Ep - 4

9.3K 1K 17
                                        

Unicode

" ဟဲ့...အဲ့တုန်းက ငါမှတ်မိသေးတယ် ဗညားနွဲ့စွတ်အော်တာလေ သူ့အသံပြဲကြီးနဲ့....မိုက်က ဖွင့်ထားမှန်းလည်းမသိဘူးလေ...."

ထက်မြတ်နိုးစုက ပြောလည်းပြော၊ ရယ်လည်းရယ်သည်။
ဗညားမင်းဟန်သည် သူ့ကို ထိပါးလာသောကြောင့်
မျက်မှောင်ကုပ်ပြီး ပြောလိုက်သည်။

" ငါက အသံအောင်တယ်လို့ခေါ်တယ်...နင်ကသာ အဲ့မှာ
အသံလေးအသံညှောင်နဲ့ ထိုင်ဆိုနေ..."

" အဟေး...ငါ့အသံက ချစ်ဖို့ကောင်းတာ ..."

" ငါကတော့ သုတ အခန်းမှားဝင်တာကို ရယ်ချင်ဆုံးပဲ...
သူ့ကို ဟိုအစ်မတွေက ရိုက်မထုတ်တာကံကောင်း..."

ရိပ်မျက်ခြယ်စကားကြောင့် သူတို့ပွဲကျသွားသည်။ ရိပ်မျက်ခြယ် ရယ်သည်မှာ ရိုးရိုးမရယ်ဘဲ သုတလက်မောင်းကို တဖြန်းဖြန်းရိုက်ရင်း ရယ်သည်မို့ သုတမှ " နာတယ်ဟ " ဆိုပြီး ထအော်လိုက်သေးသည်။

" ငါက အခန်းမှားချင်ယောင်ဆောင်တာ ...အဲ့အစ်မတွေက
ဘယ်လောက်ချောလိုက်သလဲ ...နင်တို့၂ယောက်နဲ့ဆို
မိုးနဲ့မြေလိုပဲ..."

" အမယ်လေး တော်စမ်းပါ...နင်ကျတော့ ခြိမ့်ကေကို ရုပ်နဲ့"

ရိပ်မျက်ခြယ်က စကားပြန်ပက်လိုက်သည်မို့ သူတို့ဆက်ရယ်ကြပြန်သည်။ သူတို့အကုန် ရယ်မောနေကြသော်လည်း
လင်း တစ်ယောက်ထဲသာ သူတို့ကြားတွင် ရုပ်တည်ကြီးနှင့် ထိုင်နေသည်။ လင်းသည် စားပွဲအလယ်သို့ တွေတွေကြီးစိုက်ကြည့်လျက် ငြိမ်ချက်သားကောင်းနေသည်။

လင်း​၏အာရုံထဲတွင် White ၏စကားတို့ ထင်ကျန်နေ​၏။

'သူငယ်ချင်းတွေကို ပြောပြခြင်းအားဖြင့် ညီလေးရဲ့ စိုးရိမ်မှုတွေကို တဖြေးဖြေးမောင်းထုတ်နိုင်မှာပါ'

ထိုစကားကိုပြန်လည်ကြားယောင်ရင်း လင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ပြီးတော့ မီးမီးကလည်း
ဒီလိုပဲ ပြောခဲ့တာမဟုတ်လား...

"ငါလည်းလေ...white နဲ့အတွေးခြင်းတူတယ်..သားသား...နင်...နင့်သူငယ်ချင်းတွေကိုတော့ ပြောလို့ရပါတယ်.. "

ပြောရမယ်...သူတို့ကိုပြောရမယ်....ဒါပေမဲ့ ဘယ်ကနေဘယ်လို စပြောရမယ်တဲ့လဲ....

Loving Out LoudWhere stories live. Discover now