Unicode
ကျွန်တော့်နာမည် လင်းသုခတ်၊ အသက်က ၁၇နှစ်။
ကျွန်တော်က အထက်တန်းပြီးဖို့ တစ်နှစ်လိုသေးတဲ့ ၁၁တန်းကျောင်းသားတစ်ယောက်ပါ။ကျွန်တော်က အရပ်အတော်အသင့်ရှည်တယ်။ ပိန်တယ်။
လက်ပြင်တော့ နည်းနည်းကုန်းတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ ပုံရိပ်ကို မထိခိုက်စေပါဘူး။ စောက်ချောကြီးဆိုတဲ့ ပုံရိပ်လေ....ကျွန်တော့်ကို တွေ့သမျှလူတိုင်းက ချောတယ်လို့တော့
မပြောကြပါဘူး။ ဒါပေမဲ့ကျွန်တော့်အဖွားကတော့ခဏခဏပြောတယ်ဗျ။ သူကတော့ "ငါ့မြေးလေးချောလိုက်တာ....မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ" တဲ့။
သူပြောသလိုတော့ ကျွန်တော့်ကို မိန်းကလေးတွေဝိုင်းဝိုင်းမလည်နေပါဘူး။ဒါပေမဲ့ ကျွန်တော်ချောတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ မျက်လုံးဝိုင်းဝိုင်းလေး၊ နှာတံချွန်ချွန်လေးနဲ့၊ နှုတ်ခမ်းထူထူလေး ရှိတာပဲကို။ ပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်က မိန်းကလေးတိုင်းလိုချင်တဲ့ ဘယ်လောက်စားစား မဝတဲ့ကိုယ်မျိုး။ ဒါက ယောက်ျားလေးတစ်ယောက်
အတွက်တော့ သိပ်မကောင်းဘူးဗျ။ ကျွန်တော့်မှာ ငါးဖောင်ရိုးခြောက်ကြီးကိုဖြစ်လို့။ကျွန်တော်က လက်ရှိမှာတော့ ဖေဖေရယ်၊ မေမေရယ်၊
ညီမလေးရယ်၊ ဖေဖေ့ရဲ့အမေ (ကျွန်တော့်အဖွား) ရယ်နဲ့
တူတူနေတယ်။ အဖေနဲ့အမေက ကုမ္ပဏီဝန်ထမ်းတွေပါ။
သူတို့လစာနဲ့ ကျွန်တော်တို့မိသားစု လောက်င,တဲ့အပြင်
ကျွန်တော်တို့ကို ပြည့်ပြည့်စုံစုံလည်း ထားနိုင်တယ်။ ကျွန်တော့်မိဘတွေက မချမ်းသာပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်ညီမလေးကိုတော့ လုံးဝမျက်နှာမငယ်ရဘဲ ကောင်းကောင်းမွန်မွန်နေနိုင်အောင် ထားတာပါ။ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အရမ်းချစ်တယ်။ ကျွန်တော်လိုချင်တာ၊ ဖြစ်ချင်တာမှန်သမျှ အကုန်
လုပ်ပေးတယ်။ မေမေကတော့ နည်းနည်း ပွါးတတ်တာပေါ့လေ။ တစ်နေကုန်တစ်နေခမ်း ပွစိပွစိ ထိုင်ပြောနေတတ်တာပေါ့။ အမေတိုင်းက အဲ့လိုမဟုတ်ဘူးလား....ဖေဖေကတော့ တစ်ခုခုဆို "မင်းအမေ အမြဲမှန်တယ်" လို့ ပြောလိုက်တာပဲ။ သားသမီးတွေသာ မေမေနဲ့ ခဏခဏရန်ဖြစ်ပေမဲ့ ဖေဖေကတော့ သူ့ရဲ့လက်စွဲဆောင်ပုဒ်ကြီးကြောင့် မေမေနဲ့ရန်ဖြစ်တာ တော်တော်ရှားတာပါ။
YOU ARE READING
Loving Out Loud