Unicode
နက္ခတ်ချိန်းဆိုထားသော ကော်ဖီဆိုင်ငယ်ရှေ့သို့ လင်း,ရောက်ရှိခဲ့သည်။ သို့သော် လင်း,မထင်မှတ်ထားသည့်အရာမှာ နိုးနိုးပါ ထိုဆိုင်ရှေ့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးရင်း တိုက်ဆိုင်မှုကို တအံ့တသြဖြစ်မိကြ၏။
" နင် ဒီကိုဘာလာလုပ်တာလဲ..."
နိုးနိုး၏အမေး ဖြစ်သည်။
" ငါ နက္ခတ်နဲ့ချိန်းထားလို့လာတာ...နင်ကရော.."
" ငါ့ကို မမကျူးရင့်က လှမ်းခေါ်လို့....ပြောစရာရှိလို့ဆိုတာနဲ့ ငါလည်းလာတာ...."
ဒါဟာ ရိုးရိုးတန်းတန်း တိုက်ဆိုင်မှုတော့မဖြစ်နိုင်ကြောင်း နှစ်ယောက်စလုံး တွေးတောမိကြသည်။
" တစ်ခုခုတော့ တစ်ခုခုပဲ..."
နိုးနိုးမှ ကောက်ချက်ချကာ နှစ်ယောက်အတူတူ ဆိုင်ထဲသို့
ဝင်သွားကြသည်။ ထင်သည့်အတိုင်းပင် ဆိုင်ထဲတွင်
ကျူးရင့်နှင့် နက္ခတ်မှာ အတူတူထိုင်နေကြသည်။" လင်းနဲ့နိုးနိုး...လာ ဒီကိုလာ..."
ဆိုင်ထဲဝင်လာသော လင်းနှင့်နိုးနိုးကိုမြင်သည်နှင့်
ကျူးရင့်က လှမ်းခေါ်သည်။ နိုးနိုးက ကျူးရင့်နှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်၍ လင်းက နက္ခတ်ရှေ့တွင် ထိုင်သည်။နက္ခတ်သည် လင်းကိုမကြည့်ဘဲ မျက်လုံးချင်းမဆုံမိအောင် ရှောင်လွှဲနေသည်။
" မမက ပြောစရာရှိလို့ဆို...နိုးကိုရော..လင်းကိုရော
နှစ်ယောက်လုံးကိုပြောရမယ့် စကားများလား..."နိုးနိုးမေးသောအခါ ကျူးရင့်ကပြုံး၍....
" အေးဆေးပေါ့ကွယ်...စားရင်းသောက်ရင်း ဖြည်းဖြည်းချင်း ပြောကြတာပေါ့..."
ဟုဆိုလေသည်။ ထိုအခိုက်၌ စားပွဲထိုးရောက်လာသောကြောင့် နိုးနိုးက chocolate တစ်ခွက်မှာသည်။
လင်းကတော့ "ဘာမှမသောက်တော့ဘူး" ဟုသာဆို၏။" နှစ်ယောက်လုံးကို ခေါ်လိုက်တာက အကြောင်းစုံကိုရှင်းပြချင်လို့ပါ....မင်းတို့မသိအောင် မမတို့ဖုံးကွယ်ထားတဲ့
ကိစ္စတွေက သိပ်များနေတယ်....အခုတော့ အဲ့တာတွေ
အားလုံးကို ပြောပြဖို့အချိန်တန်ပြီလို့ထင်တယ်...."
YOU ARE READING
Loving Out Loud