Ep - 5

9.5K 1K 26
                                        

Unicode

" ငါတော့ ဒီတိုင်း မနေနိုင်ဘူး"

ထမင်းစားနေတုန်း အရင်းမရှိ၊ အဖျားမရှိ ထ,ပြောသော
နိုးနိုးစကားကြောင့် အားလုံး သူ့ကိုလှည့်ကြည့်လိုက်ကြသည်။ နိုးနိုးသည် တင်းမာသောမျက်နှာထားနှင့် အံကြိတ်နေပြီး လက်ထဲက ဇွန်းကို လင်းဘက်သို့ ထိုးလိုက်သည်။

" နင် ..."

လင်းကို မျက်လုံးကြီးပြူးပြီးပြောနေသောကြောင့် လင်းလည်း နိုးနိုးကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေမိသည်။

" အဲ့လိုပဲ ငေးကြည့်နေတော့မှာလား...."

" ဘာကိုလဲ..."

" စိုင်းရှင်းယံကိုလေ..."

" အဲ့လို မလုပ်လို့ ငါက ဘာလုပ်ရမှာလဲ"

" နည်းနည်းပါးပါး ကြိုးစားသင့်တာပေါ့"

"ဟိုက ငါ့တောင်သိတာမဟုတ်ဘူး"

" မသိရင် သိအောင် လုပ်သင့်တာပေါ့"

"ဘယ်လိုသိအောင်လုပ်ရမှာလဲ..."

" နည်းလမ်းတစ်ခုခုတော့ရှိမှာပဲလေ..."

နိုးနိုးနဲ့ လင်း အချီအချပြောနေသည်ကို ကျန်သူများက
ဟိုဘက်ကြည့်လိုက်၊ဒီဘက်ပြန်ကြည့်လိုက်နှင့် ပွဲကြည့်ပရိသတ်များ လုပ်နေကြသည်။

"မဖြစ်နိုင်ပါဘူးဟာ..."

" ဘာလို့မဖြစ်နိုင်ဘူးလို့ စွတ်ပြောနေရတာလဲ..."

" ဒါဆို နင်ပြောကြည့်...ငါက သူ့လိုပြီးပြည့်စုံတဲ့လူကို ဘယ်လိုနည်းနဲ့ သွားကြိုးစားကြည့်ရမှာလဲ"

" နည်းလမ်းကတော့ စဉ်းစားကြည့်ရမှာပေါ့..."

" လုံးဝမဖြစ်နိုင်တာ သေချာတယ်"

"ငါမေးတာ အမှန်တိုင်းဖြေ...လင်း..."

နိုးနိုးက လေသံကို အတန်ငယ်နူးညံ့လိုက်သည်။

" နင် စိုင်းရှင်းယံကို တကယ်သဘောကျတယ်မလား..."

" အင်း...သဘောကျတယ်"

လင်း မဆိုင်းမတွပင် ပြန်ဖြေ​၏။

" ဒါဆို...နင် ကြိုးစားကြည့်သင့်တယ်လို့ ငါထင်တယ် "

Loving Out LoudWhere stories live. Discover now