Unicode
ယနေ့ မြန်မာစာဆရာမ ကျောင်းမလာပေ။
ထို့ကြောင့် သူမ,ဝင်ရမည့် စာသင်ချိန်နှစ်ချိန်ဆက်တိုက် လွတ်နေ၏။
လွတ်လပ်ရေးရနေသော ရှင်းယံတို့အတန်းသားများသည်
အချင်းချင်း စကားစမြည်ပြောရင်း၊ ရယ်မောရင်း၊ သီချင်းအော်ဆိုရင်း၊ ပေါက်ကရများလုပ်ရင်း ဆူညံပွက်လောရိုက်နေကြ၏။ထိုသို့သောအချိန်တွင် အတန်း၏လူရွှင်တော်ရာထူး ယူထားသော တက်ကြွပျော်ရွှင်သည့်ကျောင်းသားတစ်ဦးသည် သူ့ထံတွင် Ouija board ပါလာသောကြောင့် တစ်တန်းလုံးအတူ ဝိုင်းဖွဲ့၍ သရဲခေါ်ကြရန် နှိုးဆော်သည်။ များသောအားဖြင့် လူရွှင်တော်ကဲ့သို့ တစ်တန်းလုံးကို ဟာဒရရွှင်ဆေး တိုက်ကျွေးတတ်သော ကျောင်းသားဟူသည် တစ်တန်းလုံး၏ အာရုံစိုက်ခြင်း၊ ဂရုပြုမိခြင်းကို အလိုလျောက်ရရှိထားသူဖြစ်သည်။ ထိုကျောင်းသားသည် ခင်မင်ရင်းနှီးသူပေါများပြီး အတန်း၏ mood maker ကဲ့သို့ဖြစ်နေသည်။
သို့ပါ၍ ထိုကျောင်းသားမှ အပျော်တမ်းသရဲခေါ်ဆိုရန် ပြောသောအခါ အတန်းသားအများစုက စိတ်ဝင်စား၍ သဘောတူကြလေသည်။
သရဲမခေါ်သော ကျောင်းသားဟူ၍ စာလုပ်နေသော စာဂျပိုးနှင့် သရဲကြောက်တတ်သူများသာကျန်သည်။
စာလုပ်နေသော စာဂျပိုးအုပ်စုတွင် အဆင့်တစ်ကျောင်းသားဖြစ်သော စိုင်းရှင်းယံမပါ။ ရှင်းယံသည် သရဲ ဟူသောအရာကို အလွန်အမင်းစိတ်ဝင်စားသူဖြစ်လေရာ သရဲခေါ်မည့်အရေးကို လုံးဝလက်လွတ်မခံနိုင်ပေ။
စာလုပ်နေသူမှာ ဖြိုးသတ္တိလှိုင်သာ ဖြစ်၏။
သရဲကြောက်၍ မပါဝင်သူမှာတော့ နက္ခတ်ညီဖြစ်သည်။နက္ခတ်ညီသည် သရဲခေါ်ရန် ဝိုင်းဖွဲ့ထိုင်နေကြသော အုပ်စု၏ ခပ်ဝေးဝေးတွင် ထိုင်နေသည်။ သရဲခေါ်သောအသံကို မကြားရစေရန် နားကြပ်တပ်၍ ရုပ်ရှင်ကြည့်နေသေးသည်။
နက္ခတ်၏အနောက်ခုံတွင် ဖြိုးက စာလုပ်နေသည်။
သရဲခေါ်ဆိုရန်အတွက် သရဲခေါ်ဆိုသောအုပ်စုသည် အခန်းအတွင်းရှိ လိုက်ကာများကိုပိတ်၍ မီးအလင်းရောင်များလျှော့ချလိုက်သည်။ တစ်ယောက်ထိုင် စားပွဲခုံများကို ဆက်,လိုက်၍ ထိုပေါ်တွင် Ouija board ကိုတင်သည်။
ရှင်းယံက Ouija board ၏ထိပ်ဆုံး၌နေ၏။ ခွန်စိုင်းက ရှင်းယံဘေးတွင်ရှိ၍ အတန်း၏ Mood maker ဖြစ်သော ကျောင်းသားက သရဲခေါ်ဆိုခြင်းကို ဦးဆောင်သည်။
ESTÁS LEYENDO
Loving Out Loud