ စာမေးပွဲတစ်ခုကနေ အရင်းပြုတယ်ပဲ ပြောရမယ်.......

******************************

လွန်ခဲ့သော ၂နှစ်ခန့်က

" လင်း...မင်းဘေးမှာထိုင်မယ့် အစ်ကိုကြီးက စာတော်တယ်တဲ့...ဟိုက်ပါတဲ့"

ဗညားဟိန်းမာန်​၏စကားကြောင့် လင်းသည် သူစာမေးပွဲဖြေရမည့် ထိုင်ခုံနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၏ဘေးတွင်အသားဖြူဖြူနှင့် ကောင်လေးတစ်ယောက်ထိုင်နေသည်။ ထိုကောင်လေး၏ ပတ်လည်တွင်တော့ ကောင်လေးသုံးယောက် ရှိနေပြီး သူတို့အချင်းချင်း ရယ်လိုက် မောလိုက်နှင့် စကားစမြည်ပြောဆိုနေကြ​၏။

လင်းက စာမေးပွဲမဖြေခင် အချိန်ရခိုက်လေးတွင် သူငယ်ချင်းများနှင့် လေချနေခြင်းဖြစ်သည်။ လင်းတို့ အုပ်စုက ထိုအစ်ကိုကြီးအုပ်စု၏အနောက်ဘက် ခပ်ဝေးဝေးအကွာတွင် ရှိသည်မို့ ထိုအစ်ကိုကြီးတို့အုပ်စုသည် လင်းတို့အုပ်စု လက်ညိုးတစ်ထိုးထိုးနှင့် အတင်းတုတ်နေသည်ကို မသိနိုင်ပါ။

" အဲ့တစ်ယောက်က နာမည်ကြီးတယ်မလား....သူတို့က
သူငယ်ချင်းလေးယောက်လုံး နာမည်ကြီးတာ.. "

ရိပ်မျက်ခြယ်က သူမ သိသော သတင်းကိုမျှဝေသည်။
ထက်မြတ်နိုးစုကရိပ်စကားကို ဝင်ရောက်ထောက်ခံ​၏။

" နာမည်ကြီးရုံတင် ဘယ်ကမလဲ...နက္ခတ်ညီနဲ့ ခွန်စိုင်းမင်းရှန် ဆိုရင် ကြီးလာရင် အနုပညာလုပ်ဖို့ ရည်ရွယ်ပြီးသားလို့ပြောတယ်..."

" နက္ခတ်ညီကတော့ ဘယ်တစ်ယောက်လဲဟ"

သုတက ဝင်မေးသည်။ နိုးနိုးက လက်ညိုးမသိမသာထိုးရင်း ပြောပြသည်။

" ညာဘက်ထောင့်စွန်းက ရယ်နေတဲ့ ပါးချိုင့်နဲ့တစ်ယောက်က နက္ခတ်ညီ...စာအုပ်ကိုကိုင်ပြီးကြည့်နေတဲ့တစ်ယောက်က ဖြိုးသတ္တိလှိုင်....hoodie ဝတ်ထားတာက ခွန်စိုင်းမင်းရှန်...ထိုင်နေတဲ့တစ်ယောက်က စိုင်းရှင်းယံ"

Loving Out LoudDonde viven las historias. Descúbrelo ahora