Ep - 19

7K 854 18
                                        

Unicode

"မင်းလိုက်ပို့ရင် မင်း တကူးတကဖြစ်နေပါဦးမယ်...
အဲ့တာကြောင့် ငါပဲလိုက်ပို့လိုက်ပါ့မယ်...."

" ငါ့အိမ်က ခတ်ရဲ့အိမ်နဲ့ နီးနီးလေး...မင်းကပိုပြီး
တကူးတကဖြစ်မှာ မဟုတ်ဘူးလား...."

လင်း၏လက်ကို ရှင်းယံ ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ လင်း ရှင်းယံကို မော့ကြည့်လိုက်သည်။
ရှင်းယံ၏မျက်ဝန်းများဒီလောက် တည်နေသည်ကို
တစ်ခါမှ မမြင်ဖူး.....

" ငါနဲ့လင်းနဲ့က အိမ်တန်းပြန်မှာမဟုတ်ဘူး...သွားစရာနေရာတစ်ခုရှိသေးတယ်...ဟုတ်တယ်မလား...လင်း..."

" ဗျာ..."

နက္ခတ်​၏စကားကိုသေချာမကြားလိုက်သဖြင့် လင်းပြန်မေးလိုက်သော်လည်း နက္ခတ်က ရှင်းယံအား ပြုံး၍မျက်ခုံးပင့်ပြလိုက်သည်။

" တွေ့လား..."

နက္ခတ်​၏ရွဲ့သလိုလို အပြောအောက်တွင် လင်း၏ လက်ကို ဆုပ်ကိုင်ထားသော ရှင်းယံ၏လက် အားလျော့သွားသည်။ ရှင်းယံ၏မျက်ဝန်းများ အတန်ငယ်မှုန်ဆိုင်းသွားပြီး အားပြင်းမှုများလျော့နည်းသွားလေသည်။ ရှင်းယံသည် အတွေးတစ်ခုထဲနစ်မျောသွားသလို တွေဝေသွားပြီး လင်း၏လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။
လိုချင်တာရသောကလေးတစ်ယောက်ကဲ့သို့ နက္ခတ်မထီမဲ့မြင်ပြုံးလိုက်လျက် လင်း၏ပခုံးကို ဆွဲဖက်လိုက်သည်။

" ဒါဆို...သွားတော့မယ်နော်...တာ့တာ....အားလုံး...."

နက္ခတ်သည် လင်း၏ပခုံးကိုတင်းကျပ်စွာဖက်ထား၍
သူသွားရာဘက်သို့ ဆွဲခေါ်သွားသည်။ လင်း ရှင်းယံကို သံယောဇဉ်မပြတ်နိုင်စွာ လှည့်ကြည့်မိသည်။

ရှင်းယံက လင်းတို့ကိုမကြည့်နေ။ အခြားတစ်နေရာကိုသာ
ခံစားချက်မဲ့စွာ လှမ်းကြည့်နေသည်။ ရှင်းယံ နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။ ရှင်းယံ၏မျက်နှာမှာ တင်းမာနေပါသည်....

စိတ်ဆိုးသွားတာလား...
ဘာလုပ်ရမလဲ....
ရှင်းယံဆီ ပြေးသွားရမလား....
ကောင်းပါ့မလား....
အခုက ဘာမဟုတ်တဲ့ကိစ္စလေးပဲ......
ဒါပေမဲ့ စိုင်းရှင်းယံ......

Loving Out LoudWo Geschichten leben. Entdecke jetzt