Ep - 32

4.8K 619 23
                                    

Unicode

​စူးရှသောနေရောင်ခြည်သည် ဖြူလွသောသဲသောင်ပြင်ပေါ်သို့ နွေးထွေးစွာ ဖြာကျနေသည်။ ကောင်းကင်ပြာအောက်မှ ပင်လယ်ပြာသည် ညင်သာသောလှိုင်းလုံးများနှင့် ကမ်းစပ်ကို အသာအယာရိုက်ပုတ်နေသည်။
သဲသောင်ပြင်ပေါ်တွင်တော့ ပျိုမြစ်တက်ကြွသောလူငယ်တစ်စုက ရယ်မောရင်း ပျော်ရွှင်နေကြသည်။

လူငယ်များအနက် ယောက်ျားလေးများက သဲသောင်တွင် ပြေးလွှားနေပြီး သူတို့​၏ခြေထောက်ကြားတွင် ဘောလုံးလေးတစ်လုံး ဟိုဟိုဒီဒီပြေးနေသည်။

ဘောလုံးသည် နက္ခတ်၏ခြေကြားထဲမှ မထွက်။
ဖြိုးက အတင်းဝင်လုသော်လည်း ဘောလုံးကစားရာတွင်
ပါးနပ်သော နက္ခတ်ကို မနိုင်ပဲရှိချေသည်။
နက္ခတ်က ဘောလုံးကို ဂိုးပေါက်ရှေ့သို့ တစ်ယောက်တည်း ဆွဲသွားသည်။ ဂိုးဖမ်းသမား လင်းသုခတ်သည် ခြေကားယား လက်ကားယားနှင့် ပစ်ဝင်လာသော ဘောလုံးကို ဖမ်းရန် အသင့်စောင့်နေ၏။ သို့သော် နက္ခတ်ကန်လိုက်သောအခါ ဘောလုံးက လင်းကိုကျော်၍ ဂိုးပေါက်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။

" ငါးဂိုး မြောက်ဖြစ်ပါတယ်ရှင်...."

ကျူးရင့်က ထကြေညာပေးသည်။
နက္ခတ်သည် ခွန်စိုင်းနှင့်လည်းကောင်း၊ သုတနှင့်လည်းကောင်း လက်ဝါးချင်း ရိုက်လိုက်ကြသည်။
တစ်ဖက်အသင်းမှ လင်း၊ ဖြိုးနှင့် ဗညားတို့ မျက်နှာ
ရှုံ့မဲ့သွားသည်။

" ကိုကြီးနက္ခတ်က ကျောင်းမှာ အတော်ဆုံးဘောလုံးသမားလေ...ကျွန်တော်တို့ ဘယ်လိုနိုင်မှာလဲ...."

ဗညားက ညည်းတွားပြောဆိုသည်။

ဘောလုံးမကန်ဘဲ ထိုင်နေကြသော မိန်းကလေး,လေးယောက်နှင့်် စိုင်းရှင်းယံကတော့ နိုင်သွားသောအဖွဲ့အတွက်
လက်ခုပ်တီးပေးနေကြသည်။

" ဒါတော့ မတတ်နိုင်ဘူး...ညေးတို့....ညေးတို့က
ကိုကြီးကျွမ်းကျင်ရာ အပိုင်းကိုဝင်လာတာကို...."

နက္ခတ်က ဂုဏ်ယူဝင့်ကြွားသော ပြီတီတီမျက်နှာနှင့် ရယ်မောပြောဆို​၏။

ထိုအချိန်တွင် ရှင်းယံသည် သူ့လက်မှနာရီကို ငုံ့ကြည့်လိုက်၍

Loving Out LoudWhere stories live. Discover now