Ep - 45

5.7K 617 44
                                    

Unicode

" အဲ့တော့ နင်က funfair နေ့ထိ စောင့်မယ်ပေါ့"

"အင်း..."

တိကျပြတ်သားသော လင်း၏အသံတွင် နိုးနိုး လေပူတစ်ချက် မှုတ်ထုတ်မိလိုက်သည်။ ညာဘက်လက်တွင်ကိုင်ထားသော ဖုန်းကို ဘယ်ဘက်လက်သို့ပြောင်းကိုင်လိုက်ပြီး ဖွင့်မပြောပေမယ့် ခံစားနေရမှန်းသိသာသော သူငယ်ချင်း၏အသံကို ဆက်လက်နားစွင့်နေသည်။

" တစ်လကျော်တောင် လိုသေးတယ်...."

" တစ်လကျော်ဆိုတာ မျက်စိတစ်မှိတ်အတွင်းကုန်သွားမှာပါဟာ..."

" နင် အဆင်ပြေတယ်မလား...လင်း..."

" မပြေလည်း ပြေရမှာပဲကို...ရှင်းယံက ဖုန်းလည်းမသုံးတော့ဘူး...ကျောင်းလည်း တက်တော့မှာမဟုတ်ဘူး...အဲ့တော့ Funfair နေ့ရောက်မှ မျက်နှာချင်းဆိုင်တွေ့လို့ရတော့မှာလေ...ပြီးတော့ ငါအလျင်မလိုပါဘူးဟာ....အေးဆေးပေါ့....အချိန်တစ်ခုထိ စိတ်ရှည်လက်ရှည်စောင့်ပြီးရင် အားလုံးအဆင်ပြေသွားမှာ....."

" လင်းရယ်.....ငါတို့ရဲ့ ဒီစာသင်နှစ်တစ်နှစ်လုံး...
စိုင်းရှင်းယံကို စောင့်နေခဲ့တာပဲ"

" ဒီလိုပဲ...လူတွေကချစ်မိသွားရင် စောင့်ဆိုင်းကြတယ်ထင်ပါရဲ့...အရင်ခေတ်တုန်းကလူတွေလို သုံးနှစ်သုံးမိုး စောင့်ခိုင်းတာထက်စာရင် တော်သေးတာပေါ့.... "

အက်ကွဲသောရယ်သံအချို့က ရင်ထဲကလား၊ ဟန်ဆောင်တာလား တော့ နိုးနိုးမသိ။ လင်းက ဘယ်အရာမဆို အကောင်းဘက်က လှည့်မြင်တတ်တာမို့ လင်းအဆင်မပြေဖြစ်မှာတော့ သိပ်စိုးရိမ်စရာမလိုပါ။

" နင်ပြောသလိုပဲ....အချိန်တစ်ခုထိစောင့်ဆိုင်းရမှာပေါ့...."

" ကျေးဇူးပဲ နိုးနိုး....နင်မရှိရင် ငါ ဒီအခြေအနေထိရောက်လာမှာတောင်မဟုတ်ဘူး....နောက်မို့ဆို ကျောင်းပြီးတဲ့အထိ စိုင်းရှင်းယံကိုဒီတိုင်းငေးကြည့်ရင်းနဲ့ လုံးဝ တိတ်တခိုးပဲဖြစ်နေခဲ့မှာ.. "

" ရပါတယ်ဟာ"

" ငါ ဖုန်းချလိုက်တော့မယ်နော်...."

" အင်း အင်း...bye...."

ဖုန်းကျသွားသည်။ ဖုန်း၏ အနက်ရောင်မျက်နှာပြင်ပေါ်
နိုးနိုး ခပ်ဆွေးဆွေးစိုက်ကြည့်ရင်း...

Loving Out LoudWhere stories live. Discover now