Unicode
တောင်!
တိတ်ဆိတ်နေသောစာသင်ခန်းအတွင်း ထွက်ပေါ်လာသော message သံသည် သာမန်ထက်ပို၍ကျယ်လောင်သွား၏။
သင်္ချာတစ်ပုဒ်ကို whiteboardပေါ်တွင်တွက်ချက်နေသော
ဆရာမသည် သူမ၏ရွှေရောင်မျက်မှန်ကိုင်းကိုပင့်တင်ရင်း မျက်နှာထားတင်းတင်းဖြင့်အနောက်သို့ လှည့်ကြည့်သည်။ အခန်းတွင်းရှိ ငြိမ်သက်နေသော ကျောင်းသားတို့သည်လည်း ဖုန်းအသံမှာမည်သူ့ဆီကဖြစ်ကြောင်း ဟိုကြည့်ဒီကြည့်ဖြင့် မသိမသာရှာဖွေကြသည်။လင်းသည် ကမန်းကတန်းဖြင့် လွယ်အိတ်၏အရှေ့ဆုံးအိတ်ထဲ၌ထည့်ထားသောဖုန်းကို လက်ဖြင့်စမ်းလိုက်၏။စာသင်ချိန်ကြီး ဘယ်သူကများ လင်းကို messageပို့ပါလိမ့်။
" ငါစာသင်နေတုန်း ဖုန်းအသံတွေပိတ်ထားနော်"
ဆရာမသည် အသံကျယ်ကျယ်ဖြင့်မာတင်းစွာပြောကာ အရှေ့သို့ပြန်လှည့်သွားသည်။ ထိုအခါမှ လင်းသည်
လွယ်အိတ်ထဲရှိဖုန်းကို ခိုးကြောင်ခိုးဝှက်ဖြင့်နှိုက်လိုက်သည်။ အံဆွဲအောက်ထဲဖုန်းကိုထည့်ကာ ဦးစွာဖုန်းအသံကိုပိတ်လိုက်သည်။ ထို့နောက် ရောက်ရှိနေသော
message ကိုဖတ်လိုက်သည်။ကိုကို ဟုမှတ်ထားသောနံပါတ်လေးတစ်ခုမှ ပို့ထားသော
#အခုကျောင်းကိုလာနေတာ။ လှည်းတန်းရောက်နေပြီ။
ဘာစားချင်လဲ။လှည်းတန်းကနေ ဝယ်လာခဲ့မယ်#ဟူသော စာတစ်စောင်ဖြစ်ပါသည်။
လင်း၏လက်မနှစ်ချောင်းတို့ ဖုန်းမျက်နှာပြင်ပေါ်ပြေးလွှားလိုက်သည်။
#bubble teaနဲ့ လှည်းတန်းက ကျွန်တော်ကြိုက်တဲ့ပေါင်မုန့်ဆိုင်သိတယ်မလား။ အဲ့ကနေ အမဲသားညှပ်ထားတဲ့ပေါင်မုန့်ဝယ်ခဲ့ပါ။ စားချင်နေတာနဲ့ အတော်ပဲ#
"လင်း"
ဘေးနားရှိသုတသည် လင်း၏လက်မောင်းကို တို့လိုက်သည်။ အသိပေးသည့်အမူအရာမှန်းသိသည်မို့ လင်းသည် ချက်ချင်းပင် ဖုန်းကိုလွယ်အိတ်ထဲပစ်ထည့်ကာ
စာအုပ်ကိုစူးစိုက်ကြည့်သလို ပြုလိုက်သည်။
YOU ARE READING
Loving Out Loud