Unicode
ကျောင်း၏ပန်းခြံလမ်းတွင် လမ်းလျှောက်သွားနေသော လင်းကိုမြင်သောအခါ ရှင်းယံမျက်ဝန်းများတောက်ပသွားသည်။ သူ ခပ်ရေးရေးပြုံးလိုက်ပြီး လင်းကိုလှမ်းခေါ်သည်။
"ခတ်..."
ခေါ်သံကြောင့် လင်းလှည့်ကြည့်လာသည်။
" ကိုကြီးရှင်းယံ..."
ရှင်းယံအနားသို့ လင်း, တက်တက်ကြွကြွပြေးသွားသည်။
"ကျွန်တော် ကိုကြီးကိုလိုက်ရှာနေတာ..."
" အစ်ကိုလည်း ခတ်ကိုရှာနေတာ...အစ်ကို ထမင်းစားဆင်းချိန် အလုပ်ရှိတာနဲ့ ခတ်ကိုစာသင်ပေးဖို့ မနက်ပိုင်းအချိန်ရွှေ့လိုက်တာ အဆင်ပြေတယ်မလား"
" ပြေပါတယ်...ကျွန်တော်က ဘာအလုပ်ရှိတာမှတ်လို့..."
ရှင်းယံကိုမော့ကြည့်ရင်း လင်း ဟီးခနဲရယ်ပြသည်။
"ကျွန်တော်တို့ အခုစာကြည့်တိုက်သွားကြမယ်မလား..."
"အင်း...သွားမယ်လေ..."
ထိုအခိုက်တွင် သူတို့အနားသို့ နက္ခတ်ညီ အမောတကြီးပြေး၍ရောက်ရှိလာသည်။ နက္ခတ်မှာ မောဟိုက်သံဖြင့်အသက်ရှူနှုန်းများ မြန်ဆန်နေ၏။ သူက ဟောဟောဟဲဟဲဖြင့်အသက်ရှူရင်း
" လင်း...ငါမင်းကိုလိုက်ရှာနေတာ အခုမှပဲတွေ့တော့တယ်..."
ဟုဆိုသည်။
"ဗျာ..."
လင်း နက္ခတ်ကို မျက်လုံးပြူးကြည့်သည်။ နက္ခတ်သည် လင်း၏လက်တစ်ဖက်ကို ဆတ်ခနဲဆွဲကိုင်လိုက်သည်။
" သွားရအောင်...ဟိုမှာ မင်းကိုစောင့်နေကြပြီ..."
နက္ခတ်မှ အားဖြင့်ဆွဲလိုက်သောကြောင့် နက္ခတ်အနောက်သို့ လင်းပါ,သွားသည်။ ရှင်းယံသည် လင်း၏ကျန်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်၏။
" ဘယ်သွားမလို့လဲ..."
" ဘောလုံးကန်မလို့ လင်းကိုလာခေါ်တာ..."
ရှင်းယံကိုလှည့်ကြည့်ပြီး နက္ခတ်ပြောသည်။ ရှင်းယံ၏ဖြောင့်စင်းသောမျက်ခုံးများ တွန့်ချိုးသွားသည်။
YOU ARE READING
Loving Out Loud