Unicode
လင်း : ငါ တွဲဖို့ပြောလိုက်တယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာတော့ ငါမသိဘူး။ အခု နက္ခတ်ကအနုပညာလုပ်တော့မှာဆိုတော့ သူနာမည်ဆိုးမထွက်အောင် ငါတို့တွဲတာကို သူငယ်ချင်းတွေလောက်ပဲ အသိပေးဖို့လုပ်ထားတယ်။ ငါတို့တွဲတာကို
လူမသိအောင် လျို့ဝှက်ထားမယ် ဆိုပါတော့။ ဘာပဲဖြစ်ဖြစ်
ငါတို့တွဲတာကို နင်တို့လောက်ပဲသိရင် လုံလောက်ပါပြီ။
ငါ သူ့ကိုချစ်တော့ မချစ်သေးဘူးပေါ့ဟာ။ ချစ်လာမယ်
လို့တော့ မျှော်လင့်တာပဲ။ ငါ့ဆုံးဖြတ်ချက်မှန်ရဲ့လား
ဆိုတာတော့ ငါမသိဘူး။ ငါ့စိတ်တွေက ဒွိဟဖြစ်နေတယ်။
အဆုံးသတ်မှာတော့ အရာအားလုံး အဆင်ပြေသွားမှာပါ။
ဒီလိုပဲ တွေးထားရမှာပဲလေ။********************************
" Babe...လွမ်းတယ်"
ချိုသာသောအသံက ဖုန်းထဲမှထွက်လာကာ လင်း၏နားထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ရည်းစားဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပေမယ့် လင်းရဲ့စိတ်ဟာ ခုထက်ထိမသေချာသေးပါ။
အခုလို နက္ခတ်နဲ့ဖုန်းပြောနေရင်းပင် လင်းရဲ့စိတ်တွေဟာ
ပျံ့လွင့်သွားတတ်ကာ မေ့ရန်ကြိုးစားနေသောရှင်းယံကို
သတိရသွားမိပြန်သည်။ ထိုသို့သတိရမိလျှင် ချက်ချင်းပဲ
မေ့ပစ်လိုက်ကာ နက္ခတ်ဆီကိုသာ စိတ်နှစ်ပစ်လိုက်သည်။အကောင်အထည်မရှိသောကြောင့် ဖမ်းချုပ်မရသော
စိတ်ဆိုတဲ့ နာမ်တရားကို လင်း မုန်းသည်။ စိတ်ဟာ
နွားရိုင်းတစ်ကောင်ဆိုရင်တောင် ထွက်ပြေးလို့မရစေရန် ကြိုးနဲ့ချည်နှောင်ထားလို့ရဦးမည်။ ခုတော့ ဘယ်အချိန်
ပြေးထွက်သွားမှန်းမသိသော နာမ်တရားကို မုန်းသည်။" ကိုကြီးရဲ့ ရှုတင်က ဘယ်တော့စမှာလဲ"
" ကိုယ်က ထရိန်နင်ဆင်းရဦးမယ်....ရိုက်မယ့်ဒါရိုက်တာက
အရမ်းသဘောကောင်းတယ်...စိတ်လည်းရှည်တယ်...
ကိုယ်တို့ကို သေချာသင်ပြတယ်...အထူးသဖြင့်ကိုယ်က
အဖွားရဲ့ အရှိန်အဝါနည်းနည်းကျန်တော့...ကိုယ့်ပေါ်
အရမ်းကောင်းကြတယ်..."
YOU ARE READING
Loving Out Loud