Ep - 17

10K 993 22
                                        

Unicode

ရှင်းယံ၏လက်ချောင်းများသည် လင်း၏အရှေ့ဆံပင်ကို
ပိုးမျှင်များအားထိကိုင်နေသည့်အလား နူးနူးညံ့ညံ့ထိတွေ့ပြီး နဖူးပေါ်သို့သပ်တင်လိုက်သည်။

လင်း အသက်မရှူမိ။ မျက်တောင်မခတ်မိ။ တုပ်တုပ်မှမလှုပ်မိ။ သူနှင့်ရှင်းယံတို့ အလွန်တရာနီးကပ်နေသည်။ ဒီထက်ပိုပြီးနီးကပ်လာအောင်လည်း ရှင်းယံရှေ့ပိုသို့တိုးလာသည်။

ရှင်းယံ​၏ဖျော့မှိန်သောကိုယ်သင်းရနံ့မှာလှိုက်ခနဲ....

ပတ်ဝန်းကျင်တိတ်ဆိတ်နေသည်။ နာရီလက်တံတို့​၏
တစ်ချက်ချက်မြည်သံကို ကြားရသည်။ Air con လေက အေးစိမ့်နေသည်။

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေမှုက လင်း​၏နှလုံးခုန်သံကို ပိုမိုကျယ်လောင်စေသည်။

ရှင်းယံက လင်း၏မျက်ဝန်းများကို အတန်ကြာသည်အထိငေးကြည့်နေ​၏။ထို့နောက် သူ့၏နှုတ်ခမ်းနှစ်လွှာ ပွင့်ဟသွားသည်။

" မင်းရဲ့မျက်လုံးတွေက အညိုရောင်ပဲ ...."

ရှင်းယံက တစ်ခွန်းတည်းဆိုပြီး အနားမှခွာသွားသည်။
ထိုအခါမှ လင်း အသက်ရှူမိသည်။

" ဟုတ်တယ်...ကျွန်တော့်မျက်လုံးတွေက အနက်ရောင်
အစစ်ကြီးမဟုတ်ဘူး....ညိုတယ်"

" အညိုရောင်မျက်ဝန်းတွေကလှတယ်"

ရှင်းယံ ပြုံး၍ပြောပြီးနောက် အအေးခွက်ကိုမ,ယူပြီးသောက်နေသည်။ လင်းအသက်မပါစွာပြုံးလိုက်ပြီး
ခုထိခုန်နေဆဲဖြစ်သောရင်ကို တည်ငြိမ်အောင်ကြိုးစားနေသည်။

ရှင်းယံအနားကပ်လာတော့ သူဘာကိုမျှော်လင့်နေခဲ့တာလဲ...
အနမ်းတစ်ခုလား.....

ဒါဟာ ရုပ်ရှင်လည်းမဟုတ်။ နှစ်ယောက်သားက အပြန်အလှန်ကြိုက်နေခြင်းလည်းမဟုတ်။ တော်တော်ရူးနှမ်းတဲ့အတွေးတစ်ခုပဲ။

လင်း ကိုယ့်အတွေးနှင့်ကိုယ် ရှက်ရမ်းရမ်းရင်း စားပွဲပေါ်ရှိစာအုပ်များကို ကောက်ယူဖွင့်ကြည့်နေလိုက်သည်။

*********************************

နေမှာကျစ်ကျစ်တောက်ပူနေသော်လည်း ကတ္တရာလမ်းပေါ်ရှိကောင်လေးအုပ်စုမှာ တိမ်ဖုံး၍ လ,သာနေသည်ဟု ထင်မှတ်နေပုံပင်။ ခုနစ်ယောက်ရှိသောထိုအုပ်စုက ရှိန်းရှိန်းတောက်လျှံငြီးနေသော နေအလင်းရောင်အောက်၌
ချွေးတလုံးလုံးဖြင့် ပြေးလွှားနေကြသည်။ သူတို့​၏ခြေထောက်ကြားထဲတွင် ဘောလုံးလေးမှာ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နှင့်။

Loving Out LoudWhere stories live. Discover now