Book Kate sa

5.1K 192 14
                                        

Unicode

အားလုံးပဲ မင်္ဂလာပါ။

Mission impossible / Loving Out Loud စာဖတ်သူတွေနဲ့ မတွေ့တာ တော်တော်လေးကြာသွားပြီနော်။ အရမ်းကြာသွားတော့ မှတ်မိပါ့မလားတောင် စိုးရိမ်မိပါတယ်။

ဒီတစ်ခေါက်ပြန်ပေါ်လာရတဲ့အကြောင်းရင်းကတော့ ခေါင်းစဉ်အတိုင်းပဲ စာအုပ်ကိစ္စပါ။ ထုတ်မယ် ထုတ်မယ်ဆိုပြီး တော်တော်တောင်ကြာနေပြီမလား။ မျှော်နေတဲ့သူရော များများကျန်ရဲ့လား။

ကြာရတဲ့အကြောင်းရင်းကတော့ ကျွန်မတစ်ယောက်တည်း ပတ်ရှုပ်နေတာကြောင့်လို့ပြောရမယ်။

Mission impossible : mission to get crush ကိုစရေးတော့ စာအုပ်ထုတ်ဖို့အကြံအစည် လုံးဝမရှိခဲ့ပါဘူး။ နောက်ပိုင်း ဖတ်တဲ့သူများလာပြီး တောင်းဆိုမှုတွေရှိလာမှ စာအုပ်ထုတ်လိုက်ပါမယ်လေ ဆိုပြီးတွေးခဲ့ပါတယ်။
ဒါပေမဲ့ Mission Impossible ရဲ့ အရေးအသားတွေ၊ ဟာကွက်တွေကို စိတ်မလုံဖြစ်မိလို့ Loving Out Loud အမည်နဲ့ မူလဇာတ်လမ်းကိုပဲ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ (plot အနည်းငယ်ပြောင်းပြီး နဲ့ ဇာတ်ကောင်အသစ်တွေ ပါလာခဲ့တာကလွဲရင် မူရင်းကျောရိုးနဲ့အတူတူပါပဲ။)

အခုစာအုပ်ထုတ်မှာက Loving Out Loud ကိုထုတ်မှာဖြစ်ပါတယ်။

ဒီအတောအတွင်း ( လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်ကတည်းက) ဒီစာအုပ်ကို ကမ်းလှမ်းတဲ့ စာအုပ်တိုက်တွေအများကြီးနဲ့ ကြုံခဲ့ရပါတယ်။ Mission LOL က အများကြီးနာမည်မကြီးပေမဲ့ သဘောကျတဲ့သူတွေများလို့ ဝမ်းသာခဲ့ရပါတယ်။

အဲ့တုန်းက ကိုယ်က Social Media ကို author တစ်ယောက်အနေနဲ့မသုံးတော့ စာအုပ်တိုက်တွေကို တစ်တိုက်မှမသိခဲ့ပါဘူး။ အဲ့တာကြောင့် ကမ်းလှမ်းတဲ့အထဲ ကောင်းတဲ့စာအုပ်တိုက်တွေ ပါခဲ့ပေမဲ့ Trust issue ရှိတဲ့သူပီပီ ကြားဖူးနားဝရှိတဲ့ တိုက်တစ်တိုက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

အဲ့တုန်းက ၂၀၂၁ပါ။ နိုင်ငံရေးကြောင့် နောက်နှစ် ၆၊၇ လပိုင်းမှထုတ်ချင်တယ်လို့ ( နိုင်ငံရေးငြိမ်သက်လောက်မလားလို့ အထင်နဲ့) စာအုပ်တိုက်ကိုပြောခဲ့ပါတယ်။ သူတို့ကလည်း သဘောတူခဲ့ပါတယ်။

Loving Out LoudWhere stories live. Discover now